Myanmar Digital News

ကန်ကြီးထောင့်မြို့နယ်၌ စက်သုံးဆီအရောင်းဆိုင်များ ကွင်းဆင်းစစ်ဆေး

ကန်ကြီးထောင့် နိုဝင်ဘာ ၈

 

ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ်အတွင်း အယ်လ်နီညိုရာသီဥတု ဖြစ်စဉ်ကြောင့် အပူချိန်မြင့်မားလျက်ရှိရာ မီးလောင်မှုနှင့် မီးလန့်မှုများမဖြစ် ပေါ်စေရေးအတွက် ယမန်နေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများက စက်သုံးဆီအရောင်းဆိုင်များသို့ သွားရောက်၍ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးသည်။

 

ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် ပုသိမ်ခရိုင် မီးသတ်ဦးစီးမှူး ဦးဆောင်၍ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များသို့ သွားရောက်ကာ မီးဘေးလုံခြုံရေး စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ထားမှု ရှိ/မရှိ၊ မီးသတ်ဆေးဘူးများ အလွယ်တကူ အသင့်အသုံးပြုနိုင်ရေး ဆောင်ရွက်ထားမှု ရှိ/မရှိနှင့် မီးသတ်ရေလှောင်ကန်များတွင် ရေဖြည့်တင်းထားမှု အခြေအနေများကို စစ်ဆေးခဲ့ကြသည်။

 

ထို့ပြင် မီးလောင်မှုဖြစ်ပွားပါက ချက်ချင်းတုံ့ပြန် မီးငြှိမ်းသတ်နိုင်ရေးအတွက် အပေါ့စားမီးသတ် စက်ဖြင့် Foam အမြှုပ်ဆေးရည် လက်တွေ့အသုံးပြု မီးငြှိမ်းသတ်နည်းများကို ဆိုင်ဝန်ထမ်းများနှင့်အတူ လက်တွေ့စမ်းသပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကျော်ဇင်စိုး(ပြန်/ဆက်)

မူရင်းသတင်း — Myanmar Digital News