နိုဝင်ဘာ ၆
ဆော်ဒီအာရေဗျနိုင်ငံ၏ အမျိုးသားလေကြောင်းလိုင်းဖြစ်သော Saudia သည် အရှေ့အလယ်ပိုင်း ဒေသအတွင်း လုံခြုံရေးအခြေအနေ ပိုမိုဆိုးရွားလာခြင်းကြောင့် ဂျပန်နိုင်ငံသို့ ပထမဆုံး တိုက်ရိုက်ခရီးသည်တင် လေကြောင်းခရီးစဉ် စတင်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းလိုက်သည်။
ဆော်ဒီအာရေဗျ၏ အဓိကလေကြောင်းလိုင်း Saudia သည် ရီယာ့ဒ်နှင့် တိုကျိုအနီးရှိ နာရီတာအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ချိတ်ဆက်ထားသော ပုံမှန်ပျံသန်းမှုကို နိုဝင်ဘာ ၁၇ ရက်တွင် စတင်ရန်စီစဉ်ထားသည်။
ယင်းလေကြောင်းခရီးစဉ်သည် ဆော်ဒီအာရေဗျနှင့် ဂျပန်နိုင်ငံတို့အကြား ပထမဆုံး တိုက်ရိုက်လေကြောင်းဆက်သွယ်မှု ဖြစ်လာမည့် ခရီးစဉ်ဖြစ်သည်။
သို့ရာတွင် Saudia လေကြောင်းလိုင်းသည် ခရီးစဉ်စတင်မည့်ရက်ကို ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း တိုကျိုမြို့ရှိ Narita အပြည်ပြည်ဆိုင်ရာလေဆိပ် တာဝန်ရှိသူများထံ တရားဝင် အသိပေးအကြောင်းကြားထားသည်။
အဆိုပါဆုံးဖြတ်ချက်သည် အရှေ့အလယ်ပိုင်းဒေသအတွင်း လုံခြုံရေးအခြေအနေ ပိုမိုဆိုးရွား လာခြင်းကြောင့် ဖြစ်သည်။
ပြီးခဲ့သည့် အောက်တိုဘာလအတွင်း ဆော်ဒီအာရေဗျနိုင်ငံ၏ အပြည်ပြည်ဆိုင်ရာလေဆိပ်ဖြစ်သော ရီယာ့ဒ်လေဆိပ်တွင် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး လူပေါင်း ၃၀၀ ကျော် ထိခိုက်သေဆုံးမှု ရှိကြောင်း သတင်းများတွင် ဖော်ပြထားသည်။
ဆော်ဒီအာရေဗျနှင့် ယီမင်နိုင်ငံရှိ အစိုးရဆန့်ကျင်ရေး ဟူသီလက်နက်ကိုင်အဖွဲ့တို့အကြား အပြန်အလှန် တိုက်ခိုက်မှုများလည်း ပိုမိုပြင်းထန်လာခဲ့သည်။ ယင်းအခြေအနေများကြောင့် ဒေသတွင်း လေကြောင်းပျံသန်းမှုများ၏လုံခြုံရေးအပေါ် စိုးရိမ်မှုများမြင့်တက်လာပြီး Saudia လေကြောင်းလိုင်းအနေဖြင့် ဂျပန်နိုင်ငံသို့ တိုက်ရိုက်ခရီးစဉ် စတင်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါတိုက်ရိုက်လေကြောင်းခရီးစဉ်သည် အထူးသဖြင့် စွမ်းအင်ကဏ္ဍတွင် လုပ်ကိုင်နေသည့် ကုမ္ပဏီများအပါအဝင် စီးပွားရေးလုပ်ငန်းများ၏ ခရီးသွားလာရေး လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။
Saudia လေကြောင်းလိုင်းသည် ဒေသတွင်း လုံခြုံရေးအခြေအနေ ပြောင်းလဲမှုများအပေါ်မူတည်၍ ယင်းလေကြောင်းခရီးစဉ်ကို ၂၀၂၇ ခုနှစ် ဇန်နဝါရီလလယ်ခန့်တွင် စတင်ပြေးဆွဲရန် လက်ရှိတွင် ရည်မှန်းထားသည်ဟု သတင်းရင်းမြစ်များကဆိုသည်။
သို့ရာတွင်အရှေ့အလယ်ပိုင်းဒေသ၏ လုံခြုံရေးအခြေအနေအပေါ်မူတည်နေသဖြင့် ခရီးစဉ် စတင်မည့်ရက်ကို အတိအကျအတည်ပြုထားခြင်း မရှိသေးပေ။
၂၀၂၇ ခုနှစ် ဇန်နဝါရီလတွင် ဆော်ဒီအာရေဗျနိုင်ငံ၌ စတင်ကျင်းပရန် စီစဉ်ထားသည့် အာရှဖလား ဘောလုံးပြိုင်ပွဲ (AFC Asian Cup) ကိုလည်း ရွှေ့ဆိုင်းလိုက်ပြီဖြစ်သည်။
အဆိုပါပြိုင်ပွဲကို မူလသတ်မှတ်ထားသည့်အချိန်ထက် နောက်ကျပြီး ၂၀၂၇ ခုနှစ် ဒီဇင်ဘာလအထိ ရွှေ့ဆိုင်းကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို