နေပြည်တော် နိုဝင်ဘာ ၆
တတိယအကြိမ်အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၄ ရက်မြောက်နေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီးများနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ဦးစွာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန် အစည်းအဝေး ၁၄ ရက်မြောက်နေ့သို့ တက်ရောက်ခွင့်ရှိသည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၂၀၉ ဦးရှိသည့်အနက် ယနေ့ အစည်းအဝေးသို့ ၂၀၁ ဦး တက်ရောက်သဖြင့် ထက်ဝက်ကျော်သည့်အတွက် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်းကြေညာကာ အစည်းအဝေး တက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။
ယင်းနောက် မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၄) ဦးစိန်ရွှေမင်း၏ မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ကံဆွယ် အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) အတွက် ပေ (၉၀ x ၃၀) RC (၁) ထပ်ဆောင် အဆောက်အအုံတစ်ခု ထပ်မံတည်ဆောက်ပေးနိုင်ခြင်း ရှိ/မရှိနှင့် အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) အား အခြေခံပညာအလယ်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ တည်ဆောက်ရေးလုပ်ငန်း စုစုပေါင်း ၁၆ ခုအတွက် ခွင့်ပြုရန်ပုံငွေ ငွေကျပ် ၃၄၇၈ ဒသမ ၄ သန်းဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကန်ဆွယ်-အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) တွင် မူလတန်းအဆင့် ကျောင်းသား ၁၁၁ ဦး၊ အလယ်တန်းအဆင့် ကျောင်းသား ၁၁၃ ဦး စုစုပေါင်း ကျောင်းသားဦးရေ ၂၂၄ ဦးရှိပြီး ဆရာ ဆရာမနှင့် ဝန်ထမ်းစုစုပေါင်း ၁၁ ဦးဖြင့် ပညာသင်ကြားလျက်ရှိပါကြောင်း၊ စုစုပေါင်းစာသင်ဆောင် (၄) ဆောင် စာသင်ခန်း ၁၀ ခန်းရှိသည့်အတွက် ကျောင်းသားဦးရေအရ စာသင်ခန်း ၃ ခန်း ထပ်မံလိုအပ်နေပါကြောင်း၊ ယာယီအဆောင်ဖြင့် သင်ကြားနေရခြင်း၊ တန်းခွဲအရစာသင်ခန်း ၃ ခန်းလိုအပ်နေခြင်းတို့ကြောင့် လိုအပ်သောပေ (၉၀ x ၃၀) RC (၁ ) ထပ် ကျောင်းဆောင်သစ်အား နီးစပ်ရာဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း (တည်ဆောက်ရေး) ဘတ်ဂျက်ရရှိမှုအပေါ်မူတည်ပြီး တိုင်းဒေသကြီး၏ တန်းစီဇယားဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ကန်ဆွယ်-အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) သည် အလယ်တန်းအဆင့်ကျောင်းသား ၁၁၃ ဦးသာရှိခြင်း၊ ပင်မကျောင်းဖြစ်သော လယ်ကိုင်း-အခြေခံပညာအထက်တန်းကျောင်းနှင့် ၁ ဒသမ ၅ မိုင်သာ ကွာဝေးခြင်းတို့ကြောင့် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)အဆင့်မှ အခြေခံပညာအလယ်တန်းကျောင်းအဖြစ် ကျောင်းအဆင့်တိုးမြှင့်ရန် လတ်တလောဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးပါကြောင်း ဖြေကြားသည်။
ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၁) ဦးရန်နိုင်ဝင်း၏ ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ် အထောင်မြို့ အထောင်အခြေခံပညာ အထက်တန်းကျောင်းတွင် အန္တရာယ်ရှိအဆောက်အအုံဖြစ်သော အင်ကြင်းဆောင်အား ကျောင်းသား ကျောင်းသူများ ဘေးအန္တရာယ် ကင်းရှင်းစွာပညာသင်ကြားနိုင်ရေးအတွက် လာမည့်ဘဏ္ဍာရေးနှစ်တွင် အကြီးစားပြင်ဆင်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် ကျောင်းဝင်းအတွင်း အဆင်သင့်ရှိသော အလျား ၁၁၃ ပေ၊ အနံပေ ၃၀၀ မြေကွက်လပ်တွင် RC (၂) ထပ် ကျောင်းဆောင် (၁) ဆောင်အား ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်အတွက် တည်ဆောက်ရေးလုပ်ငန်း စုစုပေါင်း ၇ ခုအတွက် ခွင့်ပြုရန်ပုံငွေ ငွေကျပ် ၂၂၀၆ ဒသမ ၅ သန်းဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျုံပျော်မြို့နယ် အထောင်အခြေခံပညာအထက်တန်းကျောင်းတွင် မူလတန်းအဆင့်ကျောင်း သား ၃၃၇ ဦး၊ အလယ်တန်းအဆင့် ကျောင်းသား ၄၉၃ ဦး၊ အထက်တန်းအဆင့် ကျောင်းသား ၂၇၀၊ စုစုပေါင်း ကျောင်းသားဦးရေ ၁၁၀၀ ရှိပြီး ဆရာ ဆရာမနှင့် ကျောင်း/ရုံးဝန်ထမ်းအပါအဝင် စုစုပေါင်း ဝန်ထမ်း ၄၁ ဦးဖြင့် သင်ကြားသင်ယူမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း။
အဆိုပါကျောင်းတွင် စုစုပေါင်း ကျောင်းဆောင် (၆) ဆောင်တွင် စာသင်ခန်း ၄၃ ခန်းရှိပြီး ကျောင်းသားဦးရေနှင့် အချိုးတွက်ချက်ပါက လုံလောက်မှုရှိနေပါကြောင်း၊ ကိုယ်စားလှယ် တင်ပြထားသည့် အင်ကြင်းဆောင် ပေ (၂၀၀ x ၃၀) အုတ်ညှပ် (၂) ထပ်ကျောင်း ဆောင်သည် အင်ဂျင်နီယာနှင့် စစ်ဆေးသည့်အခါ အန္တရာယ်ရှိကျောင်းဆောင်အဖြစ် သတ်မှတ်၍ မရပါကြောင်းနှင့် အဆိုပါကျောင်းဆောင်အား အကြီးစားပြင်ဆင်ခြင်း ဆောင်ရွက်ရန်အတွက်လာမည့် ဘဏ္ဍာရေးနှစ် များတွင် ရန်ပုံငွေရရှိမှုအပေါ် တိုင်းဒေသကြီး ဦးစားပေးအစီအစဉ်ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။
ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၃) ခွန်ထိုင်း၏ ရှမ်းပြည်နယ် (တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်ပင်စုံကျေးရွာအုပ်စု နန်းဩကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းအား ပေ (၁၂၀ x ၃၀) RCC (၂) ထပ် ကျောင်းဆောင်သစ် (၁) ဆောင်အား ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ဦးစားပေးဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က ရှမ်းပြည်နယ် (တောင်ပိုင်း) ဆီဆိုင်မြို့နယ်အတွက် တည်ဆောက်ရေးလုပ်ငန်း စုစုပေါင်း ၇ ခုအတွက် ခွင့်ပြုရန်ပုံငွေ ငွေကျပ် ၉၈၆ သန်းဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နန်းဩ-အခြေခံပညာအလယ်တန်းကျောင်းတွင် မူလတန်းအဆင့်ကျောင်းသား ၂၇၄ ဦး၊ အလယ်တန်းအဆင့် ကျောင်းသား ၉၉ ဦး စုစုပေါင်း ကျောင်းသားဦးရေ ၃၇၃ ဦးနှင့် ဆရာ ဆရာမ ဝန်ထမ်းပေါင်း ၁၁ ဦးဖြင့် သင်ကြားမှုများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိ စုစုပေါင်းကျောင်းဆောင် (၄) ဆောင်၊ စာသင်ခန်း ၁၁ ခန်း အချိုးအရကျောင်းသားနှင့် အဆောင်လုံလောက်နေသည့်အတွက် ကျောင်းသားဦးရေ တိုးတက်လာသည့်အပေါ်မူတည်ပြီး ကျောင်းဆောင်သစ်ဆောက်လုပ်နိုင်ရေး ဘတ်ဂျက်ရရှိမှုအပေါ် တိုင်းဒေသကြီးဦးစားပေးအစီအစဉ်အလိုက် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
တနင်္သာရီတိုင်းဒေသကြီးအမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ် (၄) ဦးဇော်မင်းသန်း၏ တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ် ရွှေဘုံသာရပ်ကွက်ရှိ ဘုတ်ပြင်းအခြေခံပညာအထက်တန်းကျောင်းတွင် ပေ (၁၃၀ x ၃၀) RCC (၂) ထပ် ကျောင်းဆောင်သစ် (၁) ဆောင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ်တွင် တည်ဆောက်ရေးလုပ်ငန်း စုစုပေါင်း ၆ ခုအတွက် ခွင့်ပြုရန်ပုံငွေကျပ် ၁၁၄၀ သန်းဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဘုတ်ပြင်းအခြေခံပညာအထက်တန်းကျောင်းတွင် မူလတန်းအဆင့် ကျောင်းသားပေါင်း ၆၂၀၊ အလယ်တန်းဆင့် ကျောင်းသားပေါင်း ၅၁၇ ဦး၊ အထက်တန်းဆင့် ကျောင်းသားပေါင်း ၂၃၆ ဦး စုစုပေါင်း ၁၃၇၃ ဦးနှင့် ဆရာ ဆရာမ၊ ရုံးဝန်ထမ်း အပါအဝင် ၄၃ ဦးဖြင့် သင်ကြားသင်ယူမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း။
ကျောင်းဆောင် စုစုပေါင်း ၇ ဆောင် စာသင်ခန်း စုစုပေါင်း ၃၅ ခန်းရှိပြီး စာသင်ခန်း လိုအပ်ချက်အရ ၆ ခန်း လိုအပ်လျက်ရှိပါကြောင်း၊ ကျောင်းဆောင် ၇ ဆောင်ရှိသည့် အနက်ပေ (၁၄၀ x ၃၀) အုတ်ညှပ်တစ်ထပ်နီလာဆောင်သည် ၃၈ နှစ်ကြာမြင့်နေပြီဖြစ်ပြီး လမ်းဦးစီးဌာန အင်ဂျင်နီယာ၏ထောက်ခံချက်အရ အန္တရာယ်ရှိကျောင်းဆောင်ဖြစ်သည့်အတွက် အဆိုပါအဆောင်ကို ဖျက်သိမ်းပြီး အန္တရာယ်ဆောင်မှ စာသင်ခန်း ၄ ခန်း၊ တိုးတက်လာမည့် ကျောင်းသားများအတွက် စာသင်ခန်း ၂ ခန်း၊ စုစုပေါင်း ၆ ခန်းစာ ပေ ၁၃၀ RC (၂)ထပ် ကျောင်းဆောင်သစ် ဆောက်လုပ်နိုင်ရန်အတွက် လာမည့်ဘဏ္ဍာရေးနှစ်များတွင် ငွေလုံးငွေရင်းတည်ဆောက်ရေး ဘတ်ဂျက်ရရှိမှုအပေါ် တိုင်းဒေသကြီးတန်းစီဇယားဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များ စိစစ်ရေးကော်မတီတွင် ဗိုလ်မှူးချုပ်အောင်အောင် အစား ဗိုလ်မှူးချုပ် အောင်ကျော်ဆန်းအားအဖွဲ့ဝင်အဖြစ်လည်းကောင်း၊ အမျိုးသားလွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာကော်မတီတွင် ဗိုလ်မှူးချုပ် အောင်အောင်အစား ဗိုလ်မှူးချုပ် လှမျိုးအားဥက္ကဋ္ဌအဖြစ်လည်းကောင်း အစားထိုးပြင်ဆင်ဖွဲ့စည်းခြင်းကို လွှတ်တော်သို့တင်ပြ၍ အတည်ပြုချက်ရယူသည်။
