
တိုကျို၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)
ဂျပန်နိုင်ငံ အိုကီနာဝါစီရင်စု အခြေစိုက် အမေရိကန်စစ်တပ်သည် နိုဝင်ဘာ ၆ ရက်တွင် ထိုမတိုင်မီ အမေရိကန်စစ်သည်က လုယက်လူသတ်မှုတွင် ပါဝင်ကြောင်း သံသယရှိမှုဖြင့် အိုကီနာဝါအခြေစိုက် အမေရိကန်စစ်တပ် လူပုဂ္ဂိုလ်အားလုံးအပေါ် ညအပြင်မထွက်ရန် အစီအမံကို ဒီဇင်ဘာ ၇ ရက်အထိ တစ်လသက်တမ်းတိုးလိုက်ကြောင်း၊ အဆိုပါ သက်တမ်းတိုးသည့်အစီအမံကို ရာထူးအဆင့်နိမ့်သော စစ်သည်များနှင့်သက်ဆိုင်ကြောင်း ဂျပန် Kyodo News ၏ နိုဝင်ဘာ ၆ ရက် သတင်းဖော်ပြချက်အရ သိရသည်။
ယခုနှစ် အောက်တိုဘာ လဆန်းတွင် အိုကီနာဝါစီရင်စု နာဟာမြို့၌ အမေရိကန်စစ်သည်က ဂျပန်အမျိုးသမီးတစ်ဦးအား သတ်ဖြတ်သည့်အမှုတွင် ပါဝင်ကြောင်း သံသယရှိမှု ဖြစ်ပွားခဲ့ပြီးနောက် အမှုနှင့်စပ်လျဉ်းသည့် အမေရိကန်စစ်သည်မှာ ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်း ခံခဲ့ရသည်။ အမှုဖြစ်ပွားပြီးနောက် အိုကီနာဝါစီရင်စု အခြေစိုက် အမေရိကန်စစ်တပ်က အောက်တိုဘာ ၉ ရက်မှစ၍ ရက် ၃၀ ကြာ ညအပြင်မထွက်ရန် အစီအမံကျင့်သုံးခဲ့ပြီး စစ်တပ်အခြေစိုက်စခန်း အဝင်အထွက်တွင် စောင့်ကြည့်ထိန်းချုပ်မှုများကို တင်းကျပ်ထားခဲ့သည်။
ညအပြင်မထွက်ရ သတ်မှတ်ချက်အရ အိုကီနာဝါစီရင်စု အခြေစိုက် အမေရိကန်စစ်တပ် လူပုဂ္ဂိုလ်များသည် နေ့စဉ် ညသန်းခေါင် ၀ နာရီမှ နံနက် ၅ နာရီ အချိန်အတွင်း အပြင်မထွက်ရပေ။ သို့သော်လည်း ညအပြင်မထွက်ရ အစီအမံ အသက်ဝင်နေသော ကာလအတွင်း အောက်တိုဘာ ၃၁ ရက် နံနက်ပိုင်း၌ အမေရိကန် မရိန်းတပ်ဖွဲ့ဝင် စစ်သည်တစ်ဦးသည် အရက်သောက်သုံးပြီး ယာဉ်မောင်းနှင်မှုကြောင့် ဖမ်းဆီးခံခဲ့ရသည်။
ယင်းနှင့်စပ်လျဉ်း၍ ဂျပန်နိုင်ငံ ကာကွယ်ရေးဝန်ကြီး Shinjiro Koizumi က အမေရိကန်ဘက်အနေဖြင့် စစ်စည်းကမ်းအား တင်းတင်းကျပ်ကျပ် လုပ်ဆောင်ရန်၊ အလားတူဖြစ်စဉ်များ ထပ်မံဖြစ်ပွားခြင်းအား ကာကွယ်ရန်အတွက် လက်တွေ့ကျ၍ ထိရောက်သော အစီအမံများ လုပ်ဆောင်ရန်၊ ညအပြင်မထွက်ရ သတ်မှတ်ချက်အား တင်းကျပ်စွာကျင့်သုံးရန် တောင်းဆိုထားပြီးဖြစ်ကြောင်း နိုဝင်ဘာ ၂ ရက်တွင် ပြောကြားခဲ့သည်။
ကာလကြာရှည်စွာ ဂျပန်အခြေစိုက် အမေရိကန်စစ်တပ် ပြစ်မှုကျူးလွန်မှုများ မကြာခဏ ဖြစ်ပွားခဲ့ရာ ၎င်းအနက် အဓမ္မပြုကျင့်မှု၊ လူသတ်မှု၊ လုယက်မှု စသည့် ဆိုးရွားသော အမှုများ ပါဝင်သည်။ စာရင်းကောက်ယူမှုအရ ၂၀၂၅ ခုနှစ် တစ်နှစ်တည်းတွင်ပင် အိုကီနာဝါစီရင်စု ရဲတပ်ဖွဲ့က စီမံခဲ့ရသော ဂျပန်အခြေစိုက် အမေရိကန်စစ်တပ်နှင့် သက်ဆိုင်ရာပုဂ္ဂိုလ်များနှင့် စပ်လျဉ်းသော ရာဇဝတ်ကျူးလွန်မှု ၁၀၀ ကျော်ရှိကြောင်း သိရသည်။ (Xinhua)
---------------------
(Chinese Version)
驻冲绳美军决定将宵禁措施延长一个月
新华社东京11月6日电(记者李子越 陈泽安)据日本共同社6日报道,驻冲绳美军当天决定,将此前因美军士兵涉嫌抢劫杀人案件而对全体驻冲绳美军人员实施的宵禁措施延长一个月至12月7日,延长措施适用于低军衔军人。
今年10月初,冲绳县那霸市发生一起美军士兵涉嫌抢劫杀害一名日本女性的案件,涉事美军士兵随后被警方逮捕。事件发生后,驻冲绳美军宣布,自10月9日起实施为期30天的宵禁,并加强对军事基地出入口的监控。
根据宵禁规定,所有驻冲绳美军人员不得在每日零时至凌晨5时外出。然而,在宵禁措施生效期内的10月31日凌晨,一名美国海军陆战队士兵因涉嫌酒后驾车被逮捕。
对此,日本防卫大臣小泉进次郎11月2日表示,已要求美方严肃军纪,采取切实有效的措施防止类似事件再次发生,并严格执行宵禁规定。
长期以来,驻日美军犯罪事件频发,其中不乏强奸、杀人、抢劫等恶性案件。统计显示,仅2025年,冲绳县警方处理的涉及驻日美军及相关人员的刑事犯罪案件就超过100起。(完)
图说:这是2023年11月25日在日本冲绳拍摄的美军普天间基地。新华社记者冯武勇摄