
ဆစ်ဒနီ၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)
သြစတြေးလျ Qantas လေကြောင်းလိုင်းက လောင်စာဆီဈေးနှုန်းများမြင့်တက်နေသလို ၂၀၂၇ ဘဏ္ဍာနှစ်တစ်လျှောက်တွင်လည်း လောင်စာဆီဈေးနှုန်းမြင့်မားနေမည်ဟု မျှော်မှန်းထားသောကြောင့် လေယာဉ်လက်မှတ်ခများနှင့် ပျံသန်းပြေးဆွဲမှုခရီးစဉ်အခေါက်ရေကို ဆက်လက်ချိန်ညှိသွားမည်ဖြစ်ကြောင်း နိုဝင်ဘာ ၆ ရက်တွင် ပြောကြားခဲ့သည်။
Qantas Group က ၂၀၂၇ ဘဏ္ဍာနှစ်ပထမနှစ်ဝက်အတွင်း Qantas နှင့် ဘတ်ဂျက်လေကြောင်းလိုင်း Jetstar တို့အတွက် စုစုပေါင်းလောင်စာဆီကုန်ကျစရိတ်မှာ ယခုအခါ ဩစတြေးလျဒေါ်လာ ၃.၇၅ ဘီလီယံခန့် (အမေရိကန်ဒေါ်လာ ၂.၆ ဘီလီယံခန့်) ရှိမည်ဟု ခန့်မှန်းထားကြောင်း ပြောကြားခဲ့သည်။ ယင်းပမာဏမှာ ဩဂုတ်လက ခန့်မှန်းထားသည့် ဩစတြေးလျဒေါ်လာ ၃.၆ ဘီလီယံထက် ပိုမိုများပြားလာခြင်း ဖြစ်သည်။
ထို့ပြင် ၂၀၂၇ ဘဏ္ဍာနှစ် တတိယသုံးလပတ်တွင် Qantas နှင့် Jetstar တို့၏ ပြည်တွင်းလေကြောင်းခရီးစဉ်ပြေးဆွဲမှုပမာဏကို ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၄ ရာခိုင်နှုန်း လျှော့ချသွားမည်ဖြစ်ကြောင်း အဆိုပါအုပ်စုက ပြောကြားခဲ့သည်။ ယင်းသည် ဩဂုတ်လက ခန့်မှန်းထားသည့် ၂ ရာခိုင်နှုန်း လျှော့ချမည့်ပမာဏ၏ နှစ်ဆဖြစ်သည်။
“အနာဂတ်လောင်စာဆီဈေးနှုန်းခန့်မှန်းချက်များအပေါ် အခြေခံ၍ ၂၀၂၇ ဘဏ္ဍာနှစ်တစ်လျှောက် လောင်စာဆီဈေးနှုန်းများမြင့်မားနေမည်ဟု မျှော်လင့်ရကြောင်း" လေကြောင်းလိုင်းက ပြောကြားခဲ့သည်။ "လုပ်ငန်းအုပ်စုအနေဖြင့် လောင်စာဆီကုန်ကျစရိတ် မြင့်တက်လာမှုကြောင့် လေယာဉ်လက်မှတ်ဈေးနှုန်းများနှင့် ပျံသန်းပြေးဆွဲမှု အခေါက်ရေကို ဆက်လက်ချိန်ညှိသွားမည်ဖြစ်ကြောင်း” သိရသည်။
Qantas Group သည် ၂၀၂၇ ဘဏ္ဍာနှစ်အတွက် လိုအပ်မည့် လောင်စာဆီပမာဏ၏ ၈၅ ရာခိုင်နှုန်းခန့်ကို ဈေးနှုန်းအတက်အကျအန္တရာယ်မှ ကာကွယ်နိုင်ရန် ကြိုတင်ဈေးနှုန်းသတ်မှတ်ဝယ်ယူမှု ပြုလုပ်ထားပြီး အများစုမှာ ဘရန့်ရေနံစိမ်းဈေးနှုန်းနှင့် အခြေခံထားကြောင်း ပြောကြားခဲ့သည်။
ပြည်တွင်းနှင့်နိုင်ငံတကာလေကြောင်းလုပ်ငန်းနှစ်ခုစလုံး၏ ယူနစ်တစ်ခုချင်းအလိုက် ရရှိသည့်စုစုပေါင်းဝင်ငွေသည် ၂၀၂၇ ဘဏ္ဍာနှစ် ပထမနှစ်ဝက်တွင် ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၈ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ တိုးလာမည်ဟု ခန့်မှန်းထားကြောင်းလည်း အဖွဲ့က ပြောကြားခဲ့သည်။ ယင်းခန့်မှန်းချက်သည် ဩဂုတ်လက ထုတ်ပြန်ခဲ့သည့် ခန့်မှန်းချက်အတိုင်း ပြောင်းလဲမှုမရှိကြောင်း သိရသည်။ (Xinhua)
…………….
(English Version)
Australian airline Qantas to adjust fares, capacity amid elevated fuel costs
SYDNEY, Nov. 6 (Xinhua) -- Australian airline Qantas said on Friday that it would continue adjusting airfares and flight capacity in response to higher fuel costs, as fuel prices are expected to remain elevated through the 2027 financial year.
The Qantas Group said its total fuel costs for Qantas and budget carrier Jetstar in the first half of financial year 2027 are now expected to reach approximately 3.75 billion Australian dollars (about 2.6 billion U.S. dollars), up from the 3.6 billion Australian dollars projected in August.
The group also said domestic capacity across Qantas and Jetstar in the third quarter of financial year 2027 would be reduced by 4 percent compared with the same period a year earlier, double the 2 percent reduction forecast in August.
"Based on forward curves, fuel prices are expected to remain elevated through FY27," the carrier said in a statement. "The Group has and will continue to adjust fares and capacity in response to higher fuel costs."
The Qantas Group said it had hedged approximately 85 percent of its fuel requirements for the financial year 2027, predominantly against Brent crude oil prices.
It also said total unit revenue for both its domestic and international businesses was each expected to grow by 8 to 10 percent in the first half of financial year 2027 compared with the corresponding period a year earlier, unchanged from the guidance provided in August.
Photo caption: Photo taken on Sept. 14, 2022 shows a Qantas flight at Sydney Airport in Sydney, Australia. (Photo by Hu Jingchen/Xinhua)