Xinhua Myanmar

ရာထူးမှနုတ်ထွက်၍ သမ္မတနေရာ၌ ပါဝင်ယှဉ်ပြိုင်မည့် အစီအစဉ်ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို ငြင်းဆို

အမေရိကန်နိုင်ငံ ဝါရှင်တန်ရှိ အိမ်ဖြူတော်တွင် သတင်းစာရှင်းလင်းပွဲ တက်ရောက်နေသော အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုကို ၂၀၂၆ ခုနှစ် မေ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ၎င်းအနေဖြင့် ရာထူးမှနုတ်ထွက်၍ သမ္မတနေရာ၌ ပါဝင်ယှဉ်ပြိုင်မည် ဆိုသည့် သတင်းဖော်ပြမှုများကို ငြင်းဆိုခဲ့ပြီး မိမိအနေဖြင့် လက်ရှိအစိုးရသက်တမ်း ပြီးဆုံးသည်အထိ ဆက်လက်တာဝန်ထမ်းဆောင်ရန် စီစဉ်ထားကြောင်း ပြောကြားခဲ့သည်ဟု အမေရိကန် The New York Times သတင်းစာ၏ နိုဝင်ဘာ ၅ ရက် သတင်းဖော်ပြချက်အရ သိရသည်။

မာကိုရူဘီယိုက အဆိုပါသတင်းစာ၏ တွေ့ဆုံမေးမြန်းမှုကို ဖြေကြားရာ၌ အမေရိကန်သမ္မတ ထရမ့်အတွက် တာဝန်ထမ်းဆောင်မှုကာလ ပြီးဆုံးသည်အထိ လုပ်ကိုင်ပေးမှုမှာ “အစဉ်အမြဲ ကျွန်တော့်ရဲ့အစီအစဉ် ဖြစ်ပါတယ်” ဟု ဆိုခဲ့သည်။ ၎င်းအနေဖြင့် ရာထူးမှနုတ်ထွက်ရန် စဉ်းစားနေသည် ဟူသော သတင်းဖော်ပြချက်နှင့် စပ်လျဉ်း၍ မာကိုရူဘီယိုက “အမှန်အတိုင်း ပြောရရင် ဒီသတင်းတွေ ဘယ်ကလာလဲဆိုတာ ကျွန်တော်မသိဘူး … ကျွန်တော် လက်ရှိကျွန်တော့်ရဲ့အလုပ်ကို ချစ်မြတ်နိုးပါတယ်” ဟု ပြောကြားခဲ့သည်။

မာကိုရူဘီယိုက တွေ့ဆုံမေးမြန်းမှုအတွင်း ၎င်းအနေဖြင့် ၂၀၂၈ ခုနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်မည်လော ဟူသည့် မေးခွန်းကို ဖြေကြားရန် ငြင်းဆိုခဲ့သည်။ “ကျွန်တော် ၂၀၂၈ ခုနှစ်အကြောင်း တကယ်ထပ်မပြောချင်တော့ပါဘူး။ ကျွန်တော်က ထပ်ကို မပြောတော့တာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။

မာကိုရူဘီယိုအနေဖြင့် အစိုးရမှ ထွက်ခွာမည်လော ဟူသည်ကို စဉ်းစားနေကြောင်း Bloomberg သတင်းဌာနက နိုဝင်ဘာ ၅ ရက် အစောပိုင်းတွင် သတင်းဖော်ပြခဲ့သည်။ မာကိုရူဘီယိုသည် အိမ်ဖြူတော် အရာရှိနှင့် နုတ်ထွက်ရန် ကိစ္စရပ်များ ဆွေးနွေးခဲ့သော်လည်း ဆက်လက် တာဝန်ထမ်းဆောင်ရန် တောင်းဆိုခံခဲ့ရသည်ဟု သတင်းတွင် ဖော်ပြထားသည်။ (Xinhua)

---------------------

(Chinese Version)

美国务卿鲁比奥否认计划离职竞选总统

新华社华盛顿11月5日电(记者杨伶 熊茂伶)据美国《纽约时报》5日报道,美国国务卿鲁比奥否认有关他打算离职竞选总统的报道,称自己计划一直留任到本届政府任期结束。  

鲁比奥在接受该报采访时表示,为美国总统特朗普工作至任期结束“一直是我的计划”。针对有关他考虑离职的报道,鲁比奥说:“老实说,我不知道这些消息从何而来……我热爱我现在的工作。”  

鲁比奥在采访中拒绝回答他是否会参加2028年美国总统选举的问题。他说:“我真的不会再谈论2028年了。我就是不会再谈了。”  

彭博社5日早些时候报道说,鲁比奥正在考虑是否离开政府。报道称,鲁比奥曾与白宫官员谈及辞职事宜,但被要求留任。(完)

图说:5月5日,美国国务卿鲁比奥在华盛顿白宫出席记者会。新华社发(李源清摄)

မူရင်းသတင်း — Xinhua Myanmar