
မနားမား၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ)
ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (GCC) အဖွဲ့ဝင်နိုင်ငံများသည် ဘာရိန်းနိုင်ငံတွင် GCC ရထားလမ်းစီမံကိန်းအတွက် အထွေထွေသဘောတူညီချက်ကို နိုဝင်ဘာ ၈ ရက်က လက်မှတ်ရေးထိုးခဲ့ကြပြီး ဒေသတွင်းသယ်ယူပို့ဆောင်ရေးပေါင်းစည်းမှုကို ပိုမိုခိုင်မာစေရန် ခြေလှမ်းသစ်တစ်ခု စတင်လိုက်သည်။
အဆိုပါ လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ဘာရိန်းနိုင်ငံ၏ဒုတိယအကြီးဆုံးမြို့ဖြစ်သော Riffa မြို့တွင် ကျင်းပခဲ့ပြီး ဘာရိန်းအိမ်ရှေ့မင်းသားနှင့် ဝန်ကြီးချုပ်ဆာလ်မန်ဘင်ဟာမဒ်အယ်လ်ခါလီဖာ၊ GCC အထွေထွေအတွင်းရေးမှူးချုပ် ဂျာဆမ်မိုဟာမက်အယ်လ်ဘူဒိုင်ဝီနှင့် အဖွဲ့ဝင် ၆ နိုင်ငံမှ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးများ တက်ရောက်ခဲ့ကြသည်။
အယ်လ်ဘူဒိုင်ဝီက အဆိုပါသဘောတူညီချက်သည် ပင်လယ်ကွေ့ဒေသ၏ သယ်ယူပို့ဆောင်ရေးကဏ္ဍပေါင်းစည်းမှုကို မြှင့်တင်ပေးနိုင်မည့်အပြင် GCC တစ်ခွင် ရထားလမ်းသယ်ယူပို့ဆောင်ရေးစနစ်များကို စည်းမျဉ်းသတ်မှတ်ရန်အတွက် အရေးပါသောခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
၎င်းက အဆိုပါစီမံကိန်း၏ရည်ရွယ်ချက်မှာ GCC အဖွဲ့ဝင်နိုင်ငံအားလုံးကို ဒေသတွင်းပေါင်းစည်းထားသော မီးရထားကွန်ရက်တစ်ခုဖြင့် ချိတ်ဆက်ရန်ဖြစ်ပြီး သယ်ယူပို့ဆောင်ရေးလွယ်ကူချောမွေ့စေကာ နိုင်ငံများအကြား ချိတ်ဆက်မှုပိုမိုအားကောင်းစေရန်နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ဘုံသာယာဝပြောမှုကို အထောက်အကူပြုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
…………….
(English Version)
GCC states sign general agreement for Gulf railway project
MANAMA, Nov. 8 (Xinhua) -- Gulf Cooperation Council (GCC) states on Sunday signed the general agreement for the GCC Railway Project in Bahrain, marking a new step toward strengthening regional transport integration.
The signing ceremony was held in Bahrain's second-largest city of Riffa in the presence of Bahrain's Crown Prince and Prime Minister Salman bin Hamad Al Khalifa, alongside GCC Secretary-General Jasem Mohamed Albudaiwi and transport and communications ministers from the six member states.
Albudaiwi said the agreement represents an important step in enhancing Gulf integration in the transport sector and regulating railway transport systems across the GCC.
He said the project aims to connect all GCC member states through an integrated regional railway network, facilitating transport and strengthening connectivity while supporting economic development and shared prosperity.
Photo caption: A passenger train is tested during trial operations of the United Arab Emirates' first passenger railway, Etihad Rail, at a railway station in Fujairah, the United Arab Emirates, June 8, 2026. (Xinhua/Xia Xiao)