Xinhua Myanmar

ဒီမိုကရက်တစ်အနိုင်ပိုင်းခဲ့သည့် “အပြာရောင်လှိုင်း” ပြီးနောက် ထရမ့်၏ အကျပ်အတည်း

အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိ လွှတ်တော်အဆောက်အဦအား ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက်၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သက်တမ်းဝက်ရွေးကောက်ပွဲကို နိုဝင်ဘာ ၃ ရက်တွင် ကျင်းပခဲ့သည်။ အမေရိကန် မီဒီယာများ၏ ခန့်မှန်းချက်များအတိုင်း ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပါတီက ရီပက်ဘလစ်ကန်ပါတီကို အနိုင်ရရှိပြီး လွှတ်တော်များဖြစ်ကြသည့် အထက်လွှတ်တော်နှင့် အောက်လွှတ်တော် ထိန်းချုပ်ခွင့်ကို ပြန်လည်ရရှိခဲ့သည်။

ထရမ့်အစိုးရက စတင်လုပ်ဆောင်လိုက်သည့် "စည်းကြပ်ခွန်စစ်ပွဲ"နှင့် အီရန်အပေါ် စစ်ရေးလှုပ်ရှားမှုများကြောင့် အမေရိကန်ပြည်တွင်းရှိ ကုန်စျေးနှုန်းများနှင့် စားဝတ်နေရေး စရိတ်စကများကို မြင့်တက်စေပြီး မဲဆန္ဒရှင်များအကြား မကျေနပ်မှုများ ဖြစ်ပေါ်စေခဲ့ခြင်းသည် ရီပက်ဘလစ်ကန်ပါတီ ရွေးကောက်ပွဲတွင် အကြီးအကျယ် ရှုံးနိမ့်ရခြင်း၏ အဓိကအကြောင်းရင်း ဖြစ်သည်ဟု သုံးသပ်သူများက ယူဆကြသည်။

ဒီမိုကရက်တစ်ပါတီက လွှတ်တော်နှစ်ရပ်ကို ထိန်းချုပ်လာခြင်းနှင့်အမျှ ထရမ့်အစိုးရ၏ နောက်ဆက်တွဲ စီမံအုပ်ချုပ်ရေး ဆောင်ရွက်မှုများသည် ပိုမိုကြီးမားသည့် အတားအဆီးများနှင့် ရင်ဆိုင်ရမည်ဟု ယူဆကြသည်။

ဒီမိုကရက်တစ်ပါတီ အနိုင်ပိုင်းခဲ့သော ပြင်းထန်သည့် “အပြာရောင်လှိုင်း”

အမေရိကန်အရှေ့ပိုင်းစံတော်ချိန် နိုဝင်ဘာလ ၃ ရက် ညနေ ၆ နာရီမှစ၍ အမေရိကန်နိုင်ငံတစ်ဝန်းတွင် မဲပေးခြင်းများ တစ်စတစ်စ ပြီးဆုံးခဲ့သည်။ နာရီအနည်းငယ်အကြာတွင် လူထုသဘောထား ယခင်က ကြိုတင်ခန့်မှန်းခဲ့သည့် "အပြာရောင်လှိုင်း" (အပြာရောင်နှင့် အနီရောင်တို့သည် ဒီမိုကရက်တစ်ပါတီနှင့် ရီပက်ဘလစ်ကန်ပါတီတို့၏ အမှတ်လက္ခဏာအရောင်များ ဖြစ်ကြသည်) သည် တဖြည်းဖြည်း ပေါ်ပေါက်လာပြီး ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်လောင်းများသည် နေရာအနှံ့တွင် ရွေးကောက်ပွဲများကို ဆက်တိုက် အနိုင်ရရှိခဲ့သည်။

သန်းခေါင်ယံအချိန်အထိ ပင်မမီဒီယာကြီး အများအပြားက ဒီမိုကရက်တစ်ပါတီသည် အထက်လွှတ်တော်နှင့် အောက်လွှတ်တော်နှစ်ရပ်လုံးကို ထိန်းချုပ်ခွင့်ကို ရရှိသွားမည်ဟု ခန့်မှန်းကြသည်။

