Xinhua Myanmar

ရုရှား-ယူကရိန်းအရေးနှင့်ပတ်သက်၍ “အရေးပါသော သဘောတူညီချက်” ရရှိမည်ဟု ထရမ့် ပြောကြား

အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်ရှိ အိမ်ဖြူတော်၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်နေသည်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ)

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရုရှား-ယူကရိန်းအရေးနှင့်ပတ်သက်၍ “အရေးပါသော သဘောတူညီချက်” တစ်ရပ် ရရှိတော့မည်ဖြစ်ကြောင်းနှင့် ရုရှား-ယူကရိန်းအရေး ဖြေရှင်းနိုင်ရန် အလွန်နီးစပ်နေပြီဟု ယူဆကြောင်း နိုဝင်ဘာ ၅ ရက်တွင် အိမ်ဖြူတော်၌ မီဒီယာများအား ပြောကြားခဲ့သည်။

အဆိုပါသဘောတူညီချက်၏ အကျုံးဝင်မှုသည် ယူကရိန်းနိုင်ငံတစ်နိုင်ငံတည်းတွင်သာ ကန့်သတ်မည်မဟုတ်ဘဲ ဥရောပတစ်ဝန်းလုံးကိုပင် လွှမ်းခြုံနိုင်ကြောင်း ထရမ့်က ပြောကြားခဲ့သည်။

ထို့ပြင် ၎င်းသည် ရုရှားသမ္မတ၏ အထူးကိုယ်စားလှယ် Kirill Dmitriev ကို အိမ်ဖြူတော်၌ တွေ့ဆုံခဲ့သော်လည်း ယူကရိန်းကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ခြင်းမရှိကြောင်း ထရမ့်က ပြောကြားခဲ့သည်။ ၎င်းအနေဖြင့် တွေ့ဆုံဆွေးနွေးမှု၏ အသေးစိတ်အကြောင်းအရာများကို ထုတ်ဖော်ပြောကြားရန် ဆန္ဒမရှိကြောင်း သိရသည်။

ထရမ့်၏ ဇနီး မယ်လန်နီယာသည် ရုရှားနှင့် ယူကရိန်းအကြား Oleshky အပစ်အခတ်ရပ်စဲရေးကို ချောမွေ့စွာ အကောင်အထည်ဖော်နိုင်ရေးနှင့်ပတ်သက်၍ နိုဝင်ဘာ ၅ ရက်တွင် အိမ်ဖြူတော်၌ ရုရှားနှင့် ယူကရိန်း တာဝန်ရှိသူများကို တွေ့ဆုံခဲ့သည်။ အဆိုပါအခမ်းအနားသို့ Kirill Dmitriev၊ ယူကရိန်းအာဏာရ Servant of the People ပါတီ၏ လွှတ်တော်ပါတီအစုအဖွဲ့ဥက္ကဋ္ဌ Davyd Arakhamia နှင့် ယူကရိန်းပါလီမန် (Verkhovna Rada) ၏ လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်နာ Dmytro Lubinets တို့ တက်ရောက်ခဲ့ကြသည်။

ထရမ့်၏ သားမက်ဖြစ်သူ Jared Kushner ကလည်း ယင်းနေ့တွင် လူမှုမီဒီယာ၌ ရေးသားဖော်ပြရာ၌ အမေရိကန်၊ ယူကရိန်း၊ နေတိုး (NATO) နှင့် ဥရောပမိတ်ဖက်နိုင်ငံများသည် နိုဝင်ဘာ ၅ ရက်တွင် ဘရပ်ဆဲလ်မြို့၌ အကျိုးဖြစ်ထွန်းပြီး လက်တွေ့ကျသော ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ ဆွေးနွေးမှုများတွင် ယူကရိန်းနိုင်ငံအတွက် လုံခြုံရေးအာမခံချက်များနှင့် ပိုမိုကျယ်ပြန့်သော ဥရောပလုံခြုံရေးမူဘောင်ဆိုင်ရာ ကိစ္စရပ်များ ပါဝင်ကြောင်း ဖော်ပြခဲ့သည်။

အမေရိကန်သမ္မတ၏ အထူးကိုယ်စားလှယ် Steve Witkoff ကလည်း နိုဝင်ဘာ ၂ ရက်တွင် လူမှုမီဒီယာတွင် ရေးသားဖော်ပြရာ၌ ရုရှား-ယူကရိန်း ပဋိပက္ခ အဆုံးသတ်ရေးကို အထောက်အကူပြုရန် အမေရိကန်ဘက်က အာရပ်စော်ဘွားများပြည်ထောင်စု (UAE) မြို့တော် အဘူဒါဘီ၌ နိုဝင်ဘာ ၁၀ ရက်မှ ၁၁ ရက်အထိ ယူကရိန်းနှင့် ရုရှားအကြား လုပ်ငန်းအဆင့်ဆွေးနွေးပွဲများကို ကြားဝင်စေ့စပ်ညှိနှိုင်းပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

-----------------------

(Chinese Version)

特朗普称将就俄乌问题达成“重大协议”

新华社华盛顿11月5日电(记者黄强 徐剑梅)美国总统特朗普5日在白宫对媒体说,将就俄乌问题达成“重大协议”,他认为距离解决俄乌问题已经“非常接近”。

特朗普说,该协议涉及的范围将不仅限于乌克兰,甚至可能涵盖整个欧洲。

特朗普还说,他在白宫会见了俄罗斯总统特别代表基里尔·德米特里耶夫,但没有会见乌克兰代表。他不愿透露会谈的具体内容。

特朗普的夫人梅拉尼娅5日在白宫就俄乌顺利实施奥列什基停火会见了俄乌官员。基里尔·德米特里耶夫、乌克兰执政党人民公仆党议会党团主席达维德·阿拉哈米亚和乌最高拉达(议会)人权事务专员德米特罗·卢比涅茨出席了活动。

特朗普的女婿库什纳当天在社交媒体发文说,美国与乌克兰、北约及欧洲伙伴5日在布鲁塞尔进行了富有成效且实质性的讨论,议题涉及对乌克兰的安全保障以及更广泛的欧洲安全架构。

美国总统特使威特科夫2日在社交媒体发文说,美方将于10日至11日在阿联酋首都阿布扎比斡旋乌克兰与俄罗斯之间的工作层级谈判,以推动结束俄乌冲突。

图说 :1月20日,在美国首都华盛顿白宫,美国总统特朗普出席记者会。 新华社发(李源清摄)

မူရင်းသတင်း — Xinhua Myanmar