
ပေကျင်း၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)
ကမ္ဘာ့မီဒီယာထိပ်သီးအစည်းအဝေးသည် ကမ္ဘာတစ်ဝန်းရှိ မီဒီယာအဖွဲ့အစည်းများအတွက် အပြန်အလှန် ဆွေးနွေးကို ပိုမိုနက်ရှိုင်းစေရန်နှင့် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို လုပ်ဆောင်ရန် အရေးပါသော ပလက်ဖောင်းတစ်ခု ဖြစ်သည်ဟု အဆင့်မြင့်မီဒီယာအရာရှိတစ်ဦးက ဆင်ဟွာသတင်းဌာနသို့ ပြောကြားသည်။
အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) သတင်းဌာနများသမဂ္ဂ ညွှန်ကြားရေးမှူးချုပ် မိုဟာမက် အလျာမီက သတ္တမအကြိမ်မြောက် ထိပ်သီးအစည်းအဝေးသည် သဘောတူညီမှုကို တစ်ဆင့်တိုး တည်ဆောက်နိုင်ပြီး ဉာဏ်ရည်တု (AI) နည်းပညာအခြေပြု အသွင်ပြောင်းမှုမှ ဖြစ်ပေါ်လာသော အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများကို အတူတကွ ဖြေရှင်းရန် ခိုင်မာသော လှုပ်ရှားမှုများကို မြှင့်တင်လုပ်ဆောင်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားသည်။
၂၀၀၉ ခုနှစ်တွင် စတင်တည်ထောင်ချိန်မှစ၍ အဆိုပါထိပ်သီးအစည်းအဝေးသည် ကမ္ဘာတစ်ဝန်းရှိ မီဒီယာအဖွဲ့အစည်းများအကြား အပြန်အလှန် ဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုအတွက် အရေးပါသော ပလက်ဖောင်းတစ်ခု ဖြစ်လာပြီး အမြင်သဘောထားချင်းဖလှယ်သည့် ဖိုရမ်တစ်ခုမှ မီဒီယာလုပ်ငန်း၏ ကြီးမားသောပြုပြင်ပြောင်းလဲမှုများကို ဆွေးနွေးသည့်၊ ၎င်း၏အနာဂတ်ကို ရှာဖွေသည့် ယန္တရားတစ်ခုအဖြစ် ပြောင်းလဲလာခဲ့သည်ဟု အလျာမီက ပြောကြားသည်။
ကမ္ဘာတစ်ဝန်း နိုင်ငံရေး၊ နည်းပညာနှင့် လူမှုရေး ပြောင်းလဲမှုများ အရှိန်မြှင့်လာသည်နှင့်အမျှ မီဒီယာများသည် ယုံကြည်စိတ်ချရမှု၊ မှားယွင်းသည့်သတင်းအချက်အလက်များ ပျံ့နှံ့မှုနှင့် ဉာဏ်ရည်တုနည်းပညာ၏ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်မှုနှင့် ဆက်စပ်သော စိန်ခေါ်မှုများကို ရင်ဆိုင်နေရသဖြင့် ထိပ်သီးအစည်းအဝေး၏ အရေးပါမှုသည် ပိုမိုထင်ရှားလာသည်ဟု ၎င်းက ပြောကြားသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20261105/3f5f8a7b97624669a4fb50468690fb04/c.html

………………
(English Version)
World Media Summit critical platform for media dialogue, cooperation, says media leader
BEIJING, Nov. 5 (Xinhua) -- The World Media Summit provides an important platform for media organizations worldwide to deepen dialogue and pursue practical cooperation, a senior media official told Xinhua.
Mohammed Alyami, director general of the Union of News Agencies of the Organization of Islamic Cooperation (OIC), expressed hope that the seventh summit would further build consensus and encourage concrete steps to jointly address the opportunities and challenges brought by AI-driven transformation.
Since its launch in 2009, the summit has become an important platform for dialogue and cooperation among media organizations worldwide, evolving from a forum for exchanging views into a mechanism for discussing major changes in the media industry and exploring its future, Alyami said.
It has become increasingly important as political, technological and social changes accelerate worldwide and the media face challenges related to credibility, the spread of misinformation and the rapid development of artificial intelligence, he said.
https://english.news.cn/20261105/3f5f8a7b97624669a4fb50468690fb04/c.html
Photo Caption: Attendees of the 7th World Media Summit visit the Beijing Fun complex in Beijing, capital of China, Nov. 4, 2026. (Xinhua/Jin Liwang)