အောက်လွှတ်တော်တွင် ယခုအကြိမ်ရွေးကောက်ပွဲ၌ နေရာစုစုပေါင်း ၄၃၅ နေရာလုံးကို ပြန်လည်ရွေးချယ်ခဲ့ရာ ဒီမိုကရက်တစ်ပါတီသည် ၃ နေရာ ထပ်တိုးလာပါက "လွှတ်တော်ထိန်းချုပ်မှု" အတွက် လိုအပ်သည့် ၂၁၈ နေရာကို ရရှိမည် ဖြစ်သည်။ နောက်ဆုံးခန့်မှန်းချက် ရလဒ်များအရ ဒီမိုကရက်တစ်ပါတီသည် နောက်ဆုံးတွင် နေရာ ၂၄၅ နေရာနှင့်အထက် ရရှိလိမ့်မည်ဟု ခန့်မှန်းရသည်။ ပြိုင်ဆိုင်မှု ပြင်းထန်သည့် ပင်‌ဆယ်လ်ဗေးနီးယား၊ အိုင်အိုဝါ၊ ကင်တက်ကီ စသည့် အဓိကပြည်နယ်များရှိ မဲဆန္ဒနယ် အများအပြားတွင် ဒီမိုကရက်တစ်ပါတီဝင်များက ရီပက်ဘလစ်ကန်ပါတီ ပြိုင်ဘက်များကို အနိုင်ရရှိခဲ့သည်။ ထိုမဲဆန္ဒနယ်များသည် ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ထရမ့်၏ မဲအရင်းအမြစ်များ ဖြစ်ခဲ့ကြသည်။

အထက်လွှတ်တော်တွင် ယခုရွေးကောက်ပွဲ၌ နေရာ ၁၀၀ အနက် ၃၅ နေရာကို ပြန်လည်ရွေးချယ်ခဲ့ရာ ဒီမိုကရက်တစ်ပါတီသည် ၄ နေရာ တိုးလာပါက လွှတ်တော်တွင် လူအများစုပါတီ ဖြစ်လာမည် ဖြစ်သည်။ ယခင်က ခန့်မှန်းချက်များတွင် ပါတီနှစ်ခု၏ ရွေးကောက်ပွဲအခြေအနေသည် အပြိုင်အဆိုင် ဖြစ်နေပြီး ရလဒ်ကို ခန့်မှန်းရန် ခက်ခဲသည်ဟု ယူဆခဲ့ကြသည်။ သို့သော် "ပြင်းထန်သည့် ယှဉ်ပြိုင်မှု" မပေါ်ပေါက်ခဲ့ဘဲ ဒီမိုကရက်တစ်ပါတီသည် ရီပက်ဘလစ်ကန်ပါတီလက်မှ တက္ကဆက်၊ အိုဟိုင်းအိုး၊ မိန်း၊ အိုင်အိုဝါ၊ ကန်းဆက်၊ မြောက်ကယ်ရိုလိုင်းနားနှင့် တောင်ကယ်ရိုလိုင်းနား စသည့် ပြည်နယ် ၇ ခုကို အနိုင်ရရှိခဲ့သည်။ လက်ရှိတွင် ဒီမိုကရက်တစ်ပါတီသည် အထက်လွှတ်တော်တွင် အနည်းဆုံး ၅၄ နေရာကို ထိန်းချုပ်နိုင်မည်ဟု ခန့်မှန်းရပြီး အထက်လွှတ်တော် အများစုပါတီ ဖြစ်လာမည် ဖြစ်သည်။

သတိပြုဖွယ်ကောင်းသည်မှာ အထက်လွှတ်တော်ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပါတီဝင် James Talarico သည် ရီပက်ဘလစ်ကန် ပြိုင်ဘက်ကို အနိုင်ရရှိခဲ့ပြီး ယင်းမှာ ဒီမိုကရက်တစ်ပါတီအနေဖြင့် ၁၉၈၈ ခုနှစ်နောက်ပိုင်း အဆိုပါ ပြည်နယ်၌ အထက်လွှတ်တော် အမတ်နေရာကို ပထမဆုံးအကြိမ် အနိုင်ရရှိခြင်း ဖြစ်သည်။ ကန်းဆက်ပြည်နယ်တွင် ဒီမိုကရက်တစ်ပါတီဝင် Adam Hamilton သည် လက်ရှိ ရီပက်ဘလစ်ကန်ပါတီ အထက်လွှတ်တော်အမတ် Roger Marshall ကို အနိုင်ရရှိ၍ ရွေးကောက်ခံခဲ့ရပြီး ၁၉၃၂ ခုနှစ်နောက်ပိုင်း အဆိုပါ ပြည်နယ်၌ အထက်လွှတ်တော် အမတ်နေရာကို အနိုင်ရရှိသည့် ပထမဆုံး ဒီမိုကရက်တစ်ပါတီဝင် ဖြစ်လာခဲ့သည်။ သုံးသပ်သူများက အဆိုပါ ပြည်နယ်များ၏ "အနီမှ အပြာသို့ ပြောင်းလဲသွားမှု" သည် ရီပက်ဘလစ်ကန်ပါတီအပေါ် မဲဆန္ဒရှင်များ၏ ပြင်းထန်သော မကျေနပ်မှုကို အပြည့်အဝ ဖော်ပြနေကြောင်း ထောက်ပြခဲ့ကြသည်။

