Myanmar Transparency News

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေးကျင်းပခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးအဖြစ် ဗိုလ်မှူးကြီးကျော်ကျော်ဦးအား အစားထိုးပြောင်းလဲခန့်အပ်

၆.၁၁.၂၀၂၆
Written by NYL 

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေးကျင်းပခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးအဖြစ် ဗိုလ်မှူးကြီးကျော်ကျော်ဦးအား အစားထိုးပြောင်းလဲခန့်အပ်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၆ ရက်၊ နံနက် ၁၀ နာရီတွင် ကျင်းပသည့်ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၂၆)တွင် ယခင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်အစား ကြည်း ၃၂၇၆၃ ဗိုလ်မှူးကြီး ကျော်ကျော်ဦးကို အစားထိုးပြောင်းလဲခန့်အပ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေးတွင် လွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်က လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးအဖြစ် အစားထိုးပြောင်းလဲခန့်အပ် တာဝန်ပေးနိုင်ရေးအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံမှ ပေးပို့လာသည့် တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်၏ အမည်စာရင်းကို လွှတ်တော်သို့ တင်သွင်းခဲ့သည်။

ထို့နောက် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးအဖြစ် ပြောင်းလဲခန့်အပ်ခံရသည့် ဗိုလ်မှူးကြီး ကျော်ကျော်ဦးသည် လွှတ်တော်ဥက္ကဋ္ဌရှေ့မှောက်တွင် ကတိသစ္စာပြုပြီး လက်မှတ်ရေးထိုးခဲ့သည်။

မူရင်းသတင်း — Myanmar Transparency News