Myanmar Digital News

မင်းလှမြို့နယ်၌ ရေစုဆောင်းခြင်းနှင့် ရေဖြန့်ဝေရေးလုပ်ငန်းများ ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှု  ကွင်းဆင်းစစ်ဆေး

မင်းလှ နိုဝင်ဘာ ၈

 

မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ် စည်ပင်သာယာရေးအဖွဲ့က အယ်လ်နီညိုဖြစ်စဉ်ကြောင့် ရပ်ကွက်နေပြည်သူများ သောက်သုံးရေ ပြတ်လပ်မှု မဖြစ်ပေါ်စေရေးအတွက် နိုဝင်ဘာ ၆ ရက်က ရေဖြန့်ဝေရေးလုပ်ငန်းများ ကြိုတင်ပြင်ဆင်ထားရှိမှုနှင့် ရေစုဆောင်းခြင်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးသည်။ 

 

ထိုသို့ဆောင်ရွက်ရာတွင် မင်းလှမြို့နယ် စည်ပင်သာယာရေး အဖွဲ့အမှုဆောင်အရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးဉာဏ်ဦး ဦးဆောင်၍ လက်ထောက်အင်ဂျင်နီယာ ဦးညီညီထွန်းနှင့် ဝန်ထမ်းများအဖွဲ့က အယ်လ်နီညိုကြောင့် ရေအရင်းအမြစ်များကျဆင်းခြင်းတို့ ဖြစ်ပေါ်လာနိုင်သည့် အတွက် မြို့ပေါ်ရပ်ကွက်နေပြည်သူများအား သောက်သုံးရေပြတ်လပ်မှု မဖြစ်ပေါ်စေရန် မြစ်ရေကျချိန်တွင် မြို့ရေပေးဝေရေးလုပ်ငန်းရှိ ပွန်တွန်းများတွင် ထပ်မံလိုအပ်မည့် ရေတင်ပိုက်လိုင်းများနှင့် မီးလိုင်းများ အသင့်အနေအထားအသုံးပြုနိုင်ရေး၊ အရေးပေါ် ရေစုကန်များနှင့် အများသုံးကန်များတွင် ရေအပြည့်ရှိနေစေရေး၊ ရေဖြန့်ဝေပေးနေသော ရေပိုက်လိုင်းများ သတ်မှတ်ချိန်အတိုင်း ကန့်သတ်ချက်ဖြင့် စနစ်တကျ သောက်သုံးရေ ဖြန့်ဝေပေးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ 

ရဲဝင်းနိုင်(ညောင်ဦး)

မူရင်းသတင်း — Myanmar Digital News