ယခုအကြိမ် သက်တမ်းဝက်ရွေးကောက်ပွဲတွင် ပြည်နယ် ၃၆ ခု၏ အုပ်ချုပ်ရေးမှူးများကိုလည်း ရွေးချယ်မည် ဖြစ်သည်။ လက်ရှိ ခန့်မှန်းချက်များအရ ပါတီနှစ်ခုသည် မိမိတို့၏ "ဩဇာရှိနယ်မြေ" များကို အကြမ်းဖျင်း ထိန်းထားနိုင်ခဲ့ပြီး ဒီမိုကရက်တစ်ပါတီသည် ပြိုင်ဆိုင်မှု ပြင်းထန်သည့် ဂျော်ဂျီယာပြည်နယ်တွင် အနိုင်ရရှိခဲ့သည့်အပြင် တက္ကဆက်ပြည်နယ် အုပ်ချုပ်ရေးမှူး နေရာကိုလည်း အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့သည်။

အမေရိကန်နိုင်ငံ နယူးယောက်မြို့ Queens ကောင်တီတွင် ပြည်သူများက လေဟာပြင်ဈေးတစ်ခုတွင် စိုက်ပျိုးရေးထုတ်ကုန်များအား ဝယ်ယူနေသည်ကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

“ဒေါသထွက်နေသည့်” မဲဆန္ဒရှင်များ

သုံးသပ်သူများက ဤ “ဒီမိုကရက်တစ် အနိုင်ရ၍ ရီပက်ဘလစ်ကန် စိုးမိုးမှု လျော့ကျသွားသည့် အပြာများ အနီလျော့နည်းသွား”သော ရွေးကောက်ပွဲသည် အနှစ်သာရအားဖြင့် အမေရိကန် ပြည်သူများက လက်ရှိအစိုးရအပေါ် မကျေနပ်မှုကို ဆန္ဒမဲဖြင့် ဖော်ပြလိုက်ခြင်း ဖြစ်သည်ဟု ယူဆကြသည်။ အမေရိကန် CNN သတင်းဌာန က နိုဝင်ဘာ ၃ ရက်တွင် ထုတ်ပြန်ခဲ့သည့် ပြည်သူ့သဘောထား စစ်တမ်းအရ မဲဆန္ဒရှင် ၆၀ ရာခိုင်နှုန်းခန့်သည် ထရမ့်အစိုးရ၏ အုပ်ချုပ်ရေး စွမ်းဆောင်ရည်အပေါ်  အသိအမှတ်မပြုခြင်း၊ မဲဆန္ဒရှင် ၇၅ ရာခိုင်နှုန်းခန့်မှာ အမေရိကန်၏ လက်ရှိ ဖွံ့ဖြိုးတိုးတက်မှု ဦးတည်ချက်အပေါ် “မကျေနပ်မှု” သို့မဟုတ် “ဒေါသထွက်မှု” ဖြစ်ပေါ်နေခြင်း၊ မဲဆန္ဒရှင် ၇၀ ရာခိုင်နှုန်းခန့်က လွှတ်တော်အနေဖြင့် သမ္မတ၏ အာဏာကို ထိန်းကျောင်းစိစစ်နိုင်ရန် မျှော်လင့်ခြင်း ရှိကြောင်း သိရသည်။

