နေပြည်တော် နိုဝင်ဘာ ၆
နိုင်ငံတော်၏ မူဝါဒများ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ရေးရာစီမံခန့်ခွဲရေးတို့ကို လေ့လာသိရှိနိုင်စေရန် ဒေသန္တရဗဟုသုတလေ့လာရေးခရီးစဉ်များကို ကျောင်းသား ကျောင်းသူ လူငယ်များအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပြီး သက်ဆိုင်ရာကျောင်းများအလိုက် ပုံမှန်အလှည့်ကျ သွားရောက်နိုင်ရန် စီမံထားရှိကြောင်း သိရသည်။
ထိုသို့ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတို့မှ ကျောင်းသား ကျောင်းသူများသည် အမျိုးသားပြတိုက် (နေပြည်တော်) နှင့် တပ်မတော်စစ် သမိုင်းပြတိုက် (နေပြည်တော်) တို့ကို အဖွဲ့နှစ်ဖွဲ့ခွဲ၍ လေ့လာရေးသွားရောက်ကြသည်။
“စာတွေ့သင်ကြားရုံတင်မကဘဲ အခုလို သမိုင်းဝင်အထင်ကရပြတိုက်ကြီးတွေကို ကျောင်းသား ကျောင်းသူတွေ ကိုယ်တိုင်ကိုယ်ကျ လေ့လာကြည့်ရှုခွင့်ရတဲ့အတွက် အသိအမြင်နဲ့ ဗဟုသုတတွေ ပိုမိုတိုးပွားလာစေမှာ ဖြစ်ပါတယ်။ အမျိုးသားပြတိုက်မှာလေ့လာပြီးတာနဲ့ စစ်သမိုင်းပြတိုက်ကို ဆက်လက်သွားရောက်လေ့လာမှာဖြစ်ပါတယ်။ တပ်မတော်စစ်သမိုင်းပြတိုက်ကို သွားရောက်တဲ့ လေ့လာရေးအဖွဲ့ကလည်း အမျိုးသားပြတိုက်ကိုလာရောက်လေ့လာ ကြမှာဖြစ်ပါတယ်” ဟု လယ်ဝေးမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဝင်းမြင့်ဦးကပြောသည်။
အမျိုးသားပြတိုက်ကို လာရောက်လေ့လာသည့် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ လေ့လာရေးအဖွဲ့တွင် အုပ်ချုပ်သူ ဆရာ ဆရာမနှင့် ကျောင်းသား ကျောင်းသူ ၈၄ ဦး ပါဝင်သည်။
“ဒီနေ့မှာ ကျွန်တော်တို့ ကျောင်းကသူငယ်ချင်းတွေနဲ့အတူ နေပြည်တော် အမျိုးသားပြတိုက်ကြီးကို လာရောက်လေ့လာခွင့်ရခဲ့ပါတယ်။ ကြေးခေတ်၊ ကျောက်ခေတ်၊ သံခေတ်က ရှေးဟောင်းရုပ်ကြွင်းတွေနဲ့ နှစ်သန်းပေါင်းများစွာက ကျန်ရစ်ခဲ့တဲ့ ပရိုင်းမိတ်ကျောက်ဖြစ် ရုပ်ကြွင်းတွေကို စိတ်ဝင်စားဖွယ် မျက်မြင်ကိုယ်တွေ့ လေ့လာခဲ့ရပါတယ်။ အထူးသဖြင့် ကမ္ဘာ့မှတ်တမ်းအမွေအနှစ်စာရင်းဝင် မြစေတီကျောက်စာ အပါအဝင် အဖိုးတန်ကျောက်စာပေါင်းစုံကို လေ့လာခွင့်ရခဲ့တာဟာ ကျွန်တော်တို့နိုင်ငံအတွက် အဖိုးဖြတ်မရတဲ့ အမွေအနှစ်တွေကို တွေ့မြင်လိုက်ရသလို ခံစားရပါတယ်။ အခုလို မျက်မြင်လေ့လာခွင့်ရတဲ့အတွက် ကျောင်းသားတစ်ယောက်အနေနဲ့ အသိပညာဗဟုသုတတွေ အများကြီးရရှိခဲ့ပြီး အတိုင်းမသိ ဝမ်းသာပီတိ ဖြစ်ရပါတယ်” ဟု အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား မောင်ဘုန်းပြည့်သျှန်က ပြောကြားသည်။
အဆိုပါ လေ့လာရေးအဖွဲ့သည် အမျိုးသားပြတိုက်သို့ သွားရောက်လေ့လာစဉ် အမျိုးသားပြတိုက် (နေပြည်တော်) မှ တာဝန်ရှိသူများနှင့် ပြတိုက်လမ်းညွှန်ဝန်ထမ်းများက ပြတိုက်ဆိုင်ရာ သမိုင်းကြောင်းအကျဉ်းနှင့် ပြကွက်များအလိုက် ခင်းကျင်းပြသထားမှုအခြေအနေကို ရှင်းလင်းပြောကြားပြီး ကျောင်းသား ကျောင်းသူများကိုအဖွဲ့များခွဲ၍ လိုက်လံရှင်းလင်း ပြသပေးကြသည်။
