တပ်မတော်စစ်ကြောင်းများက မွန်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီး နယ်စပ်ဒေသတစ်ဝိုက် အခြေပြု၍ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိသည့် NUG၊ CRPH အကြမ်းဖက်သောင်းကျန်းသူများ၏ အထူးတိုင်းစစ်ဌာနချုပ်အပါအဝင် KNU၊ KNLA ပူးပေါင်းအဖွဲ့များ၏အခြေပြုစခန်းများအား တိုက်ခိုက်ချေမှုန်း
နေပြည်တော် နိုဝင်ဘာ ၉
မွန်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့၏ နယ်စပ်ဖြစ်သော ကျိုက်ထိုမြို့နယ်နှင့် ရွှေကျင်မြို့နယ်အတွင်း ခိုအောင်း၍ အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိသည့် KNU၊ KNLA အပါအဝင် CRPH၊ NUG နှင့် ၎င်းတို့၏လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များ၏ အခြေပြုနေထိုင်ရာစခန်းများအား တပ်မတော်စစ်ကြောင်းများက စနစ်တကျချီတက်တိုက်ခိုက် ချေမှုန်းခဲ့ကြောင်း သိရှိရသည်။
KNU ၊ KNLA အပါအဝင် CRPH ၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် မွန်ပြည်နယ်၊ သိမ်ဇရပ် - ကျိုက်ထိုဒေသနှင့် ပဲခူးတိုင်းဒေသကြီးနယ်မြေအစပ်တို့ရှိ သွားလာရေးခက်ခဲသော တောတောင်များအတွင်း အခြေပြုနေထိုင်၍ တရားဥပဒေမဲ့ မသမာသောနည်းလမ်း မျိုးစုံမှရရှိလာသော အကျိုးအမြတ်များဖြင့် အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်ရာတွင် အသုံးပြုသော လက်လုပ်စိန်ပြောင်းများ၊ လက်လုပ်သေနတ်များ၊ ခဲယမ်းများနှင့် ဖောက်ခွဲရေးသုံး ပစ္စည်းများကို ပြုလုပ်ပြီး လက်နက်အားကိုးဖြင့် ရိုးသားစွာ အသက်မွေးဝမ်းကျောင်းပြုနေကြသည့် ဒေသခံတိုင်းရင်းသားပြည်သူများအား အနိုင်ကျင့်ဗိုလ်ကျကာ ကျေးရွာများအတွင်းနှင့် အနီးဝန်းကျင်တို့တွင် ယာယီအခြေပြုစခန်းများ တည်ဆောက်နေထိုင်လျက်ရှိကြကြောင်း သိရသည်။
အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များအနေဖြင့် အဆိုပါဒေသများ၌ ယာယီစိုးမိုးအခြေပြုစဉ်ကာလအတွင်း ဒေသခံပြည်သူများ၏ နေအိမ်များ၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံများ၊ စာသင်ကျောင်းများ၌ သဲအိတ်များဖြင့် ဘန်ကာများတည်ဆောက်ခြင်း၊ ဆက်ကြေးကောက်ခြင်း၊ လူသစ်စုဆောင်းခြင်း၊ ၎င်းတို့အပေါ် ထောက်ခံအားပေးမှုမရှိသော ကျေးရွာများမှ ဒေသခံပြည်သူများ၊ ရဟန်းသံဃာများနှင့် သစ္စာရှိနိုင်ငံ့ဝန်ထမ်းများအား “ဒလန်” ခေါင်းစဉ်တပ်စွပ်စွဲပြီး ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်ခြင်းများကို တရားဥပဒေမဲ့ကျူးလွန်လျက်ရှိသည်။
ထို့ပြင် ၎င်းဒေသအတွင်းရှိ ဒေသခံပြည်သူလူထု၏ ကုန်စည်ပို့ဆောင်မှုများ လုပ်ဆောင်လျက်ရှိသည့် ကုန်တင်ကားများနှင့် ခရီးသွားမော်တော်ယာဉ်များအား ဆက်ကြေးကောက်ခံခြင်း၊ ဆက်သွယ်ရေးလမ်းကြောင်းများအား မိုင်းထောင်ခြင်း၊ လမ်းတံတားများအား ဖောက်ခွဲဖျက်ဆီးခြင်း၊ ခရီးသွားပြည်သူများအား အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို ယုတ်မာရိုင်းစိုင်းစွာ လုပ်ဆောင်လျက်ရှိသဖြင့် ဒေသခံတိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝများ များစွာထိခိုက်နစ်နာခဲ့ရသည်။
NUG၊ CRPH တို့အနေဖြင့် KNU၊ KNLA အဖွဲ့များနှင့် ပူးပေါင်းကာ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၏ အရှေ့မြောက်ဘက်၊ ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်အတွင်း NUG ၏ အထူးတိုင်းစစ်ဌာနချုပ်ဖွင့်လှစ်၍ အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်မှု ကိုကွပ်ကဲလျက်ရှိကြောင်း ဒေသခံ တာဝန်သိပြည်သူများ၏ တိကျသော သတင်းပေးပို့မှုအရ တပ်မတော်စစ်ကြောင်းများက အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter-Terrorism Operation) ဖြင့် တိုက်ခိုက်ချေမှုန်းရန် သိမ်ဇရပ်မြို့၌ လိုအပ်သည့် ပြင်ဆင်စုဖွဲ့မှုများ ဆောင်ရွက်ခဲ့သည်။ ထို့နောက် နိုဝင်ဘာလ ၃ ရက်မှစ၍ စစ်ကြောင်းများခွဲကာ နယ်မြေလုံခြုံရေး လုပ်ငန်းများကို အဆင့်ဆင့်ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာလ ၅ ရက်တွင် သိမ်ဇရပ်မြို့၏ အရှေ့မြောက်ဘက် ကော်ကတ်ကျေးရွာအနီး အကြမ်းဖက်သောင်းကျန်းသူများ ယာယီအခြေပြုနေထိုင်လျက်ရှိသည့် စခန်း ၁ ခုအား လည်းကောင်း၊ နိုဝင်ဘာလ ၆ ရက်တွင် သိမ်ဇရပ်မြို့၏ အရှေ့မြောက်ဘက် ကော်ထီးထကျေးရွာအနီးရှိ အကြမ်းဖက်သောင်းကျန်းသူများ ယာယီအခြေပြု နေထိုင်လျက်ရှိသည့် စခန်း ၁ ခုအားလည်းကောင်း၊ နိုဝင်ဘာလ ၇ ရက်တွင် သိမ်ဇရပ်မြို့၏ အရှေ့မြောက်ဘက် ကော်ထီးထကျေးရွာအနီး KNU၊ KNLA တပ်မဟာ (၁)၊ ရင်း (၃) ဌာနချုပ် အပါအဝင် အကြမ်းဖက်သောင်းကျန်းသူများ ယာယီအခြေပြုနေထိုင်လျက်ရှိသည့် စခန်း ၄ ခုတို့အား သိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။
ဆက်လက်၍ တပ်မတော်စစ်ကြောင်းများအနေဖြင့် အကြမ်းဖက်သောင်းကျန်းသူများ ခိုအောင်းနေထိုင်နိုင်ခြင်းမရှိစေရေး လိုအပ်သည့် နယ်မြေလုံခြုံရေး လုပ်ငန်းများကို နေ့မနားညမအား ဆက်လက်ကြိုးပမ်းဆောင်ရွက်ခဲ့ရာ နိုဝင်ဘာလ ၈ ရက်တွင် မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့၏ အရှေ့မြောက်ဘက်၊ ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်အတွင်းရှိ ပွိုင့် ၄၈၀ တောင်ကုန်းအနီး ထီးကလာချောင်းဝန်းကျင်တစ်ဝိုက်၌ NUG၊ CRPH အကြမ်းဖက်သောင်းကျန်းသူများ၏ အထူးတိုင်းစစ်ဌာနချုပ် အပါအဝင် စခန်း ၅ ခုအားထပ်မံ၍ အသီးသီး တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ တိုက်ခိုက်သိမ်းပိုက်နိုင်ရေးဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူများနှင့် ထိတွေ့တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားခဲ့ပြီး NUG၊ CRPH အကြမ်းဖက်အဖွဲ့၏ အထူးတိုင်းစစ်ဌာနချုပ်အပါအဝင် KNU၊ KNLA အဖွဲ့များ၏ အကြမ်းဖက်စခန်းနေရာ ၁၁ နေရာတို့အား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကာ အကြမ်းဖက်သောင်းကျန်းသူများထံမှ လက်နက်မျိုးစုံ ၉၇ လက်၊ ကျည်မျိုးစုံ ၁၂၂၈၅ တောင့်၊ Drop Bomb ၃၆၂ လုံး၊ မိုင်းမျိုးစုံ ၁၃၉ လုံး၊ (4x4) ကား ၂ စီး၊ ဒရုန်းများ၊ လက်ပစ်ဗုံးများ၊ ဗုံးသီးများ၊ ဒီတိုနေတာများ၊ ဆက်သွယ်ရေးစက်များ၊ ပစ်ကျင်းများ၊ ဘန်ကာများ၊ လူနေတဲများ၊ အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ ရိက္ခာပစ္စည်းများ၊ ကွန်ပျူတာအပါအဝင် ရုံးလုပ်ငန်းသုံးပစ္စည်းများ၊ သောင်းကျန်းသူများ၏ ပြောက်ကျားဝတ်စုံများ၊ ကျည်ကာအင်္ကျီ၊ ဦးထုပ်များ၊ ဆေးဝါးများနှင့် ဆေးပစ္စည်းများ၊ အခြားအသုံးဆောင်ပစ္စည်း အများအပြား သိမ်းဆည်းရမိခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ထိခိုက်ဆုံးရှုံးမှုများစွာဖြင့် ဦးတည်ရာမဲ့ ဖရိုဖရဲဆုတ်ခွာထွက်ပြေးသွားကြောင်း သိရှိရသည်။
တပ်မတော်အနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို နည်းမျိုးစုံ နှောင့်ယှက်ဖျက်ဆီးနေသည့် လက်နက်ကိုင်အကြမ်းဖက် သောင်းကျန်းသူများကို မည်သည့်ဒေသတွင်မျှ အခြေချနေထိုင်၍ အကြမ်းဖက်လုပ်ရပ်များအား ယုတ်မာရိုင်းစိုင်းစွာ ဥပဒေမဲ့ကျူးလွန်ခြင်းမရှိစေရန် အကြမ်းဖက်ချေမှုန်းမှု စစ်ဆင်ရေး (Counter - Terrorism Operation) ကို တာဝန်သိဒေသခံပြည်သူများနှင့် ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိရာ အဆိုပါ သိမ်ဇရပ်-ကျိုက်ထိုဒေသများအတွင်း အကြမ်းဖက်သောင်းကျန်းသူများ ခိုအောင်းနေထိုင်နိုင်ခြင်းမရှိစေရေးအတွက် လိုအပ်သည့် နယ်မြေလုံခြုံရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
၁၀၀