လက်ရှိ သုံးသပ်ချက်များတွင် ပြည်သူ့စားဝတ်နေရေးသည် အကြီးမားဆုံး စိုးရိမ်ပူပန်မှု ဖြစ်ပုံရပြီး မဲဆန္ဒရှင်များ ရီပက်ဘလစ်ကန်ပါတီကို “စွန့်လွှတ်” လိုက်ရသည့် အဓိကအကြောင်းရင်းများအနက် တစ်ခုလည်း ဖြစ်ကြောင်း ဖော်ပြထားသည်။

ထရမ့်သည် ၂၀၂၄ ခုနှစ် သမ္မတအဖြစ် ရွေးကောက်ခံရစဉ်က ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ပြီး ကုန်ဈေးနှုန်း လျှော့ချပေးမည်ဟု ကတိပြုခဲ့သော်လည်း ယခုအခါ ထရမ့်အစိုးရက “စည်းကြပ်ခွန်စစ်ပွဲ” အား စတင်ခဲ့ခြင်းနှင့် အီရန်ကို စစ်ပွဲ ဆင်နွှဲခဲ့ခြင်းတို့ကြောင့် အမေရိကန် ပြည်တွင်း၌ စွမ်းအင်၊ လူသုံးကုန်ပစ္စည်း၊ ဆေးဝါးကုသမှု စသည့် ဈေးနှုန်းများ မြင့်မားနေပြီး သာမန် ပြည်သူများ၏ ဘဝမှာ ပိုမို ခက်ခဲလာကြောင်း မဲဆန္ဒရှင် အများအပြားက ညည်းညူပြောဆိုကြသည်။

ရီပက်ဘလစ်ကန်ပါတီ၏ အစဉ်အလာအရ အသာစီးရထားသော စိုက်ပျိုးရေး ပြည်နယ်များ “အနီမှ အပြာသို့ ပြောင်းလဲသွားခြင်း” သည် ယခုကြိမ် ရီပက်ဘလစ်ကန်ပါတီ အကြီးအကျယ် ရှုံးနိမ့်ရခြင်း၏ အဓိက အကြောင်းရင်း ဖြစ်သည်။ အီရန် စစ်ပွဲက စွမ်းအင်နှင့် ဓာတ်မြေဩဇာ ဈေးနှုန်းများကို မြင့်တက်စေခဲ့ပြီး စည်းကြပ်ခွန်မူဝါဒကလည်း စိုက်ပျိုးရေးထုတ်ကုန် တင်ပို့မှုကို တိုက်ရိုက် ထိခိုက်စေခဲ့သဖြင့် တောင်သူများ၏ အကျိုးစီးပွား နစ်နာခဲ့ရသည်။ ကျေးလက်ဒေသ မဲဆန္ဒရှင်များ၏ မကျေနပ်မှု စိတ်ခံစားချက်သည် ရွေးကောက်ပွဲ ရလဒ်များတွင် တိုက်ရိုက် ရောင်ပြန်ဟပ်ခဲ့ပြီး ရီပက်ဘလစ်ကန်ပါတီ ကိုယ်စားလှယ်လောင်းများသည် အိုင်အိုဝါ၊ ကန်းဆပ်၊ အိုဟိုင်းယိုး စသည့် စိုက်ပျိုးရေး ပြည်နယ်များတွင် ရှုံးနိမ့်ခဲ့သည်။

လူဝင်မှုကြီးကြပ်ရေး မူဝါဒသည် အခြားသော အာရုံစိုက်ရာ ဗဟိုချက် ဖြစ်သည်။ လွန်ခဲ့သည့် နှစ်နှစ်အတွင်း အိမ်ဖြူတော်သည် လူဝင်မှုကြီးကြပ်ရေး မူဝါဒကို တင်းကျပ်ခဲ့ပြီး လွန်ကဲသော ဥပဒေစိုးမိုးရေး နည်းလမ်းများကို ကျင့်သုံးခဲ့သဖြင့် ဘက်ပေါင်းစုံမှ ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။