ထို့နောက် မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ် (၁၂) ဒေါ်ခင်ဆွေ၏ ပြည်သူလူထု၏ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် ပလတ်စတစ်ထုတ်ကုန်များ၊ အထူးသဖြင့် ကြွပ်ကြွပ်အိတ်များ ထုတ်လုပ်၊ တင်သွင်း၊ ရောင်းချ၊ အသုံးပြုမှုကို အဆင့်လိုက် လျှော့ချကန့်သတ်နိုင်ရေး ဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ် (၁၁) ဦးစိုးကြည်က ပလတ်စတစ်အိတ်တစ်အိတ်ကို အသုံးပြုသည့်အခါ ခဏတာအဆင်ပြေမှုရှိသော်လည်း စွန့်ပစ်လိုက်သည့်အခါ သဘာဝပတ်ဝန်းကျင်အတွက် နှစ်ပေါင်းများစွာ ဖြေရှင်းရမည့် ပြဿနာတစ်ခုအဖြစ် ပြောင်းလဲသွားပါကြောင်း၊ ထို့ကြောင့် ပလတ်စတစ်ပြဿနာသည် အမှိုက်ပြဿနာသက်သက်မဟုတ်ဘဲ ပြည်သူများ၏ကျန်းမာရေး၊ စီးပွားရေး၊ သဘာဝဂေဟစနစ်နှင့် နောင်လာမည့်မျိုးဆက်များ၏ အနာဂတ်နှင့်တိုက်ရိုက်သက်ဆိုင်နေသည့် နိုင်ငံတော်အဆင့် ဖြေရှင်းရမည့် ပြဿနာတစ်ရပ်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံကဲ့သို့ မြစ်ချောင်းအင်းအိုင်များ၊ ကမ်းရိုးတန်းဒေသများနှင့် ပင်လယ်ရေပြင်များ ပေါများသည့်အတွက် ယင်းပြဿနာကို လျစ်လျူရှု၍မရပါကြောင်း။
ထို့ကြောင့် မိမိတို့နိုင်ငံတွင် ပလတ်စတစ်အသုံးပြုမှုကို အဆင့်လိုက်လျှော့ချကန့်သတ်ခြင်းဖြင့် ထုတ်လုပ်သူ၊ ရောင်းချသူနှင့် သုံးစွဲသူအားလုံးပါဝင်သည့် တာဝန်ယူမှုစနစ်တစ်ခု တည်ဆောက်ရန် လိုအပ်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် ၂၀၁၈-၂၀၃၀ အမျိုးသားအဆင့် အမှိုက်စီမံခန့်ခွဲမှု မဟာဗျူဟာနှင့် ၂၀၂၆-၂၀၃၅ အမျိုးသားအဆင့် ပလတ်စတစ် စီမံခန့်ခွဲမှုလုပ်ငန်းစီမံချက် (National Plastic Management Action Plan) ကို ရေးဆွဲထုတ်ပြန် ထားပြီးဖြစ်သည်ကိုလည်း လေ့လာသိရှိရသဖြင့် ယခုအဆိုသည် လက်ရှိနိုင်ငံတော်၏ ပလတ်စတစ်စီမံခန့်ခွဲမှုလုပ်ငန်း စီမံချက်နှင့်လည်း ကိုက်ညီလျက်ရှိပါကြောင်း၊ ထို့ကြောင့် ပလတ်စတစ်အိတ်အသုံးပြုမှုကို လျှော့ချနိုင်ခြင်းသည် အမှိုက်တစ်ခုကိုလျှော့ချနိုင် ခြင်းမဟုတ်ဘဲ ပြည်သူများ၏ ကျန်းမာရေးကို ကာကွယ်ခြင်း၊ သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းခြင်းနှင့် နောင်လာမည့်မျိုးဆက်များအတွက်ပါ ရည်ရွယ်သည့် အဆိုဖြစ်သည့်အတွက် အဆိုအား ထောက်ခံပါကြောင်း ဆွေးနွေးသည်။
တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ် (၁၀) ဦးသန်းအေး (ခ) ဦးတင်ဦးက ပလတ်စတစ်၏ပေါ့ပါးလွယ်ကူ အသုံးတည့်မှု၊ စျေးသက်သာမှုကြောင့် လူသုံးတွင်ကျယ် နေသဖြင့် ပလတ်စတစ်ယဉ်ကျေးမှုခေတ် ရောက်နေသည်ဟုပင် ရေးသားပြောဆိုနေကြပါကြောင်း၊ တာဝန်ရှိအစိုးရပိုင်းမှ ပုဂ္ဂိုလ်များ၊ ပညာရှင်များနှင့် စိတ်ဝင် စားသူတချို့မှလွဲ၍ ပြည်သူအများစုနေ့စဉ်ဘဝတွင် ပလတ်စတစ်၏ဆိုးကျိုးများကို အလေးအနက်မထားဘဲ တွင်ကျယ်စွဲမြဲစွာ အသုံးပြုနေသည့် အလေ့အထကို နိုင်ငံတော်အစိုးရအား တိုက်တွန်းရုံမျှဖြင့် လုံလောက်ထိရောက်စွာလျှော့ချခြင်း၊ ကန့်သတ်ခြင်းများ ပြုလုပ်နိုင်မည်မဟုတ်ပါကြောင်း။
ပလတ်စတစ်ထုတ်ကုန်များ အထူးသဖြင့် ကြွပ်ကြွပ်အိတ်များ ထုတ်လုပ်ခြင်း၊ တင်သွင်းရောင်းချ ခြင်းများသည် အဆိုရှင်တင်ပြထားသည့် အဆင့်လိုက် လျှော့ချကန့်သတ်ရေးကို လွယ်ကူစွာ ဆောင်ရွက်နိုင်ခြေရှိသော်လည်း ပြည်သူများ၏ နေ့စဉ်ဘဝတွင် အမြစ်တွယ်၊ အလွယ်တကူ ဖြစ်နေသော ပလတ်စတစ်ရေသန့်ဘူး၊ အချိုရည်ဘူးများနှင့် ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်များ အသုံးပြုတွင်ကျယ်နေမှုကို လျှော့ချရေးသည် ပြည်သူများကိုယ်တိုင် လိုလိုလားလားပါဝင် ဆောင်ရွက်မှသာလျှင် အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း၊ အဆိုပါပစ္စည်းများ ထုတ်လုပ်ခြင်း၊ တင်သွင်းခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း၊ သုံးစွဲခြင်း စသည့်တို့ကိုအဆင့်လိုက် လျှော့ချကန့်သတ် သွားနိုင်ရန်အတွက်အဆိုအား ထောက်ခံပါကြောင်း ဆွေးနွေးသည်။
မန္တလေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ် (၁၀) ဦးမြင့်စန်းက မြန်မာနိုင်ငံတွင် လွန်ခဲ့သည့် နှစ်ပေါင်း (၅၀) ကျော်မှစ၍ ပလတ်စတစ်အမျိုးမျိုး၊ လူသုံးကုန်ပစ္စည်းအဖြစ် အသုံးများလာကြပြီး နေရာတိုင်းတွင် လူသုံးများလွန်း၍ မရှိမဖြစ် လူသုံးကုန်များဖြစ်နေပါကြောင်း၊ လူသားများ၏ ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်ကို ဒုက္ခပေးနေသည့် ပလတ်စတစ်ပစ္စည်းများအသုံးပြုခြင်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တားမြစ်၍ မဖြစ်နိုင်သည့်အတွက် ပလတ်စတစ်အသုံးပြုမှုကို အဆင့်လိုက် လျှော့ချကန့်သတ်ပါက ဖြစ်နိုင်ပါကြောင်း၊ ထို့ပြင် ပြီးမြောက်သည်အထိ ပလတ်စတစ်အသုံးပြုမှု ကန့်သတ်နိုင်ပါလိမ့်မည်ဟု ထင်မြင်မိပါကြောင်း။
ထို့ပြင် အမရပူရမြို့နယ်မှ MSME စက်မှုလုပ်ငန်းများထံ သွားရောက်လေ့လာသည့်အခါ ပလတ်စတစ်အဟောင်းများကို ကော်စေ့အဖြစ်ပြုလုပ်ပြီး ပစ္စည်းအမျိုးမျိုး အသစ်ပြန်လည် ထုတ်လုပ်နိုင်သည်ကို တွေ့ရှိရပါကြောင်း၊ ရေဘူးခွံအဟောင်းများကို ပြန်လည်ကျိုပြီး ကော်စေ့ပြုလုပ်သည်ကို တွေ့ရှိရပါကြောင်း၊ ပလတ်စတစ်အဟောင်းများကို အမှိုက်အဖြစ် စွန့်ပစ်မှုကိုတားဆီး၍ အမှိုက်ပုံးကို စနစ်တကျထားရှိပြီး အသေးစားစက်မှုများက