နိုဝင်ဘာ ၃ ရက်ကကျင်းပခဲ့သည့် အမေရိကန် သက်တမ်းဝက်ရွေးကောက်ပွဲတွင် သမ္မတဒေါ်နယ်ထရမ့်၏ ရီပတ်ဘလီကန်ပါတီ အကြီးအကျယ်ရှုံးနိမ့်ခဲ့ရခြင်း၏ အဓိက အကြောင်းရင်းမှာ အီရန်နှင့်ဖြစ်ပွားနေသည့်စစ်ပွဲနှင့် ယင်း၏နောက်ဆက်တွဲ ဂယက်ရိုက်ခတ်မှုများကြောင့်ဖြစ်သည်ဟု သမ္မတထရမ့်က ဝန်ခံပြောကြားခဲ့သည်။
အမေရိကန်ပြည်သူများသည် စစ်ပွဲဖြစ်ပွားနေခြင်းနှင့် စစ်ပွဲ၏အကျိုးဆက်ဖြစ်သော စက်သုံးဆီဈေးနှုန်းများကြီးမြင့်မှုတို့အပေါ် အလိုမကျမှုတို့က ရီပတ်ဘလီကန်ပါတီကို မဲမပေးဘဲ ဆန့်ကျင်ဘက် ဒီမိုကရက်ပါတီကိုမဲပုံအောပေးရန် တွန်းအားဖြစ်စေခဲ့သည်။ နိုင်ငံရေး လေ့လာဆန်းစစ်သူများ၏ အချက်အလက်များအရ ရီပတ်ဘလီကန်ပါတီသည် ရွေးကောက်ပွဲကို အဆုံးအဖြတ်ပေးနိုင်သည့် ကြားနေမဲဆန္ဒရှင်များကြားတွင် ၂၀ ရာခိုင်နှုန်းခန့်အထိ အရေးနိမ့်ခဲ့ပြီး ၂၀၂၄ ခုနှစ်က ထရမ့်ကိုအားပေးခဲ့ကြသည့် လက်တင်နွယ်ဖွားမဲဆန္ဒရှင်များနှင့် ကောလိပ်ဘွဲ့ မရရှိထားသည့် လူဖြူမဲဆန္ဒရှင်များ၏ ထောက်ခံမှုလည်း သိသိသာသာကျဆင်းသွားခဲ့သည်ဟု ဆိုသည်။ ဒီမိုကရက်ပါတီသည် အမေရိကန်အထက်လွှတ်တော်နှင့် အောက်လွှတ်တော်နှစ်ရပ်လုံးကို ပြန်လည်လွှမ်းမိုးခဲ့ပြီး တက္ကဆက်နှင့် ကန်းဆပ်စ်ကဲ့သို့သော ရီပတ်ဘလီကန်ပါတီ အစဉ်အဆက် အားကောင်းခဲ့သည့် ပြည်နယ်ကြီးများ၌ပါ အနိုင်ရရှိသွားခဲ့ခြင်းဖြစ်သည်။ အမေရိကန်မဲဆန္ဒရှင်များ အနေဖြင့် ရီပတ်ဘလီကန်အစိုးရ၏ လုပ်ဆောင်ချက်များအပေါ် စိတ်ပျက်လက်ပျက်ဖြစ်မှုက ၎င်းတို့၏ မူလထောက်ခံမှုကိုလွှဲပြောင်းကာ ဒီမိုကရက်ပါတီကို အခွင့်အရေးပေးရန် ဆုံးဖြတ်စေခဲ့ခြင်းပင်ဖြစ်သည်။
“မိမိတို့ အစိုးရအဖွဲ့အနေဖြင့် နိုင်ငံတကာနှင့် မိမိတို့နိုင်ငံတွင်ဖြစ်ပေါ်ခဲ့သည့် ဖြစ်စဉ်ဖြစ်ရပ်များကို သင်ခန်းစာယူ၍ တိုင်းပြည်သာယာဝပြောရေးနှင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးတို့ကို ဦးတည်ချက်ထား၍ အမြဲမပြတ်ကြိုးပမ်းအကောင် အထည်ဖော်ဆောင်ရွက် ပေးသွားကြရမည်ဖြစ်ကြောင်း၊ နိုင်ငံ့သမိုင်းတွင် မှတ်ကျောက်တင်ခံနိုင်သည့် အစိုးရတစ်ရပ် ဖြစ်စေရေး မိမိတို့ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှနှင့် နိုင်ငံ၏ရေခံမြေခံကောင်းများ၊ အရင်းအမြစ်များကို မှန်မှန်ကန်ကန်ပေါင်းစပ်အသုံးချ၍ ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း” အောက်တိုဘာ ၂၈ ရက်ကကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။
