ဒေါက်တာတင်ထွန်းဦး ရေးသားသည့် ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓဘာသာ အဆောက်အအုံ ဗောရောဗုဓောစာအုပ် ထွက်ရှိလာသည်။
သမိုင်းကြောင်းအရ အလွန်စိတ်ဝင်စားစရာကောင်းပြီး အင်ဒိုနီးရှားနိုင်ငံတွင်တည်ရှိသည့် ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓဘာသာအဆောက်အအုံကြီး၏ အံ့ဩဖွယ်ရာဖွဲ့စည်းတည်ဆောက်ထားပုံနှင့် ထူးထူးခြားခြား အနုပညာလက်ရာမြောက်လှသော ကျောက်ဆစ်ရုပ်လုံးရုပ်ကြွများကို စာရေးသူကိုယ်တိုင် နှစ်ကြိမ်တိုင်တိုင် သွားရောက်လေ့လာ ရေးသားပြုစုထားသည့် စာအုပ်ဖြစ်သည်။
ဤစာအုပ်တွင် ဗောရောဗုဓော၏ဖြစ်ပေါ်လာပုံ၊ တည်ဆောက်ခဲ့သည့် ခေတ်၊ မင်းဆက်များ၊ ဖွဲ့စည်းတည်ဆောက်ထားပုံအဆင့်ဆင့်၊ ဗိသုကာလက်ရာများ၊ စေတီတော်များ၊ ဗုဒ္ဓရုပ်ပွားတော်များ၊ ကျောက်ဆစ်ရုပ်ကြွများနှင့် ၎င်းတို့၏အဓိပ္ပာယ်များ၊ စေတီတော်ကြီးကပေးသည့် ဘဝသင်ခန်းစာ စသည်တို့ကို ဖော်ပြထားသည်။ ထို့အပြင် ဗောရောဗုဓော ပျောက်ကွယ်ခဲ့ရသည့်ကာလ၊ ပြန်လည် တွေ့ရှိခဲ့ပုံ၊ ထိန်းသိမ်းပြုပြင်ခဲ့ပုံနှင့် ကမ္ဘာလှည့်ခရီးသွားများ အထူးစိတ်ဝင်စားစရာနေရာတစ်ခုအဖြစ် ရပ်တည်နေသည့် အခြေအနေများကိုလည်း ဖော်ပြထားသည်။ ထိုမျှသာမက ပြည့်ပြည့်စုံစုံ ဆက်စပ်လေ့လာနိုင်ရန် ကမ္ဘာအနှံ့ရှိ ကမ္ဘာ့အံ့ဖွယ်ဗုဒ္ဓရုပ်ပွားတော်များနှင့် စေတီတော်များ အကြောင်းကိုလည်း ထည့်သွင်းဖော်ညွှန်းထားသည်။
စာအုပ်ကို ပြည်လုံးကျွတ်ဖြန့်ချိရေး ဖုန်း ၀၁၃၈၅၂၉၃၊ ၀၁၈၃၉၂၇၃၉၊ စွယ်စုံမီဒီယာဂရု(ပ်)၊ ပထမထပ်၊ Central Tower ၊ အနော်ရထာလမ်း (၃၉ လမ်းထောင့်)၊ ရန်ကုန်မြို့မှ တန်ဖိုး ငွေကျပ် ၁၅၀၀၀ ဖြန့်ချိသည်။
ကြေးမုံ