နေပြည်တော် နိုဝင်ဘာ ၉
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ ၂၀၂၆ ခုနှစ် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ရုံးအမှတ်(၃၁) သာသနာရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ ၂၀၂၆ ခုနှစ် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီ နာယက ဒုတိယသမ္မတ ဦးညိုစော တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယ ဝန်ကြီးများ၊ ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများမှ ကော်မတီ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြ သည်။
အစည်းအဝေးတွင် ဒုတိယ သမ္မတက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ ၂၀၂၆ ခုနှစ် ကထိန်သင်္ကန်း ဆက်ကပ် လှူဒါန်းပွဲ အခမ်းအနား ကျင်းပသွားမည့် အခြေအနေများ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီးနှင့် အကျိုးတော်ဆောင် ဆရာတော်ကြီးများ အမှူးပြုသော ဒေသခံဆရာတော်များ ပင့်ဆောင်ပြီး ကထိန်သင်္ကန်းနှင့်အတူ အခြံအရံ လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းသွားမည့် အခြေအနေများ၊ သံဃာရာမ ကျောင်းဆောင် လေးဆောင်တွင် သီတင်းသုံးကြမည့် ဆရာတော်ကြီးများ စိတ်နှလုံးချမ်းမြေ့စေရေးအတွက် ရေ၊ မီး၊ သန့်ရှင်းရေး၊ စိမ်းလန်း စိုပြည်ရေး ပူးပေါင်းဆောင်ရွက်ရေး၊ အခမ်းအနားသို့ ကြွရောက်တော်မူလာကြမည့် ဆရာတော်ကြီးများအား အရုဏ်ဆွမ်း၊ နေ့ဆွမ်းဆက်ကပ်ရာတွင် ဆွမ်းနှင့် ဆွမ်းဟင်းလျာများ ကျန်းမာရေးနှင့် ညီညွတ်မှုရှိစေရေး သက်ဆိုင်ရာကော်မတီအလိုက် ဆောင်ရွက်ရန် လိုအပ်မှုအခြေအနေများ၊ ဆရာတော်ကြီးများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် သံဃာရာမကျောင်းဆောင် အဆောင် (၂)တွင် ယခင်နှစ်များ နည်းတူ အနောက်တိုင်းဆေးခန်းနှင့် တိုင်းရင်းဆေးခန်းများ ဖွင့်လှစ်ပေးရန် လိုအပ်မှုအခြေအနေများ၊ ပဒေသာပင်များကို တင့်တင့်တယ်တယ်နှင့် ကြည်ညိုဖွယ်ဖြစ်အောင် ပြင်ဆင်ဆောင်ရွက်ကြရန်နှင့် ပဒေသာပင်များအား ကထိန်ခံကျောင်းတိုက်သို့ ပို့ဆောင်ရာတွင် စနစ်တကျရှိစေရေး စီမံဆောင်ရွက်သွားရန် လိုအပ်မှုအခြေအနေများကို အသေးစိတ် ရှင်းလင်းပြောကြားပြီး နိုင်ငံတော်အဆင့် အခမ်းအနားဖြစ်သည်နှင့် အညီ လုပ်ငန်းဆောင်ရွက်သည့်နေရာတွင် လစ်ဟာမှုများမရှိအောင် ဆပ်ကော်မတီများအလိုက် စနစ်တကျ စီမံခန့်ခွဲခြင်း၊ ပေါင်းစပ်ညှိနှိုင်းခြင်း၊ ကြိုတင်ဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်ခြင်းတို့ ဆောင်ရွက်သွားကြရန်နှင့် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကြီး ခံ့ညားထည်ဝါစွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် သက်ဆိုင်ရာ ကော်မတီအသီးသီးက စနစ်တကျ စီစဉ်ဆောင်ရွက်ပေးကြရန် တိုက်တွန်း ပြောကြားသည်။
ထို့နောက် ဦးစီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး၊ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးနှင့် ဆပ်ကော်မတီအသီးသီးမှ ကော်မတီ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရ ၂၀၂၆ ခုနှစ် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာကော်မတီအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ဒုတိယသမ္မတက တင်ပြချက်များအပေါ် ပြန်လည် သုံးသပ်ဆွေးနွေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြား၍ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်