Yo Yar Lay

လေဆာရောင်ခြည်နဲ့ သစ်ကိုင်းတွေ ရှင်းလင်းဖယ်ရှားတဲ့ စနစ်ကို တရုတ်နိုင်ငံမှာ အသုံးပြုနေ

တရုတ်နိုင်ငံမှာ ဓာတ်ကြိုးတွေနဲ့ နီးကပ်လွန်းတဲ့ သစ်ကိုင်းတွေကို ရှင်းလင်းဖို့ စွမ်းအားမြင့်လေဆာရောင်ခြည်ကို အသုံးပြုနေပါပြီ။

အခုနောက်ဆုံး ထွက်ရှိထားတဲ့ လေဆာစနစ်ကတော့ ဝပ် ၁၅၀၀ ရှိပြီး မီတာ ၃၀၀ အကွာအဝေးအထိ ပစ်ခတ် ရှင်းလင်းနိုင်တယ်လို့ ဆိုပါတယ်။ လူက ကင်မရာမျက်နှာပြင်ကို ကြည့်ပြီး သစ်ကိုင်းကို လေဆာနဲ့ ချိန်ပေးလိုက်ရုံပါပဲ။

ဒီနည်းလမ်းကြောင့် အလုပ်သမားတွေဟာ အန္တရာယ်ရှိတဲ့ ဓာတ်ကြိုးနားက သစ်ပင်ပေါ်ကို တက်စရာမလိုဘဲ မြေပြင်ကနေပဲ သစ်ကိုင်းတွေကို ရှင်းလင်းဖယ်ရှားနိုင်ပြီ ဖြစ်ပါတယ်။

စမ်းသပ်မှုတစ်ခုအရ ၁၀ စင်တီမီတာ အထူရှိတဲ့ သစ်ကိုင်းကို မီတာ ၅၀ အကွာကနေ လေဆာနဲ့ ပစ်ခတ် ရှင်းလင်းရာမှာ ကြာချိန် ၃ မိနစ်ကနေ ၄ မိနစ်လောက်ပဲ ရှိပါတယ်။

Ref: China has developed powerful laser systems that can cut tree branches

NZ (ရိုးရာလေး)

မူရင်းသတင်း — Yo Yar Lay