Recycle တစ်ကျော့ပြန်ပစ္စည်းများ ပြန်လည်ထုတ်လုပ်ပါက အမှိုက်လည်း လျော့နည်းနိုင်ပါကြောင်း၊ ထို့ကြောင့် ပြည်သူလူထု ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်ကို စောင့်ရှောက်နိုင်ရေးအတွက် ပလတ်စတစ်ထုတ်ကုန်များ၊ အထူးသဖြင့် ကြွပ်ကြွပ်အိတ်များ တင်သွင်းခြင်းနှင့် လျှော့ချရေးကို အဆင့်လိုက်လျှော့ချကန့်သတ်နိုင်ရေး ဆောင်ရွက်ပေးနိုင်ပါရန် အဆိုအား ထောက်ခံပါကြောင်း ဆွေးနွေးသည်။
မွန်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အမှတ် (၁၂) ဒေါ်စိုးစိုးမြင့်က ကြွပ်ကြွပ်အိတ် အသုံးပြုမှုများပြားလာခြင်း၏ အန္တရာယ်သည် မြေထုညစ်ညမ်းမှုနှင့် မြေဆီလွှာအရည်အသွေး ကျဆင်းခြင်း၊ ရေထုညစ်ညမ်းမှုနှင့် ရေနေသတ္တဝါများအပေါ် သက်ရောက်မှုရှိခြင်း၊ ရေစီးရေလာပိတ်ဆို့ခြင်းနှင့်ရေကြီးခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ၏ သဘာဝဂေဟစနစ်ပျက်စီးခြင်း၊ လေထုညစ်ညမ်းခြင်း၊ ရာသီဥတုပြောင်းလဲမှုများ ဖြစ်ပေါ်စေခြင်းနှင့် မိုက်ခရိုပလတ်စတစ်များ ဖြစ်ပေါ်လာခြင်းနှင့် အထူးသဖြင့် ပလတ်စတစ်အိတ်များပြိုကွဲ၍ ဖြစ်ပေါ်လာသော မိုက်ခရိုပလတ်စတစ်များသည် မြေဆီလွှာအတွင်း ရောက်ရှိနိုင်ခြင်း၊ မြစ်ချောင်းနှင့် ပင်လယ်ရေထဲသို့ ရောက်ရှိနိုင်ခြင်း၊ ငါးနှင့် ရေနေသတ္တဝါများ၏ ခန္ဓာကိုယ်အတွင်း ဝင်ရောက်နိုင်ခြင်း၊ အစာကွင်းဆက်မှတစ်ဆင့် သက်ရှိများထံသို့ ရောက်ရှိနိုင်ခြင်း စသည့် သဘာဝပတ်ဝန်းကျင် ပြဿနာသာမက လူသားများ၏ ရေရှည်ကျန်းမာရေးနှင့် ကုန်း၊ ရေ နေသတ္တဝါ အားလုံးတို့အတွက် စိုးရိမ်ဖွယ်ရာအခြေအနေတွင် ရှိနေပါကြောင်း။
ထို့ကြောင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ပလတ်စတစ်ကို ထုတ်လုပ်မှုမှစ၍ သုံးစွဲမှု၊ ပြန်လည်အသုံးပြုမှုနှင့် စွန့်ပစ်မှုအဆင့်အထိ စနစ်တကျစီမံခန့်ခွဲရန် အထူးလိုအပ်လျက်ရှိပါကြောင်း၊ Reduce – အသုံးပြုမှုလျှော့ချခြင်း၊ Reuse – ပြန်လည် အသုံးပြုခြင်း၊ Recycle – ပြန်လည်ထုတ်လုပ် အသုံးပြုခြင်းစသည့် 3Rs ကို စနစ်တကျဆောင်ရွက်သင့်ပါကြောင်း၊ ထို့ကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်ခြင်းများ ပူးပေါင်းဆောင်ရွက်မှုကို အမျိုးသားရေးတာဝန်တစ်ခုအဖြစ် ခံယူသင့်ပါကြောင်းနှင့် အဆိုအား ထောက်ခံပါကြောင်း ဆွေးနွေးသည်။
ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အမှတ် (၁၀) စိုင်းဝင်းခိုင်က ယခုအဆိုသည် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အတွက် အရေးပါသည့် အဆိုတစ်ခုဖြစ်ပါကြောင်း၊ ယနေ့ ကမ္ဘာပေါ်တွင် ပလတ်စတစ်ကို ပုံစံမျိုးစုံအသုံးပြုနေပြီး ပလတ်စတစ်ကို မပါမရှိ အသုံးပြုနေသည့် ပစ္စည်းတစ်ခုအသွင် ဖြစ်နေပါကြောင်း၊ ပလတ်စတစ်နှင့်ပတ်သက်၍ ဖြစ်ပေါ်လာသည့်ဆိုးကျိုးများ များပြားသည့်အတွက် သဘာဝမဟုတ်သော ပြဿနာများ ဖြစ်ပွားစေပါကြောင်း၊ ထို့ကြောင့် ပြည်သူလူထု၏ ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်စောင့်ရှောက်ရေးအတွက် ပလတ်စတစ်ထုတ်ကုန်များ အထူးသဖြင့် ကြွပ်ကြွပ်အိတ်ထုတ်လုပ်၊ တင်သွင်း၊ ရောင်းချ၊ အသုံးပြုမှုများကို အဆင့်လိုက် လျှော့ချကန့်သတ်ရေး ဆောင်ရွက်ပေးပါရန် အဆိုအား ထောက်ခံပါကြောင်း ဆွေးနွေးသည်။
ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အဆိုနှင့်စပ်လျဉ်း၍ဆွေးနွေးရန် ကျန်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်များက ဆက်လက်ဆွေးနွေးခြင်း၊ ပြည်ထောင်စုအဖွဲ့အစည်းဝင်က ပြန်လည်ရှင်းလင်းဆွေးနွေးခြင်းနှင့် လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်းကို နိုဝင်ဘာ ၉ ရက်တွင်ကျင်းပမည့် ၁၅ ရက်မြောက်နေ့အစည်းအဝေးတွင် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကြေညာသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၁၀) ဦးကျော်ကျော်လတ်က မြန်မာနိုင်ငံတွင် ခေတ်မီပြီး ဘက်စုံလွှမ်းခြုံနိုင်သော တစ်စုတစ်စည်း တည်းသော ကိုယ်ရေးအချက်အလက် ကာကွယ်ရေးဥပဒေ (Personal Data Protection Law) တစ်ရပ်အား အမြန်ဆုံးရေးဆွဲပြဋ္ဌာန်းပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို တင်သွင်းရာ နိုင်ငံတကာတွင် ဒေတာပေါက်ကြားမှုဖြစ်စဉ်များ မှတစ်ဆင့် ဒေတာမှောင်ခိုဈေးကွက် (Dark Web Marketplaces) တို့သည် လက်ရှိ ဒစ်ဂျစ်တယ်ကမ္ဘာတွင် ဒေါ်လာဘီလီယံပေါင်းများစွာ လှည့်ပတ်နေသော ဆိုက်ဘာရာဇဝတ်မှု စီးပွားရေးတစ်ခု ဖြစ်နေပါကြောင်း၊ ဒေတာမှောင်ခို ဈေးကွက်သည် သီးခြားလည်ပတ်နေခြင်းမဟုတ်ဘဲ ဒေတာခိုးယူသူ (Info Stealer)၊ ဒေတာစုဆောင်းရောင်းချသူ (Data Broker) နှင့် လိမ်လည်သူ (Scammer) ဟူသော စက်မှုဇုန်သဖွယ် (Supply Chain) အလိုက် အပြန်အလှန် အသုံးချနေခြင်း ဖြစ်ပါကြောင်း။
လက်ရှိတည်ဆဲဥပဒေများသည် နိုင်ငံသားများ၏အခွင့်အရေးကိုဗဟိုပြုကာ ဘက်စုံကာကွယ်ရန်ထက် ဝန်ဆောင်မှုပေးသူများကို ထိန်းကျောင်းရန်နှင့် ဆိုက်ဘာမှုခင်းများကို ကိုင်တွယ်ရန်သာ ပိုမိုဦးတည်နေသဖြင့် ကမ္ဘာ့စံနှုန်းမီ Personal Data Protection Law တစ်ရပ်ကို သီးခြားပြဋ္ဌာန်းရေးဆွဲရန် အဆိုပြု တင်ပြအပ်ပါကြောင်း၊ ဒေတာပိုင်ရှင်များအနေဖြင့် မိမိတို့၏ ကိုယ်ရေးအချက်အလက်များကို အပြည့်အဝစီမံနိုင်စေရန် သိရှိပိုင်ခွင့် (Right to be Informed)၊ ဝင်ရောက်ကြည့်ရှုခွင့် (Right of Access)၊ ပြင်ဆင်ခွင့် (Right to Rectification)၊ အချက်အလက်ဖျက်ခိုင်းခွင့် (Right to Erasure / Right to be Forgotten)၊ ကိုင်တွယ်မှုကို ကန့်သတ်ခွင့် (Right to Restrict Processing)၊ ဒေတာများ ပြောင်းရွှေ့သယ်ဆောင်ခွင့် (Right to Data Portability)၊ ငြင်းဆန်ခွင့် (Right to Object)၊ Automated Decision-Making နှင့် Profiling မခံယူပိုင်ခွင့် စသည့်အခွင့်အရေးများကို ဥပဒေတွင် အတိအကျထည့်သွင်းသင့်ပါကြောင်း။
