နေပြည်တော် နိုဝင်ဘာ ၆
ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်၌ အမျိုးသားတစ်ဦးအား သတ်ဖြတ်၍ လုယက်မှုကျူးလွန်ခဲ့သည့် တရားခံအမျိုးသား သုံးဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ် အမှတ် (၁၁) ရပ်ကွက်နေ ဦးထွန်းထွန်းရီ (၆၃) နှစ်သည် နိုဝင်ဘာ ၂ ရက် နံနက်ပိုင်းက တစ်ရပ်ကွက်တည်းနေ အစ်မဖြစ်သူ၏ နေအိမ်သို့ သွားရောက်စဉ် အမျိုးသားတစ်ဦး လိုက်ပါလာပြီး အသင့်ပါလာသော ဓားဖြင့်ထိုး၍ ထွက်ပြေးသွားခဲ့သဖြင့် ဦးထွန်းထွန်းရီတွင် ဓားဖြင့်ထိုးသွင်းလျက် ဒဏ်ရာတစ်ချက်ရရှိကာ သေဆုံးသွားခဲ့သောကြောင့် အစ်ကိုဖြစ်သူ ဦးချစ်ကိုကိုက ပြစ်မှုကျူးလွန်သူတရားခံအား ဖော်ထုတ်အရေးယူပေးပါရန် တိုင်တန်းချက်အရ လမ်းမတော်မြို့မရဲစခန်း (ပ) ၁၀၂/ ၂၀၂၆ ၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုရေးဖွင့်ဆောင်ရွက်ခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြစ်မှုကျူးလွန်သူတရားခံအား ဖမ်းဆီးနိုင်ရေး အခင်းဖြစ်ရပ်မှတ်တမ်းများကို စစ်ဆေးဆောင်ရွက်ခြင်း၊ နယ်မြေသတင်းစုံစမ်းခြင်းများ ဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူ တရားခံများဖြစ်ကြသည့် လမ်းမတော်မြို့နယ် (၃) ရပ်ကွက်နေ တရားခံ ဆန်းလင်းအောင် (ခ) ဒိုလေး (၃၉) နှစ်အား ယမန်နေ့ ညနေပိုင်းတွင် ၎င်း၏နေအိမ်၌ ပြစ်မှုကျူးလွန်ရာမှ ရရှိခဲ့သည့် သက်သေခံဘဏ်စာအုပ်တစ်အုပ်နှင့် လည်းကောင်း၊ ယနေ့ မွန်းလွဲပိုင်းတွင် လသာမြို့နယ် (၆) ရပ်ကွက်နေ တရားခံ ဝေဖြိုးအောင် (ခ) ကိုဖြိုး (၄၄) နှစ်အား ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် ရေလဲကလေးကျေးရွာ လှေဆိပ်အနီး၌ လည်းကောင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူမီးရထားရပ်ကွက်နေ တရားခံဇော်ကြီး (ခ) ဇော်မင်းဦး (၄၂) နှစ်အား လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် (၉) ရပ်ကွက် ဗိုလ်အောင်ကျော်လမ်းရှိ “လှိုင်ထိပ်တင်” လက်ဖက်ရည်ဆိုင်အနီး၌ ပြစ်မှုကျူးလွန်စဉ်ရရှိခဲ့သည့် Redmi 9T အမျိုးအစား လက်ကိုင်ဖုန်းတစ်လုံးဖြင့်လည်းကောင်း ဖမ်းဆီးရမိခဲ့ပြီး တရားခံ ဆန်းလင်းအောင် (ခ) ဒိုလေး၊ ဝေဖြိုးအောင် (ခ) ကိုဖြိုးနှင့် ဇော်ကြီး (ခ) ဇော်မင်းဦးတို့သုံးဦးကို ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်