









ကျိုက်ထိုမြို့နယ်အတွင်း အခြေပြုလှုပ်ရှားသည့် KNUအကြမ်းဖက်အဖွဲ့ တပ်မဟာ(၁) ရင်း(၃) ငပွေး/ပဒက်စခန်းကို ယနေ့ နိုဝင်ဘာ ၅ ရက်နေ့မှာ တပ်မတော်စစ်ကြောင်းက သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။
တပ်မတော်စစ်ကြောင်းများအနေဖြင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး၊ အကြမ်းဖက်လှုပ်ရှားမှု ပပျောက်ရေး အလေးထား ဆောင်ရွက်လျက်ရှိပြီး ယမန်နေ့ကလည်း ဖာပွန်မြို့နယ်အတွင်း KNU အကြမ်းဖက်စခန်းကို ဗုံးကြဲရှင်းလင်းမှုများ လုပ်ဆောင်ခဲ့သည်။
အကြမ်းဖက်လှုပ်ရှားမှု ရှိရာဒေသများတွင် တပ်မတော်သားများက အကြမ်းဖက်နှိမ်နင်းရေးလုပ်ငန်းများ ထိထိရောက်ရောက် အောင်မြင်စွာလုပ်ဆောင်လျက်ရှိသည်ကို တွေ့မြင်လာရသည်။
#News #Myanmar