မြန်မာနိုင်ငံ၏ဥပဒေများတွင် ဒေတာပိုင်ရှင်ဘက်မှ မိမိဒေတာကို ပြန်ဖျက်ခိုင်းခွင့် သို့မဟုတ် ပြောင်းရွှေ့ခွင့် စသည့်ကျယ်ပြန့်သောအခွင့်အရေးများ တိကျစွာပါဝင်ခြင်းမရှိဘဲ အခြေခံအဆင့် ဖြစ်သော သဘောတူညီချက်ပေးရန်ထိန်းချုပ်ခွင့် (Consent Right) မျှသာ ရှိပါကြောင်း၊ သို့ဖြစ်၍ နိုင်ငံသားများ၏ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်ခွင့်နှင့် အခွင့်အရေးများကို အပြည့်အဝအကာအကွယ် ပေးနိုင်ရန် ဥပဒေသစ်တစ်ရပ် လိုအပ်နေပါကြောင်း၊ မြန်မာနိုင်ငံရှိ ဒစ်ဂျစ်တယ်လုပ်ငန်းများနှင့် ဘဏ်များသည် နိုင်ငံတကာကုမ္ပဏီများ၊ အဖွဲ့အစည်းများနှင့် ချိတ်ဆက်လုပ်ကိုင်ရာတွင် အပြန်အလှန်ဒေတာစီးဆင်းမှု လုံခြုံစိတ်ချစေရန်အတွက် မြန်မာနိုင်ငံ၌ ကမ္ဘာ့စံနှုန်းမီ တစ်စုတစ်စည်းတည်းသော ဒေတာဥပဒေရှိရန် အရေးတကြီးလိုအပ်နေပါကြောင်း။
မြန်မာနိုင်ငံတွင် နိုင်ငံသား (ဒေတာပိုင်ရှင်) များ၏ ရပိုင်ခွင့်များကို အပြည့်အဝကာကွယ်ပေးနိုင်ရန်၊ ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို ကမ္ဘာ့ဒစ်ဂျစ်တယ်စံနှုန်းများနှင့်အညီ ရေရှည်ဖွံ့ဖြိုးတိုးတက် စေရန်နှင့် ဒေတာစီမံခန့်ခွဲမှုစနစ်ကို တာဝန်ခံမှု၊ တာဝန်ယူမှုအပြည့်အဝရှိစေရန်အတွက် စံနှုန်းများကိုအခြေခံ၍ မြန်မာနိုင်ငံ၏ ပကတိပတ်ဝန်းကျင် စီးပွားရေးလုပ်ငန်းလည်ပတ်မှုများနှင့် သင့်လျော်ဆီလျော်မည့် မြန်မာနိုင်ငံ ကိုယ်ရေးအချက်အလက်ကာကွယ်ရေးဥပဒေ (Personal Data Protection Law) အား သီးခြားဥပဒေတစ်ရပ်အဖြစ် အမြန်ဆုံးရေးဆွဲပြဋ္ဌာန်းပေးပါရန် အဆိုပြုတင်ပြအပ်ပါကြောင်း အဆိုတင်သွင်းသည်။
ယင်းအဆိုနှင့်စပ်လျဉ်း၍ ကယားပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၁၁) ဦးဇော်မင်းထူးက ထောက်ခံဆွေးနွေးသည်။
ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးရန် သင့်၊ မသင့် လွှတ်တော်၏အဆုံးအဖြတ်ရယူရာ သဘောတူသဖြင့် အဆိုအား လွှတ်တော်က ဆွေးနွေးမည် ဖြစ်ကြောင်းနှင့် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမျိုးသားလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ယင်းနောက် တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၄ ရက် မြောက်နေ့ကိုရပ်နားလိုက်ပြီး အစည်းအဝေး ၁၅ ရက်မြောက်နေ့ကို နိုဝင်ဘာ ၉ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းအဖွဲ့