အမေရိကန် မင်နီဆိုးတား တက္ကသိုလ် နိုင်ငံရေးနှင့် စီမံအုပ်ချုပ်ရေး သုတေသနစင်တာ ညွှန်ကြားရေးမှူး Larry Jacobs က ထရမ့်အစိုးရ၏ တင်းမာသော လူဝင်မှုကြီးကြပ်ရေး မူဝါဒသည် လျင်မြန်စွာ တိုးတက်လာနေသော ရွှေ့ပြောင်းနေထိုင်သူလူအုပ်စုနှင့် ကင်းကွာစေခဲ့ကြောင်း၊ ယင်းလုပ်ရပ်မှာ “နိုင်ငံရေးအရ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံခြင်း” နှင့် ထူးမခြားကြောင်း ပြောကြားခဲ့သည်။ အမေရိကန် Pew သုတေသနစင်တာ၏ ပြည်သူ့သဘောထား စစ်တမ်းတွင်လည်း ထရမ့်အား ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိရန် ကူညီပေးခဲ့သည့် လက်တင်အမေရိကနွယ်ဖွား မဲဆန္ဒရှင်များသည် “အစုလိုက်အပြုံလိုက် ဘက်ပြောင်းမှု” ဖြစ်ပေါ်နေကြောင်း ဖော်ပြထားသည်။

သို့သော်လည်း မဲဆန္ဒရှင်များက ရီပက်ဘလစ်ကန်ပါတီကို “ပြစ်ဒဏ်ခတ်ခြင်း” မှာ ဒီမိုကရက်တစ်ပါတီကို ယုံကြည်သည်ဟု အဓိပ္ပာယ်မသက်ရောက်ကြောင်း သုံးသပ်သူများက တစ်ချိန်တည်းတွင်ပင် ထောက်ပြကြသည်။ မကြာသေးမီက ပြုလုပ်ခဲ့သည့် ပြည်သူ့သဘောထား စစ်တမ်းများတွင် မဲဆန္ဒရှင်များသည် ပါတီနှစ်ခုစလုံးအပေါ် အနုတ်လက္ခဏာဆောင်သော သုံးသပ်မှုများကိုသာ အဓိကဖော်ပြထားကြသည်။ အမေရိကန် မီဒီယာတစ်ခုက “မဲဆန္ဒရှင်များသည် နိုင်ငံရေးပါတီတစ်ခုခုကို ထောက်ခံသည်ထက် အမေရိကန်၏ လက်ရှိ ဦးတည်ချက်ကို ဆန့်ကျင်နေကြခြင်း ဖြစ်သည်” ဟု ထောက်ပြထားသည်။

အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ် အာလင်တန်မြို့ရှိ မဲရုံတစ်ရုံတွင် မဲဆန္ဒရှင်များက မဲပေးနေသည်ကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟန်ချက်ပျက်သည့် “ထော့ကျိုး” သမ္မတ

ဒီမိုကရက်တစ်ပါတီအနေဖြင့် ယခုအကြိမ် လွှတ်တော်နှစ်ရပ်စလုံး၏ ထိန်းချုပ်ခွင့်ကို ပြန်လည်ရရှိခဲ့ခြင်းသည် ထရမ့်အစိုးရ၏ ကျန်ရှိသော သက်တမ်းနှစ်နှစ်အတွင်း အုပ်ချုပ်ရေး မူဝါဒများ ဖော်ဆောင်မှုအပေါ် ကြီးမားသော ချုပ်ချယ်ကန့်သတ်ချက်များ ဖြစ်စေမည်ဖြစ်သည်။

အမေရိကန် Brookings Institution မှ အဆင့်မြင့် သုတေသီ William Galston က အောက်လွှတ်တော်တွင် ဒီမိုကရက်တစ်ပါတီဝင်များသည် စုံစမ်းစစ်ဆေးမှုများနှင့် ကြားနာပွဲများ ပြုလုပ်ခြင်း စသည့် နည်းလမ်းများဖြင့် အိမ်ဖြူတော်အပေါ် စောင့်ကြည့်စစ်ဆေးမှုကို တိုးမြှင့်နိုင်ပြီး ထရမ့် ဒုတိယအကြိမ် သမ္မတဖြစ်လာပြီးနောက်ပိုင်း အဆက်မပြတ် တိုးချဲ့လာသည့် အုပ်ချုပ်ရေး အာဏာကို ထိန်းကျောင်းနိုင်မည်ဟု ယူဆသည်။ ထို့ပြင် မီဒီယာများ၏ ဖော်ပြချက်အရ အောက်လွှတ်တော် ဒီမိုကရက်တစ်ပါတီဝင် အချို့သည် ထရမ့်အား ထပ်မံ စွဲချက်တင်မည့်ဖြစ်နိုင်ခြေကို စတင် စဉ်းစားနေကြပြီဖြစ်ကြောင်း သိရသည်။

