

နိုဝင်ဘာ - ၆ ( သောကြာနေ့ )
လုပ်ခလစာတွေ၊ ကုန်ဈေးနှုန်းကြီးမြင့်မှုတွေနဲ့ အစိုးရရဲ့ အသုံးစရိတ်လျှော့ချမှုတွေကြောင့် ပြင်သစ်နိုင်ငံ တစ်ဝန်းမှာ လူထုဆန္ဒပြပွဲတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေပါတယ်။ ကြာသပတေးနေ့က ပြုလုပ်တဲ့ တစ်နိုင်ငံလုံးဆိုင်ရာ အထွေထွေသပိတ်မှာ လူအုပ်ကြီးနဲ့ ရဲတပ်ဖွဲ့တို့ ထိပ်တိုက်ရင်ဆိုင်မှုတွေ ရှိခဲ့ပါတယ်။ ဒီနောက်ဆုံးထွက်ပေါ်လာတဲ့ မငြိမ်မသက်မှုတွေမှာ လူပေါင်း ၁.၆ သန်းနီးပါး ပါဝင်ခဲ့တယ် လို့ CGT အလုပ်သမားသမဂ္ဂက ခန့်မှန်းထားပါတယ်။
စတင်ဖြစ်ပွားခဲ့တာကတော့ ပညာရေးစရိတ်တွေနဲ့ ကျောင်းတွေရဲ့ အခြေအနေတွေအပေါ် ကျောင်းသားတွေရဲ့ အမုန်းတရား၊ ဒေါသတွေကြောင့်ဖြစ်ပြီး၊ အဲဒီကနေမှတစ်ဆင့် လူမှုရေး မညီမျှမှုတွေနဲ့ ပြည်သူ့ဝန်ဆောင်မှုတွေ ဖြတ်တောက်ခံရမှုတွေကို တော်လှန်တဲ့ ပိုပြီးကြီးမားတဲ့ လှုပ်ရှားမှုတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့တာပါ။ အောက်တိုဘာ ၁၇ ရက်နေ့မှာ အထွတ်အထိပ် ရောက်ခဲ့ပြီး လူပေါင်းသိန်းနဲ့ချီ ပါရီမြို့လမ်းမတွေပေါ်ထွက်လာကြကာ ကျယ်ကျယ်ပြန့်ပြန့် ဖျက်ဆီးလုယက်တာတွေ၊ မီးရှို့တာတွေနဲ့ ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေဖြစ်ပွားခဲ့ပါတယ်။ ဆန္ဒပြပွဲတွေဟာ စနေ၊ တနင်္ဂနွေ နှစ်ပတ်ဆက်တိုက်တိုင်အောင် ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။
ဒါပေမဲ့ ပြင်သစ်ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ကြာသပတေးနေ့က ဆန္ဒပြသူဦးရေဟာ ခြောက်သိန်းကျော် ရှိတယ်လို့ ဆိုပါတယ်။ ဒါဟာ စက်တင်ဘာလတုန်းက ပထမဆုံးအကြိမ် အဓိကဆန္ဒပြပွဲတွေ စတင်ခဲ့ချိန်ကစပြီး တရားဝင်ထုတ်ပြန်တဲ့ အမြင့်ဆုံးစာရင်းဖြစ်ပါတယ်။ CGT ရဲ့ အဆိုအရ မြို့ပေါင်း ၂၀၇ မြို့မှာ ချီတက်ဆန္ဒပြခဲ့ကြပြီး ပါရီမြို့တစ်မြို့တည်းမှာတင် လူပေါင်း ၃၅၀,၀၀၀ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ ဒီသပိတ်ကြောင့် ကျောင်းတွေနဲ့ အချို့သော သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေလည်း ထိခိုက်ပျက်ယွင်းခဲ့ရပြီး အီဖယ်မျှော်စင်ကိုလည်း တစ်ရက်တာ ပိတ်ထားခဲ့ရပါတယ်။
ရဲတွေနဲ့ ဆန္ဒပြသမားတွေ ရုန့်ရင်းဆန်ခတ် ဖြစ်ရတဲ့ အကြောင်းကတော့ ရဲတွေက ဆန္ဒပြသမားတွေကို နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အဆောက်အအုံတွေဘက်ကို လာပြီး ဆန္ဒမပြဖို့အတွက် အခြားသော လမ်းကြောင်းတွေကို ပဲ ခွင့်ပြုပေးခဲ့လို့ ဖြစ်ပါတယ်။
REF: RT
#News #Myanmar
