
နေရပ်စွန့်ခွာသူ သန်း ၉၀ နီးပါးသည် ပြင်းထန်သော ရာသီဥတုအန္တရာယ်များကို ရင်ဆိုင်နေရသည်ဟု ကုလသမဂ္ဂဒုက္ခသည် အေဂျင်စီ (UNHCR) အစီရင်ခံစာတွင် ဖော်ပြထားသည်။ ကမ္ဘာ၏နေရပ်ရွှေ့ပြောင်း လေးပုံသုံးပုံသည် ရာသီဥတုနှင့်ဆက်နွှယ်နေသော ဘေးအန္တရာယ်များနှင့် ပြင်းပြင်းထန်ထန်ထိတွေ့နေသောနိုင်ငံများတွင် နေထိုင်နေကြသည်ဟု နိုဝင်ဘာ ၆ ရက်တွင် ကုလသမဂ္ဂက ပြောကြားခဲ့ပြီး သူတို့ကို အကာအကွယ်ပေးရေး အလျင်အမြန် ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့သည်။
တူရကီနိုင်ငံတွင် ကျင်းပမည့် COP31 ရာသီဥတုညီလာခံမတိုင်မီ ရက်ပိုင်းအလိုတွင် ကုလသမဂ္ဂဒုက္ခသည် အေဂျင်စီ (UNHCR) အစီရင်ခံစာတွင် ဖော်ပြထားရာ၌ ဒုက္ခသည်များနှင့် အခြားအတင်းအ ကျပ်ရွှေ့ပြောင်းခံရသူများ သန်း ၉၀ နီးပါးသည် ပူနွေးလာသောကမ္ဘာဂြိုဟ်နှင့် ဆက်စပ်နေသော ပြင်းထန်အန္တရာယ်များကို ရင်ဆိုင်နေရသည်ဟု ဆိုသည်။
"ဒုက္ခသည်တွေဟာ နှစ်ထပ်ကွမ်း တရားမမျှတမှုကို ရင်ဆိုင်နေကြရပါတယ်"ဟု လုပ်ငန်းလည်ပတ်မှုများအတွက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ၏ဒုတိယမဟာမင်းကြီး အန်တွန်လက်စ်ဂါစီယာက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။"သူတို့ကြောင့်ဖြစ်တာမျိုးမဟုတ်တဲ့ ပဋိပက္ခတွေကနေ ထွက်ပြေးခဲ့ကြရပါတယ်။ အခုသူတို့ဟာ သူတို့အနည်းဆုံး လုပ်တဲ့ ရာသီဥတုအကျပ်အတည်းရဲ့ရှေ့တန်းမျက်နှာစာကို ရောက်နေကြပါတယ်"ဟု ထုတ်ပြန်ချက်တွင် ဆက်လက် ဖော်ပြထားသည်။
"ပဋိပက္ခတွေ၊ အကြမ်းဖက်မှုတွေ၊ နှိပ်ကွပ်ခံရတာတွေကတော့ ထွက်ပြေးခဲ့ကြရသူတွေဟာ ပြင်းထန် မိုးခေါင်တာ၊ ဆိုးဆိုးရွားရွား ရေကြီးတာ၊ ပြင်းထန်လွန်းတဲ့ အပူဒဏ်တွေဖြစ်ပေါ်တာတွေကို ရင်ဆိုင်နေရတဲ့ နေရာဒေသတွေကို ရောက်နေကြပါတယ်"ဟု ကုလသမဂ္ဂဒုက္ခသည်အေဂျင်စီက ထောက်ပြထားသည်။
ရာသီဥတုပြောင်းလဲမှုသည် နေရပ်ရွှေ့ပြောင်းလာကြရသူများအတွက် ရေရှည်တည်မြဲသော ဖြေရှင်းချက် အလားအလာများကို ပိုမိုခြိမ်းခြောက်ခံနေရသည်ဟုဆိုသည်။ယခုနှစ်၏ ပထမခြောက်လအတွင်းနေရပ်ပြန်ခဲ့ကြသော ဒုက္ခသည်များ၏သုံးပုံနှစ်ပုံကျော်သည် ရာသီဥတု ဘေးအန္တရာယ်ဖြင့် ပိုမိုထိခိုက်လွယ်သော နိုင်ငံများထံ ပြန်သွားနေကြရသည်ဟုဖော်ပြထားသည်။
Ref:AFP