အထက်လွှတ်တော်တွင် ဒီမိုကရက်တစ်ပါတီဝင်များသည် ထရမ့် တင်သွင်းမည့် အရေးပါသော ရာထူးခန့်အပ်မှုများ၊ အထူးသဖြင့် ဖက်ဒရယ် တရားသူကြီး လျာထားချက်များကို ဟန့်တားပိတ်ပင်နိုင်ဖွယ်ရှိရာ ထိုမှတစ်ဆင့် တရားစီရင်ရေးကဏ္ဍ၌ ရီပက်ဘလစ်ကန်ပါတီ၏ “အခင်းအကျင်း” ကို ရိုက်ခတ်စေမည် ဖြစ်သည်။

သို့သော်လည်း ဒီမိုကရက်တစ်ပါတီသည် လွှတ်တော်နှစ်ရပ်စလုံးကို ထိန်းချုပ်နိုင်မည် ဖြစ်သော်လည်း လွှတ်တော်နှစ်ရပ်စလုံး၌ သုံးပုံနှစ်ပုံ အများစုအမတ်နေရာကို ရရှိမည်မဟုတ်ပေ။ ယင်းသည် ဒီမိုကရက်တစ်ပါတီက တွန်းအားပေးသည့် ဥပဒေကြမ်းများ လွှတ်တော်တွင် အတည်ပြုနိုင်ခဲ့စေကာမူ သမ္မတ၏ ဗီတိုအာဏာဖြင့် ပယ်ဖျက်မှုကို ကြုံတွေ့ရနိုင်သေးသည့် အဓိပ္ပာယ်ရှိပေသည်။

ထရမ့်ကလည်း နိုဝင်ဘာ ၃ ရက်တွင် မီဒီယာများနှင့် တွေ့ဆုံစဉ် လွှတ်တော်သည် နောက်ဆုံးတွင် ၎င်းနှင့် လာရောက်ပြီး “အပေးအယူ လုပ်ဆောင်မည်” ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ရှေ့ဆက်မည့် နှစ်နှစ်အတွင်း အမေရိကန် နိုင်ငံရေးသည် အိမ်ဖြူတော်နှင့် လွှတ်တော်တို့အကြား ဘတ်ဂျက်နှင့် အုပ်ချုပ်ရေး လုပ်ပိုင်ခွင့်အာဏာ စသည်တို့ကို ဗဟိုပြု၍ ဆက်လက် အပြိုင်အဆိုင် အားပြိုင်သည့် အခြေအနေ ပိုမိုဖြစ်ပေါ်နိုင်ဖွယ်ရှိကြောင်း လူထုသဘောထားက ယူဆကြသည်။

သမ္မတသည် နိုင်ငံခြားရေးကဏ္ဍတွင် လွှတ်တော်၏ တိုက်ရိုက် ထိန်းချုပ်ကန့်သတ်ခံရမှု အကန့်အသတ်ရှိသဖြင့် ပြည်တွင်း နိုင်ငံရေး အဟန့်အတား ကြီးမားလာခြင်းက ထရမ့်အား နိုင်ငံခြားရေးတွင် ပိုမိုတစ်ဖက်သတ်ဆန်သော မူဝါဒများ ကျင့်သုံးရန် တွန်းအားပေးနိုင်ပြီး အီရန်အပေါ် စစ်ရေးလှုပ်ရှားမှုများ ပြန်လည်စတင်ရန် သို့မဟုတ် ပိုမိုတိုးမြှင့်ရန် ဖြစ်နိုင်ခြေကို ပယ်ဖျောက်၍မရကြောင်း သုံးသပ်သူများက ယူဆကြသည်။

အမေရိကန် Signum Global Advisors မှ အဆင့်မြင့် မိတ်ဖက်တစ်ဦးဖြစ်သည့် Lou Lukens က အကြီးအကျယ် ကြေကွဲဖွယ် ရွေးကောက်ပွဲ ရှုံးနိမ့်မှုကို ကြုံတွေ့ရပြီးနောက် ထရမ့်၏ ဆုံးဖြတ်ချက်များက “ပို၍ ထင်ရာစိုင်းလာနိုင်သည်” ဟု သတိပေးထားသည်။

ယခုကြိမ် သက်တမ်းဝက်ရွေးကောက်ပွဲရလဒ်သည် ၂၀၂၈ ခုနှစ် သမ္မတရွေးကောက်ပွဲ အလားအလာကို လေ့လာစောင့်ကြည့်ရန်အတွက်လည်း အရေးပါသော ပြတင်းပေါက်တစ်ခု ဖြစ်စေသည်။ အမေရိကန် Eurasia Group မှ အဆင့်မြင့် သုတေသီ Gregory Brewer က ရီပက်ဘလစ်ကန်ပါတီသည် တက္ကဆက်ကဲ့သို့ အစဉ်အလာအရ အသာစီးရထားသည့် ပြည်နယ်၌ပင် ရှုံးနိမ့်ခဲ့ပါက နောက်နှစ်နှစ်အကြာ သမ္မတရွေးကောက်ပွဲ အနိုင်ရရှိရေး အလားအလာမှာ အကောင်းမြင်ရန် ခဲယဉ်းကြောင်း ထောက်ပြခဲ့သည်။

ယခုအကြိမ် ရွေးကောက်ပွဲသည် လွှတ်တော်အတွင်း ပါတီနှစ်ခု၏ အားပြိုင်မှုကို ပြောင်းလဲစေခဲ့သော်လည်း အမေရိကန် လူမှုအသိုင်းအဝိုင်း၏ နက်ရှိုင်းသော ပဋိပက္ခများကိုမူ ပပျောက်စေရန် ခက်ခဲကြောင်း အများက ယူဆကြသည်။ ဩစတြေးလျ “Pearls and Irritations” ဝက်ဘ်ဆိုက်ပါ ဆောင်းပါးတစ်ပုဒ်တွင် သက်တမ်းဝက်ရွေးကောက်ပွဲအပြီး အမေရိကန် ပြည်သူများသည် ပိုမိုဆိုးရွားလာသော မညီမျှမှုများကို ဆက်လက် ဆန့်ကျင်တွန်းလှန်ကာ လူမှုရေး တရားမျှတမှုကို ရရှိရန်အတွက် အစွမ်းကုန် ကြိုးပမ်းသွားရန် လိုအပ်ဆဲဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။ (Xinhua)

----------------------

(Chinese Version)

国际观察|“蓝潮”后的特朗普困局

新华社纽约11月4日电(记者杨士龙 施春)美国中期选举于11月3日举行。据美国媒体预测,民主党在选举中力压共和党重获国会参议院和众议院控制权。

分析人士认为,特朗普政府发起的“关税战”和对伊朗军事行动抬升美国国内物价和生活成本,引发选民不满,成为共和党选举惨败主要原因。随着民主党掌控国会两院,特朗普政府后续施政将面临更大阻力。

汹涌的“蓝潮”

美东时间3日18时起,全美范围内投票陆续结束。数小时后,舆论此前预判的“蓝潮”(蓝色和红色分别是民主党和共和党的代表色)逐渐显现,民主党候选人在各地接连赢得选举。至午夜,多家主流媒体预测,民主党锁定参众两院控制权。

在众议院,此次选举改选全部435个议席,民主党增加3席就可获得“控场”所需的218席。最新预测结果显示,民主党预计最终将拿到超过245个席位。在竞争激烈的宾夕法尼亚、艾奥瓦、肯塔基等关键州的多个选区,民主党人都击败共和党对手。而这些选区在2024年总统选举中都是特朗普的票仓。

在参议院,本次选举改选100个席位中的35个,民主党需增加4席才能成为多数党。此前预测认为,两党选情胶着,结果难料。但“恶斗”并未上演,民主党从共和党手中赢下得克萨斯、俄亥俄、缅因、艾奥瓦、堪萨斯、北卡罗来纳和南卡罗来纳等7个州。目前,民主党预计在参议院把控至少54席,成为参议院多数党。

值得注意的是,在参议院选举中,得克萨斯州民主党人詹姆斯·塔拉里科击败共和党对手胜出,这是民主党1988年以来首次在该州赢得参议院席位;在堪萨斯州,民主党人亚当·汉密尔顿击败现任共和党籍参议员罗杰·马歇尔当选,成为自1932年以来首名在该州赢得参议院席位的民主党人。分析人士指出,这些州的“由红转蓝”足见选民对共和党深度不满。

