ဇလွန် နိုဝင်ဘာ ၉
ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ်၌ အယ်လ်နီညိုဖြစ်စဉ်ကြောင့် အပူချိန်မြင့်မားပြီး မီးလန့်မှု၊ မီးလောင်မှုများ မဖြစ်ပေါ်စေရေးအတွက် ညောင်ပင်ဈေးရပ်ကွက်ရှိ Grand Max စက်သုံးဆီ အရောင်းဆိုင်၌ ယနေ့နံနက်ပိုင်းတွင် စစ်ဆေးဆောင်ရွက်သည်။
ဦးစွာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်လင်း၊ မြို့နယ် မီးသတ်ဦးစီးမှူး ဦးရန်လင်းထွဋ်၊ မြို့နယ်စည်ပင် အမှုဆောင်အရာရှိ၊ မြို့နယ် လျှပ်စစ် အင်ဂျင်နီယာနှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့တို့က မီးဘေးလုံခြုံရေးစစ်ဆေးခြင်း၊ လျှပ်စစ်ကြိုးသွယ်တန်းထားရှိမှု အခြေအနေများစစ်ဆေးခြင်း၊ မီးသတ်ဆေးဘူးများ အသင့်အသုံးပြုနိုင်မှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် အသုံးပြုပုံများ ဟောပြောခြင်း၊ မီးဘေးကြိုတင်ကာကွယ်ရေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ မီးသတ် စက်/မီးသတ်ရေကန်များ အသင့်အသုံးပြုနိုင်မှု ရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မင်းထက်သာ