

UN ရုံးရှေ့မှာ ဆန္ဒသွားပြရာမှ ထိုင်းအမျိုးသားရေးသမားများရဲ့ မောင်းထုတ်ခြင်းခံရတဲ့ ဆူရက် ဆိုသူသည် ထိုင်းနိုင်ငံအတွင်း တရားမဝင် အထောက်အထားဖြင့် နေထိုင်လျက်ရှိခြင်းကြောင်း "ဆူရတ်ဂီရိ(ခ) ဆူလတ်ဆိုင်ထောင် ၏ မွေးစာရင်း (ပုံစံ TR.20/1) ကို ထိုင်းအာဏာပိုင်းများက ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း Kanchanaburi News တွင် ဖော်ပြထားသည်။
Kanchanaburi News က ဖော်ပြထားသည်မှာ -
ကန်ချနပူရီပြည်နယ် အုပ်ချုပ်ရေးအဖွဲ့သည် မြန်မာရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးလှုပ်ရှားသူ ဆူရတ်ဂီရိ(ခ) ဆူလတ်ဆိုင်ထောင် ၏ မွေးစာရင်း (ပုံစံ TR.20/1) ကို ရုပ်သိမ်းသည့်အမှုကို ရှင်းလင်းပြောကြားခဲ့ပြီး ၎င်း၏ မွေးရပ်မြေနှင့် သက်သေထွက်ဆိုချက်များနှင့် ပတ်သက်၍ ကွဲလွဲမှုများ တွေ့ရှိပြီးနောက် ရုပ်သိမ်းလိုက်ခြင်းဖြစ်ကြောင်း၊ တာဝန်ရှိသူတစ်ဦးကို မဟုတ်မမှန် ထွက်ဆိုချက်ပေးမှုဖြင့် ဆိုင်ယွတ်ရဲစခန်းသို့ တိုင်ကြားချက်တစ်ခု တင်သွင်းထားကြောင်း၊ တစ်ချိန်တည်းမှာပင် တရားမဝင် မှတ်ပုံတင်ခြင်းကို စုံစမ်းစစ်ဆေးပြီး ရုပ်သိမ်းရန် စဉ်းစားနေကြောင်း ဖော်ပြထားသည်။
ဆိုင်ယွတ်ရဲစခန်း က ဆူရတ်ဂီရိ(ခ) ဆူလတ်ဆိုင်ထောင် ကို မွေးစာရင်းမှတ်ပုံတင်ရာမှာ မှားယွင်းတဲ့အထောက်အထားတွေ အသုံးပြုမှုနဲ့ တရားစွဲဆိုဖို့ ပြင်ဆင်နေကြောင်း ဖော်ပြထားသည်။
အဆိုပါ အမှုဖြစ်စဉ်နှင့် ပတ်သက်၍ ထိုင်းအမျိုးသားရေးလှုပ်ရှားသူတစ်ဦး က - ဒါပေမယ့် ဒီကိစ္စက အဆုံးတော့ မဟုတ်သေးပါဘူး။ စုံစမ်းစစ်ဆေးဖို့ လိုအပ်တဲ့ အမှုတွေလည်း အများကြီးရှိပါသေးတယ်။ အထူးသဖြင့် ကန်ချနဘူရီခရိုင်၊ ကော့ဆမ်ရုံမြို့နယ်၊ ကျေးရွာ ၅ မှာ ဒေသန္တရအာဏာပိုင်တွေ ပါဝင်ပတ်သက်ပြီး နိုင်ငံမဲ့မှတ်ပုံတင်ကတ် (၀ နဲ့စတဲ့ ကတ်တွေ) မှတ်ပုံတင်ဖို့ ခေါ်ဆောင်လာတယ်လို့ သံသယရှိတဲ့ မြန်မာနိုင်ငံသား ထောင်ပေါင်းများစွာနဲ့ ပတ်သက်တဲ့ အချက်အလက်တွေပါ။ ပြည်ထဲရေးဝန်ကြီးဌာန၊ လူပုဂ္ဂိုလ်တွေကိုပဲ စုံစမ်းစစ်ဆေးမနေပါနဲ့။ မွေးစာရင်းမှတ်ပုံတင်သူ၊ စာရွက်စာတမ်းတွေကို အတည်ပြုသူ၊ စာရွက်စာတမ်းတွေကို စီမံဆောင်ရွက်ပေးတဲ့ အရာရှိတွေကနေ အဲဒီစာရွက်စာတမ်းတွေကနေ ရပိုင်ခွင့်ရရှိသူအားလုံးအထိ လုပ်ငန်းစဉ်တစ်ခုလုံးကို သေချာစွာ စုံစမ်းစစ်ဆေးပေးပါ" ဆိုပြီး ထောက်ပြပြောဆိုထားပါတယ်။
ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံဘက်မှ ရောက်ရှိလာပြီး ထိုင်းနိုင်ငံအတွင်း မွေးဖွားသူများကို ထုတ်ပေးသည့် ကတ်တစ်မျိုးဖြစ်ကြောင်း၊ ထိုင်းနိုင်ငံထဲမှာ မွေးဖွားပြီး ထိုင်းနိုင်ငံမှာ ကျောင်းတက်သည့် မွန်၊ ကရင်၊ ဗမာ အစရှိသူများကို ထုတ်ပေးခြင်းဖြစ်ပြီး ဆူရတ်ဂီရိ(ခ) ဆူလတ်ဆိုင်ထောင် သည် အဆိုပါ ပုံစံကို မှားယွင်းသောအချက်အလက်များနှင့် အတုပြုလုပ်ဖန်တီးထားခြင်း ဖြစ်နိုင်ကြောင်း ထိုင်းနိုင်ငံတွင် နေထိုင်ခဲ့ဖူးသည့် ကိုမောင်စိုး က မှတ်ချက်ပြုထားသည်။
#News #Myanmar
