Xinhua Myanmar

ပြင်သစ်နိုင်ငံ အသစ်တစ်ကြိမ် စီတန်းလှည့်လည်ဆန္ဒပြမှုအတွင်း နိုင်ငံတစ်ဝန်း လူ ၅၇၅,၀၀၀ ထက်မနည်း လမ်းမပေါ်သို့ တက်ရောက်

ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် ဆန္ဒပြသူတစ်ဦးက ပြင်သစ်နိုင်ငံတော်အလံအား ဝှေ့ယမ်းနေသည်ကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပဲရစ်၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)

ပြင်သစ်နိုင်ငံတစ်ဝန်း ပဲရစ်မြို့အပါအဝင် ဒေသအများအပြား၌ နိုဝင်ဘာ ၅ ရက်က အသစ်တစ်ကြိမ် စီတန်းလှည့်လည် ဆန္ဒပြမှု ဖြစ်ပွားခဲ့သည်။ ပြင်သစ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန၏ ကနဦး စာရင်းကောက်ယူမှုအရ နိုင်ငံတစ်ဝန်း လူ ၅၇၅,၀၀၀ ခန့် လမ်းမပေါ်ထွက်၍ဆန္ဒပြခဲ့ကြရာ ပမာဏသည် စံချိန်တင်ခဲ့ပြီး ပြင်သစ်နိုင်ငံ၏ ယခုနှစ် ဆောင်းဦးကာလ ဆန္ဒပြလှိုင်းဖြစ်ပွားပြီးနောက် ပမာဏအများဆုံး တစ်ကြိမ်ဖြစ်သည်။

ထို့ပြင် ဆန္ဒပြမှုအား ပါဝင်အဆိုပြုသည့် ပြင်သစ်နိုင်ငံ အလုပ်သမား သမဂ္ဂအဖွဲ့ချုပ် (CGT) က ထိုနေ့တွင် နိုင်ငံတစ်ဝန်း၌ လူ ၁.၆ သန်းခန့် လမ်းမပေါ်ထွက်၍ ဆန္ဒပြခဲ့ကြပြီး ၎င်းအနက် ပဲရစ်မြို့တွင် ၃၅၀,၀၀၀ ရှိ‌ကြောင်း ဆိုခဲ့သည်။

ထိုနေ့တွင် ပဲရစ်၊ လီယွန်း၊ မာဆေး၊ စတာရက်စ်ဘာ့ဂ်၊ ဘော့်ဒိုး၊ ရန်းစ်၊ မွန်ပီလီယာ စသည့် ဒေသများမှ ‌ပြည်သူများ လမ်းမပေါ်ထွက်၍ဆန္ဒပြခဲ့ကြကြောင်း၊ ဒေသအများအပြား၌ စီတန်းလှည့်လည်မှုများတွင် အကြမ်းဖက်လုပ်ရပ်များလည်းပါဝင်ပြီး ယာယီအားဖြင့် အကြီးအကျယ် ဆူပူသောင်းကျန်းမှု မရှိသေးကြောင်း ပြင်သစ်မီဒီယာများ သတင်းဖော်ပြချက်အရ သိရသည်။

စီတန်းလှည့်လည်သည့် စည်းစနစ်အား ကာကွယ်ထိန်းသိမ်းရန် ပြင်သစ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနက တစ်နိုင်ငံလုံးအတိုင်းအတာအတွင်း၌ ရဲတပ်ဖွဲ့ဝင်နှင့် စစ်ဘက်ရဲတပ်ဖွဲ့ဝင် ၇၀,၀၀၀ ဖြန့်ကြက်နေရာချထားခဲ့သည်။ သတင်းထုတ်ပြန်ချိန်အထိ ဆန္ဒပြလှုပ်ရှားမှုအတွင်း ဖမ်းဆီးခံရသူ ၄၄၈ ဦး ရှိခဲ့ပြီဖြစ်သည်။

ပြင်သစ်နိုင်ငံ ဝန်ကြီးချုပ် Sébastien Lecornu က နိုဝင်ဘာ ၉ ရက်တွင် ပြင်သစ်နိုင်ငံ အလုပ်သမား သမဂ္ဂအဖွဲ့ချုပ် (CGT) ၊ ပြင်သစ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များအသင်း (MEDEF) ကိုယ်စားလှယ်များနှင့် အစည်းအဝေးကျင်းပကာ ပြည်သူများ၏ တောင်းဆိုချက်ကို တုံ့ပြန်သွားမည်ဖြစ်ကြောင်း ပြင်သစ်ဝန်ကြီးချုပ်ရုံးက ထိုနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ပြင်သစ်နိုင်ငံ၏ ယခုနှစ် ဆောင်းဦး ဆန္ဒပြမှုလှိုင်းသည် စက်တင်ဘာမှစတင်ခဲ့ပြီး နောက်ပိုင်းတွင် နိုင်ငံတစ်ဝန်း လူမှုရေးလှုပ်ရှားမှုအဖြစ် တိုးတက်ပြောင်းလဲလာခဲ့သည်။ အောက်တိုဘာ ၁၇ ရက်တွင် ကျင်းပခဲ့သော အကြီးစားဆန္ဒပြမှုသည် ပြင်းထန်သော ဆူပူသောင်းကျန်းမှု ဖြစ်လာခဲ့ပြီး နိုင်ငံတစ်ဝန်း ဆိုင်ခန်း ၃,၀၀၀ ခန့် လုယက်ခံရခြင်း သို့မဟုတ် ရိုက်ခွဲခံရခြင်း ဖြစ်ခဲ့သလို အချို့သော အများပြည်သူအဖွဲ့အစည်း အဆောက်အဦများသည်လည်း ပျက်စီးခဲ့ကြောင်း သိရသည်။ (Xinhua)

---------------------

(Chinese Version)

法国新一轮示威游行全国至少57.5万人上街

新华社巴黎11月5日电(记者乔本孝)包括巴黎在内的法国多地5日举行新一轮示威游行。据法国内政部初步统计,全国约有57.5万人上街,规模创新高,是法国今秋抗议浪潮以来规模最大的一次。

另据参与发起示威的法国工会方面称,当天全国约有160万人上街,其中巴黎有35万人。

据法媒报道,当天巴黎、里昂、马赛、斯特拉斯堡、波尔多、雷恩、蒙彼利埃等多地民众上街抗议。多地游行伴随暴力行为,暂未出现大规模骚乱。

为维护游行秩序,法国内政部在全国范围内部署7万名警察和宪兵。截至记者发稿,已有448人在抗议活动期间被捕。

法国总理府当天宣布,法国总理勒科尔尼将于9日与工会和雇主协会代表举行会议,回应民众诉求。

法国今秋抗议浪潮自9月而起,后发展成全国性社会运动。10月17日举行的大型示威酿成严重骚乱,全国约3000家商铺遭劫掠或打砸,部分地区公共机构建筑被损毁。(完)

图说1:11月5日,在法国巴黎,一名示威者挥舞法国国旗。新华社记者 邬惠我 摄

图说2:11月5日,在法国巴黎,安全人员在示威游行现场执勤。新华社发(奥雷利安·莫里萨尔摄)

ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် လုံခြုံရေးဝန်ထမ်းများက စီတန်းလှည့်လည် ဆန္ဒပြသည့် နေရာတွင် တာဝန်ထမ်းဆောင်နေသည်ကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မူရင်းသတင်း — Xinhua Myanmar