နေပြည်တော် နိုဝင်ဘာ ၉
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် တတိယအကြိမ် ပြည်သူ့လွှတ်တော်တတိယပုံမှန်အစည်းအဝေး ၂၅ ရက်မြောက်နေ့ အစည်းအဝေးသို့ လာရောက်လေ့လာသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇေယျာသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့မှ ဒေသခံပြည်သူများအား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ သဘင်ဆောင်၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ပြည်ထောင်စုနယ်မြေ ဇေယျာသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်များမှ ပြည်သူများအနေဖြင့် လွှတ်တော်ကိုယခုလို လာရောက်လေ့လာသည့်အတွက် ဝမ်းမြောက်စွာကြိုဆိုပါကြောင်း၊ မိမိသည် ဇေယျာသီရိမဲဆန္ဒနယ်မှ ရွေးကောက်တင်မြှောက်ခြင်းခံရသည့် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးလည်းဖြစ်ပါကြောင်း၊ မိမိကိုဇေယျာသီရိမြို့နယ်၏ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ပေးခဲ့သည့် အတွက်လည်း အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ လွှတ်တော်သည် မဲဆန္ဒနယ်အသီးသီးရှိ ပြည်သူများက ရွေးကောက်တင်မြှောက်လိုက်သည့် ပါတီအသီးသီးမှ ပြည်သူ့ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် နေရာဖြစ်ပါကြောင်း ယခုလိုဆုံတွေ့စဉ်လွှတ်တော်၏ လုပ်ငန်းတာဝန်များနှင့် ပတ်သက်၍ သိသင့်သိထိုက်သည့် ကိစ္စရပ်များအား မျှဝေလိုပါကြောင်း၊ မိမိတို့နိုင်ငံတွင် ဒီမိုကရေစီစနစ်အရ ရွေးကောက်ပွဲများ ကျင်းပပြီးနောက် ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် တရားစီရင်ရေး မဏ္ဍိုင်စသည်ဖြင့် မဏ္ဍိုင်ကြီး (၃) ရပ် ပေါ်ပေါက်လာပါကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးတွင် ၎င်းတို့၏ ကျင့်သုံးသည့် နိုင်ငံရေးစနစ်အပေါ်အခြေခံပြီး လွှတ်တော်တစ်ရပ်စနစ် သို့မဟုတ် လွှတ်တော်နှစ်ရပ်စနစ်ကို ကျင့်သုံးကြပါကြောင်း၊ မိမိတို့နိုင်ငံသည် တိုင်းရင်းသားပေါင်းစုံနေထိုင်ပြီး နိုင်ငံ၏အကျယ်အဝန်းမှာလည်း အလယ်အလတ်အဆင့်ရှိသဖြင့် ပြည်ထောင်စုအဆင့်တွင် လွှတ်တော်နှစ်ရပ်စနစ်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များတွင် လွှတ်တော်တစ်ရပ်စီရှိကြပါကြောင်း၊ အဆိုပါလွှတ်တော်များသည် သီးခြားစီဆောင်ရွက်ကြရသော်လည်း လုပ်ငန်းတာဝန်များ တူညီကြပါကြောင်း၊ လွှတ်တော်များသည် ပြည်သူများအားလုံး ဥပဒေ၏ အကာအကွယ်အောက်တွင် စိတ်အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် တည်ဆဲဥပဒေများကို ခေတ်ကာလနှင့် ကိုက်ညီမှုရှိ/မရှိ စိစစ်ပြီး ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ ရုပ်သိမ်းခြင်းနှင့် အသစ်ပြဋ္ဌာန်းခြင်းစသည့် ဥပဒေပြုရေး တာဝန်များကိုလည်းကောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန်နှင့် ပြည်သူများ၏ အကျိုးစီးပွားဖြစ်ထွန်းစေရန်အတွက် မဏ္ဍိုင်ကြီး (၃)ရပ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခြင်းဖြင့် အပြန်အလှန်ထိန်းကျောင်းခြင်း တာဝန်ကိုလည်းကောင်း၊ ဒေသနှင့်ပြည်သူများ၏ လိုအပ်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ရေးအတွက် လွှတ်တော်တွင်း၌ မေးခွန်းများမေးမြန်းခြင်း၊ အဆိုများတင်သွင်းခြင်းဖြင့် ပြည်သူကို ကိုယ်စားပြုခြင်း တာဝန်ကိုလည်းကောင်းစသည်ဖြင့် ထမ်းဆောင်လျက်ရှိပါကြောင်း၊ ဥပဒေများပြဋ္ဌာန်းရာတွင် ပြည်သူများအား အကာအကွယ်ပေးနိုင်ရေးအတွက် ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ကြောင့်ယနေ့ပြည်သူများ ကြုံတွေ့နေရသည့် အွန်လိုင်းလိမ်လည်မှုများနှင့်စပ်လျဉ်း၍ ကျူးလွန်သူများအား ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရေး အွန်လိုင်းလိမ်လည်မှုဆိုင်ရာ တိုက်ဖျက်ရေးဥပဒေကို ပြဋ္ဌာန်းနိုင်ခဲ့ပါကြောင်း၊ မိမိတို့လွှတ်တော်က ဆောင်ရွက်နေမှုများသည် ပြည်သူကို ဗဟိုပြုလျက်ရှိပါကြောင်း၊ ထို့ကြောင့်ယနေ့လွှတ်တော်သို့ လာရောက်လေ့လာသည့် ပြည်သူများအနေဖြင့်လည်း လွှတ်တော်များသည် ပြည်သူကိုကိုယ်စားပြုသည့်နေရာ၊ ပြည်သူ့အသံကို ဖော်ဆောင်ပေးသည့်နေရာဟု မှတ်ယူရမည်ဖြစ်ပါကြောင်း၊ မိမိတို့တာဝန်ထမ်းဆောင်နေသည့် ကာလတွင် လွှတ်တော်ကို စွမ်းရည်မြင့်မားပြီး ပြည်သူကိုဗဟိုပြုသည့် ခေတ်မီလွှတ်တော်တစ်ရပ်ဖြစ်စေရေး ဆောင်ရွက်လျက်ရှိရာ ပြည်သူများအနေဖြင့်လည်း မိမိတို့လွှတ်တော်၏ ဆောင်ရွက်ချက်များကို မျက်ခြည်မပြတ်စောင့်ကြည့်လေ့လာ၍ သက်ဆိုင်ရာလွှတ်တော် ကိုယ်စားလှယ်များနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းကြရာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက အသေးစိတ်ရှင်းလင်း ပြောကြားခဲ့သည်။
တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း၊ ပုဗ္ဗသီရိမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးလှဆွေနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
သတင်းစဉ်