နိုဝင်ဘာ ၆
ပါကစ္စတန်နိုင်ငံအနောက်မြောက်ပိုင်း ခိုင်ဘာ ပက်ခ်တွန်ခွါပြည်နယ်တွင် ၂၀၂၆ ခုနှစ်အတွင်း တောရိုင်းပိုလီယိုဗိုင်းဖြစ်ပွားသူ ကိုးဦးမြောက်ရှိလာကြောင်း ပါကစ္စတန်ပိုလီယို ပပျောက်ရေးစီမံချက် ပီအီးအိုင်က ယမန်နေ့က ပြောကြားခဲ့သည်။
အစ္စလာမာဘတ်မြို့ရှိပိုလီယိုပပျောက်ရေးဆိုင်ရာ ဒေသဆိုင်ရာရည်ညွှန်းဓာတ်ခွဲခန်းက ခိုင်ဘာခရိုင်ရှိ ခုနစ်လသားကလေးငယ်တစ်ဦးတွင် ထိုဗိုင်းရပ်စ်ကို တွေ့ရှိခဲ့သည်ဟုအတည်ပြုခဲ့ကြောင်း ပီအီးအိုင်က ကြေညာချက်တစ်စောင်တွင် ပြောကြားခဲ့သည်။
ယင်းဖြစ်ရပ်သည် ယခုနှစ်အတွင်း ခိုင်ဘာခရိုင်တွင် တတိယမြောက်ဖြစ်ရပ်ဖြစ်ပြီး ပြည်နယ်အတွင်း ခုနစ်ယောက်မြောက်ကူးစက်ဖြစ်ပွားခြင်းဖြစ်သည်ဟု သိရသည်။
ယခုနှစ်အတွင်း တောရိုင်းပိုလီယိုဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုသည် ယေဘုယျအားဖြင့် လျော့နည်းလာခဲ့သော်လည်း ယင်းပြည်နယ်အတွင်း ဗိုင်းရပ်စ်တွေ့ရှိမှုများ ဆက်လက်ရှိနေဆဲဖြစ်ကြောင်း၊ ယင်းအခြေအနေသည် ကလေးငယ်များအတွက် ရောဂါကူးစက်ခံရနိုင်သည့် အန္တရာယ်များ ဆက်လက်တည်ရှိနေသည်ဟု ထပ်လောင်းဖော်ပြထားသည်။
ပိုလီယိုရောဂါ ပပျောက်ရေးစီမံချက်သည် နောက်ဆုံးတွေ့ရှိခဲ့သော ပိုလီယိုရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် စုံစမ်းစစ်ဆေးမှုတစ်ရပ်ကို စတင်ဆောင်ရွက်လျက်ရှိသည်။
လက်ရှိတွင် နိုင်ငံတစ်ဝန်းရှိ ခရိုင် ၉၇ ခု၌ ကလေးငယ် ၂၄ သန်းနီးပါးကို အိမ်တိုင်ရာရောက် ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးရေးလှုပ်ရှားမှုဆောင်ရွက်လျက်ရှိသည်။
ကလေးငယ်များ၏ ကိုယ်ခံစွမ်းအား ပိုမိုကောင်းမွန်စေရန် ကျန်းမာရေးဝန်ဆောင်မှုများ တိုးမြှင့်ပေးခြင်းနှင့် ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးမှုလုပ်ငန်းများ ပိုမိုအားကောင်းအောင် ဆောင်ရွက်ခြင်းအပါအဝင် အခြားသောစီမံချက်များကိုလည်း ထည့်သွင်းစဉ်းစားလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို