Myanmar Digital News

သိလိုရာမေး စတော့ရှယ်ယာအရေး

ဆရာသက်ထွန်းဦး၏ သိလိုရာမေး စတော့ရှယ်ယာအရေးစာအုပ် အောက်တိုဘာလက ပထမအကြိမ် ထွက်ရှိလာသည်။

 

စာအုပ်တွင် စတော့ဈေးကွက်သမိုင်းအကျဉ်း၊ အများပြည်သူသို့ ထုတ်ဝေရောင်းချခြင်း၏ အကျိုးကျေးဇူးများ၊ စတော့ဈေးနှုန်းများ သတ်မှတ်ခြင်း၊ ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများ အကြောင်း၊ စတော့အိတ်ချိန်းတွင် စာရင်းဝင်ခြင်းနှင့် စာရင်းဝင်အကြိုဈေးကွက်အကြောင်းတို့ အပါအဝင် ဆောင်းပါးပုဒ်ရေ ၁၂ ပုဒ်ဖြင့် စုစည်းရေးသားထားသည်။ စတော့ဈေးကွက်ကို စတင်လေ့လာလိုသူများအတွက်သာမက မိမိ၏ရင်းနှီးမြှုပ်နှံမှုအသိပညာကို ပိုမိုတိုးတက်လိုသူများ အတွက်ပါ အထောက်ကူပြုစေရန် ရေးသားပြုစုထားသည်။

 

စာအုပ်ကို Wisdom House စာအုပ်တိုက် အဝေရာလမ်း၊ မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့မှ နှစ်(၂၀)ပြည့် အမှတ်တရအဖြစ် ထုတ်ဝေထားခြင်းဖြစ်ပြီး တန်ဖိုးငွေကျပ် ၁၈၀၀၀ ဖြင့် ဖြန့်ချိသည်။

ကြေးမုံ

မူရင်းသတင်း — Myanmar Digital News