မဲဆန္ဒရှင်ပြည်သူများက ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးရွေးချယ်မှုသည် တိုင်းပြည်သာယာဝပြောရေး နှင့် မိမိတို့၏လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေး စသည့်ကောင်းမွန်သောအနာဂတ်ကိုမျှော်မှန်း၍ ယုံကြည်မှုဖြင့် တာဝန်ပေးအပ်ခဲ့ကြခြင်းဖြစ်သည်။ နိုင်ငံ၏စီးပွားရေးသည် ပို့ကုန်များတင်ပို့နိုင်မှု အပေါ်တွင် တည်မှီနေခြင်းဖြစ်ရာ ကုန်ထုတ်လုပ်မှုကဏ္ဍမြင့်မားလာစေရန်လိုသည်။ နိုင်ငံအတွက် အဓိကဝင်ငွေရှာဖွေပေးနေသည့်ကဏ္ဍများ စွမ်းအားပြည့်အလုပ်လုပ်ကိုင်နိုင်ရေးအတွက် အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်ရန် လိုအပ်သကဲ့သို့ မဖြစ်မနေလိုအပ်သည့် သွင်းအားစုများကိုလည်း ဖြည့်ဆည်းပေးနိုင်ရန်လိုသည်။
“နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ယခင်ကကြုံတွေ့ခဲ့ရသော စီးပွားရေးနှင့် ပတ်သက်သည့် အခက်အခဲနှင့် သင်ခန်းစာများကိုဆန်းစစ်ဖော်ထုတ်ပြီး သုံးသပ်အဖြေရှာ ဆောင်ရွက်သွားကြရန်လိုကြောင်း” နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်နှင့်အညီ အလေးအနက် ဆောင်ရွက်ကာ နိုင်ငံ၏စီးပွားရေးနှင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝတို့ဖွံ့ဖြိုးတိုးတက်အောင် အစွမ်းကုန်ကြိုးပမ်းကြရမည်ဖြစ်သည်။ နိုင်ငံ၏ အဓိကစီးပွားရေးဖြစ်သော စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများမှ တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများ တိုးမြှင့်ရရှိရေး၊ ပြည်ပပို့ကုန်များ တိုးမြှင့်ရရှိရေးနှင့် မိမိတို့နိုင်ငံ၏ထုတ်ကုန်များဈေးကွက်ရရှိရေး တို့အတွက် အစိုးရ၊ စိုက်ပျိုးမွေးမြူထုတ်လုပ်သူများနှင့် စီးပွားရေးလုပ်ငန်းရှင်များအားလုံး လက်တွဲညီညီဆောင်ရွက်ကြရမည်လည်းဖြစ်သည်။
မိမိတို့နိုင်ငံသည် ရေခံမြေခံကောင်းများ၊ အရင်းအမြစ်နှင့်အခွင့်အလမ်းများစွာ ပိုင်ဆိုင်ထားသကဲ့သို့ စိန်ခေါ်မှုများလည်း များစွာရှိနေသည်။ ပြည်သူလူထုက ရွေးချယ်တင်မြှောက်သည့် အစိုးရတစ်ရပ် အနေဖြင့် မိမိ၏သက်တမ်းအတွင်း နိုင်ငံနှင့်ပြည်သူ့အကျိုးစီးပွားကို မြင့်မားသည်ထက်မြင့်မားအောင် သိသာထင်ရှားစွာ မြှင့်တင်ပေးနိုင်ရေးအတွက် နိုင်ငံ၏အရင်းအမြစ်များကို အကျိုးရှိရှိအထိရောက်ဆုံး အသုံးချနိုင်ရန်လိုသည်။ အထူးသဖြင့် လူသားအရင်းအမြစ်ကို အကျိုးရှိစွာအသုံးချနိုင်ရန် စည်းရုံးမှုနှင့်စီမံခန့်ခွဲမှုတို့ အကောင်းဆုံးဆောင်ရွက်သွားကြရမည်ဖြစ်သည်။
နိုင်ငံနှင့်ပြည်သူအတွက် အမှန်တကယ်အလုပ်လုပ်ခြင်းနှင့် စွမ်းအားပြည့်အလုပ်လုပ်ကိုင် နိုင်ရေးအတွက် အခွင့်အလမ်းများကို အမှန်တကယ်ဖော်ဆောင်ပေးခြင်းတို့ဖြင့် ရလဒ်ကောင်းများ ထွက်ပေါ်ကာ နိုင်ငံသာယာဝပြောပြီး လူမှုစီးပွားဘဝများ မြင့်မားသည်နှင့်အမျှ နိုင်ငံ့သမိုင်းတွင် မှတ်ကျောက်တင်ခံရမည်သာ ဖြစ်သည့်အကြောင်း။ ။