
Debrecen ၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)
ဆဋ္ဌမအကြိမ်မြောက် ဟန်ဂေရီဘက်ထရီနေ့ ညီလာခံကို နိုဝင်ဘာလ ၄ ရက်တွင် ဟန်ဂေရီနိုင်ငံ အရှေ့ပိုင်းရှိ Debrecen မြို့တွင် ဖွင့်လှစ်ခဲ့သည်။ ညီလာခံတက်ရောက်လာသော လုပ်ငန်းနယ်ပယ်မှ ပုဂ္ဂိုလ်များက တရုတ်ကုမ္ပဏီလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာအားသာချက်များသည် ဥရောပ ဘက်ထရီလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသော အခွင့်အလမ်းများကို ယူဆောင်လာမည်ဖြစ်ပြီး တရုတ်နှင့် ဥရောပနှစ်ဖက်အနေဖြင့် ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေကာ လုပ်ငန်းယှဉ်ပြိုင်နိုင်စွမ်း မြှင့်တင်မှုနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးသင့်သည်ဟု ပြောကြားခဲ့သည်။
ဥရောပအဆင့်မြင့် အားပြန်သွင်းနိုင်သော ဘက်ထရီများနှင့် လီသီယမ်ဘက်ထရီများဆိုင်ရာ ဥရောပအသင်းအဖွဲ့ RECHARGE ၏ ညွှန်ကြားရေးမှူးချုပ် Ilka von Dalwigk က ဆင်ဟွာသတင်းထောက်၏ မေးမြန်းမှုကို ဖြေကြားရာတွင် တရုတ်နိုင်ငံသည် ဘက်ထရီနည်းပညာနယ်ပယ်တွင် ရှေ့တန်းမှ ရပ်တည်နေပြီး တရုတ်-ဥရောပ ပူးပေါင်းဆောင်ရွက်မှုသည် ဥရောပအတွက် တရုတ် နည်းပညာနှင့် အတွေ့အကြုံများကို သင်ယူရန် ကောင်းမွန်သော အခွင့်အလမ်း ပေးအပ်သည်ဟု ပြောကြားသည်။
အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ (IEA) ၏ စွမ်းအင်မော်ဒယ်ရေးဆွဲသူ Oskaras Alsauskas က လျှပ်စစ်မော်တော်ကားနှင့် စွမ်းအင်သိုလှောင်မှုလုပ်ငန်း၏ ဖွံ့ဖြိုးတိုးတက်မှုသည် ဘက်ထရီဝယ်လိုအား တိုးတက်မှုကို ဆက်လက် တွန်းအားပေးမည်ဖြစ်ပြီး ဝယ်လိုအားရှိသည့် ဒေသများ ဖြန့်ကြက်မှုသည်လည်း ပိုမိုမျိုးစုံလာမည် ဖြစ်သည်ဟု ပြောကြားသည်။ ဘက်ထရီလုပ်ငန်းသည် စွမ်းအင်လျှပ်စစ်ဓာတ်အားအသွင်ပြောင်းရေးအတွက် အဓိကအထောက်အပံ့ ပေးရုံသာမက ထွန်းသစ်စလုပ်ငန်းများအတွက်လည်း အရေးပါသော ဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်းများကို ယူဆောင်လာသည်။
ယခုအကြိမ်ညီလာခံသည် နှစ်ရက်ကြာ ကျင်းပမည်ဖြစ်ပြီး နိုင်ငံနှင့် ဒေသပေါင်း ၂၀ ကျော်မှ လုပ်ငန်းနယ်ပယ်ကျွမ်းကျင်သူများ၊ ကုမ္ပဏီလုပ်ငန်း တာဝန်ရှိပုဂ္ဂိုလ်များနှင့် မူဝါဒချမှတ်ရေး ပုဂ္ဂိုလ်များ တက်ရောက်ကြခဲ့သည်။ ၎င်းတို့တွင် CATL၊ EVE Energy ၊ SEMCORP စသည့် တရုတ်ကုမ္ပဏီလုပ်ငန်းများမှ ကိုယ်စားလှယ်များ ပါဝင်သည်။ (Xinhua)

………………………..
(Chinese Version)
行业人士看好中欧电池产业合作前景
新华社匈牙利德布勒森11月4日电(记者陈浩 周欣)第六届匈牙利电池日大会4日在匈牙利东部城市德布勒森开幕。与会行业人士表示,中国企业的投资和技术优势将为欧洲电池产业发展带来重要机遇,中欧双方应加强合作,推动产业竞争力提升和可持续发展。
欧洲先进可充电与锂电池产业协会总干事伊尔卡·冯·达尔维克在接受新华社记者采访时表示,中国在电池技术领域走在前列,中欧合作为欧洲学习中国技术和经验提供了良好机会。
国际能源署能源建模师奥斯卡拉斯·阿尔绍斯卡斯表示,电动汽车和储能行业的发展将继续带动电池需求增长,需求的地区分布也将更加多元。电池产业不仅为能源电气化转型提供关键支撑,也为新兴产业带来重要的发展机遇。
本届大会为期两天,来自20多个国家和地区的行业专家、企业负责人和决策者参加,其中包括宁德时代、亿纬锂能、恩捷等中国企业代表。(完)
图说1:11月4日,在匈牙利德布勒森,嘉宾在第六届匈牙利电池日大会上参加讨论。新华社发(匈牙利白皮书咨询公司供图)
图说2:这是11月4日在匈牙利德布勒森拍摄的第六届匈牙利电池日大会现场。新华社发(匈牙利白皮书咨询公司供图)