Myanmar Digital News

ကမ္ဘာ့ကျောက်မျက် A to Z

ကမ္ဘာပေါ်ရှိ ကျောက်မျက်တန်းဝင် ကျောက်အမျိုးအစားအားလုံးကို တစုတစည်းတည်းတင်ပြခြင်း

 

ဆရာကျောက်ရိုင်း(ဘူမိ)၏ ကမ္ဘာ့ကျောက်မျက် A to Z စာအုပ်မှာ အောက်တိုဘာလက ဒုတိယအကြိမ် ထွက်ရှိလာသည်။

 

စာအုပ်တွင် ကမ္ဘာ့ကျောက်မျက် A to Z နှင့်ပတ်သက်ပြီး ကမ္ဘာ့ ကျောက်မျက်များ အက္ခရာစဉ်အညွှန်း A အက္ခရာမှ အချရိုက်(Achrite)၊ အက်ခရိုအိုက်(Achroite)၊ အက်တီနိုလိုက်(Actinolite)၊ အဂိတ်(Agate)၊ ပယင်း(Amber)နှင့် B အက္ခရာမှ ဘာဟိန်းအမ်မသစ်(Bahaim Amethyst)၊ ဘာလက်ရူဘီ(Balas Ruby)၊ ဘာရိုက်(Barite) စသည့် ကျောက်များအပါအဝင် အက္ခရာစဉ်အလိုက် ကျောက်အမျိုးအစားများကို သိရှိလေ့လာ မှတ်သားနိုင်စေရန် ရေးသားပြုစုထားသည်။

 

စာအုပ်ကို Wisdom House စာအုပ်တိုက် အဝေရာလမ်း၊ မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့မှ ထုတ်ဝေထားခြင်းဖြစ်ပြီး တန်ဖိုးငွေကျပ် ၃၀၀၀၀ ဖြင့်ဖြန့်ချိသည်။

ကြေးမုံ

မူရင်းသတင်း — Myanmar Digital News