“ဒီနေ့မှာတော့ အမျိုးသားပြတိုက်ကို သူငယ်ချင်းတွေနဲ့အတူ လေ့လာရေး လာရောက်တာ ဖြစ်ပါတယ်။ ဒီနေ့လေ့လာ ရေးခရီးစဉ်မှာ လက်ဆောင်ပစ္စည်းများ ပြခန်းကိုဝင်ရောက် လေ့လာခဲ့တယ်။ အဲဒီပြခန်းမှာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ အိန္ဒိယသမ္မတနိုင်ငံတို့ကနေ မြန်မာနိုင်ငံကိုပေးအပ်ထားတဲ့ ချစ်ကြည်ရေးလက်ဆောင်ပစ္စည်းတွေကို တွေ့ရှိလေ့လာခဲ့ရတယ်။ နိုင်ငံအသီးသီးက ပေးအပ်ထားတဲ့ ချစ်ကြည်ရေးလက်ဆောင်ပစ္စည်းတွေနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေ တိုးပွားသိရှိ ခွင့်ရရှိခဲ့ပါတယ်” ဟု အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူ မနန်းခင်ရှင်းသန့်က ပြောသည်။
လေ့လာရေးအဖွဲ့သည် အမျိုးသားပြတိုက်အတွင်း ပြသထားသည့် ပရိုင်းမိတ်နှင့် ကျောက်ဖြစ်ရုပ်ကြွင်းပြခန်း၊ သမိုင်းမတင်မီခေတ်ပြခန်း၊ သမိုင်းတင်ခေတ်ပြခန်း၊ သမိုင်းတင်ခေတ်ဦးပြခန်း၊ မြန်မာ့ပန်းချီပြခန်း၊ မြန်မာ့အနုသုခုမပြခန်းနှင့် လက်ဆောင်ပစ္စည်းများ ပြခန်းတို့ကို စိတ်ဝင်တစားလေ့လာကြည့်ရှုကြပြီး သိရှိလိုသည်များကို မေးမြန်းရာ သက်ဆိုင်ရာပြခန်းတာဝန်ရှိသူများက အသေးစိတ်ပြန်လည်ရှင်းလင်းဖြေကြားကြသည်။
ထို့အတူ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ အုပ်ချုပ်သူ ဆရာ ဆရာမနှင့် ကျောင်းသား ကျောင်းသူ ၁၂၀ ပါဝင်သည့် လေ့လာရေးအဖွဲ့သည် တပ်မတော်စစ်သမိုင်းပြတိုက်သို့ သွားရောက်လေ့လာစဉ် ပြတိုက်တာဝန်ရှိသူများက တပ်မတော်စစ်သမိုင်းပြတိုက်အတွင်း တပ်မတော် (ကြည်း) ပြခန်း၊ တပ်မတော် (ရေ) ပြခန်းနှင့် တပ်မတော် (လေ) ပြခန်းများနှင့်စပ်လျဉ်း၍ ကဏ္ဍအလိုက်ပြကွက်များ ခင်းကျင်းပြသထားရှိမှုကို လိုက်လံရှင်းလင်းပြသကြရာ ကျောင်းသား ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။
“အခုလို တပ်မတော်စစ်သမိုင်းပြတိုက်ကို လာရောက်လေ့လာခွင့်ရတဲ့အတွက် ဗဟုသုတ အများကြီးရပါတယ်။ သမိုင်းဆိုင်ရာ အထောက်အထားတွေကို သိခွင့်ရတယ်။ မြန်မာ့တပ်မတော် စတင်ပေါ်ပေါက်လာချိန်ကနေ ဒီနေ့အထိ လွတ်လပ်ရေးအတွက် မြန်မာ့တပ်မတော်က ဦးဆောင်တိုက်ပွဲဝင်ခဲ့တာတွေအပါအဝင် တပ်မတော်ရဲ့သမိုင်းဝင်ဆောင်ရွက်မှုတွေကိုလည်း လေ့လာသိရှိခွင့်ရရှိခဲ့ပါတယ်” ဟု အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူ မမေမြတ်ကိုကိုက ပြောကြားသည်။
ထို့ပြင် တပ်မတော် (လေ) ပြင်ပ ပြကွက်တွင် ခင်းကျင်းပြသထားသည့် ခေတ်အဆက်ဆက် အသုံးပြုခဲ့သော တပ်မတော်လေယာဉ်များကိုလည်း ကြည့်ရှုလေ့လာကြပြီး အမှတ်တရဓာတ်ပုံများ ရိုက်ကြသည်။
မင်းကျော်စွာ၊ ဓာတ်ပုံ- ကိုအေးသန်း