本次中期选举还将选出36个州的州长。目前预测显示,两党大致保住各自“地盘”,民主党在争夺激烈的佐治亚州胜出,还成功拿下得克萨斯州州长职位。

“愤怒”的选民

分析人士认为,这场“蓝进红退”的选举,实质上是美国民众在用选票表达对现政府的不满。据美国有线电视新闻网3日公布的民调,约60%的选民不认可特朗普政府的执政表现,约75%的选民对美国当前发展方向感到“不满”或“愤怒”,约70%的选民希望国会能制衡总统权力。

现有分析显示,民生似是最大关切,也是导致选民“抛弃”共和党的主要原因之一。不少选民抱怨,特朗普2024年当选总统时曾承诺抑制通胀、降低物价,但如今,由于特朗普政府挑起“关税战”和对伊朗发动战事,美国国内能源、日用品、医疗等价格高企,普通人的生活越来越艰难。

共和党有传统优势的农业州“翻蓝”,是此次共和党大败的重要原因。伊朗战事推高能源和化肥价格,关税政策又直接波及农产品出口,令农民利益受损。农村选民的不满情绪直接反映到选举结果中,共和党候选人在艾奥瓦、堪萨斯、俄亥俄等农业州失利。

移民政策是另一关注点。过去两年,白宫收紧移民政策并采取过激执法手段,引发多方批评。美国明尼苏达大学政治与治理研究中心主任拉里·雅各布斯表示,特朗普政府强硬的移民政策令其疏远了迅速增长的移民群体,此举无异于“政治自杀”。美国皮尤研究中心民调也显示,曾助力特朗普赢下2024年总统选举的拉丁裔选民正出现“大规模转向”。

不过,分析人士同时指出,选民“惩罚”共和党,并不代表信任民主党。近期民调显示,选民对两党均以负面评价为主。有美媒指出:“选民们与其说是支持某一政党,不如说是反对美国当下的方向。”

“跛脚”的总统

民主党此次重夺参众两院控制权,将给特朗普政府剩余两年任期里的施政套上重重枷锁。

美国布鲁金斯学会高级研究员威廉·高尔斯顿认为,在众议院,民主党人可以通过调查、听证等方式加强对白宫的监督,制约特朗普第二次任总统以来不断扩张的行政权力。另据媒体报道,部分众议院民主党人已经在考虑再次弹劾特朗普的可能性。

在参议院,民主党人可能会阻挠特朗普提出的重要人事任命,尤其是联邦法官人选,从而影响共和党在司法领域的“布局”。

不过,民主党虽将掌控两院,但在两院席位均达不到三分之二多数,这意味着即便民主党推动的法案在国会获得通过,仍可能受到总统否决权的制约。特朗普3日接受媒体采访时也表示,国会最终会来与他“做交易”。舆论认为,未来两年,美国政治或将更多呈现白宫与国会围绕预算、行政权限等持续博弈的局面。

由于总统在外交方面受国会直接制约相对有限,有分析认为,国内政治掣肘加大可能促使特朗普在外交上采取更具单边色彩的政策,不排除重启甚至加码对伊朗军事行动的可能性。美国西格纳姆全球咨询公司高级合伙人卢·卢肯斯警告,在遭遇惨痛选举失利后,特朗普的决策可能“更加无所顾忌”。

此次中期选举结果也为观察2028年总统选举前景提供了一个重要窗口。美国欧亚集团高级研究员格雷戈里·布鲁指出,共和党如果连得克萨斯这样的传统优势州都失守,其两年后赢得总统选举的前景不容乐观。

舆论认为,这场选举改变了国会两党力量对比,却难以消除美国社会的深层矛盾。澳大利亚“珍珠与刺激”网站文章说,中期选举后,美国民众仍需抵制日益加剧的不平等,全力争取社会正义。

图说1:这是11月3日在美国华盛顿拍摄的国会大厦。新华社记者李睿摄

图说2:10月24日,美国纽约市皇后区的居民在一个露天市场采购农产品。新华社发(朱子于摄)

图说3:11月3日,在美国弗吉尼亚州阿灵顿的一处投票站,选民填写选票。新华社记者李睿摄

မူရင်းသတင်း — Xinhua Myanmar