နေပြည်တော် နိုဝင်ဘာ ၉
မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးအရေးပေါ်နှင့် အထူးကုပြင်ပလူနာကုသမှု၊ အထူးကြပ်မတ် ကုသဆောင်နှင့် အတွင်းလူနာဆောင်များထားရှိမှုကို ယနေ့ နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းလှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဆေးရုံဥပဓိရုပ်ကောင်းမွန်ရေး၊ သန့်ရှင်းသာယာလှပရေးနှင့် ဆေးကုသမှုအရည်အသွေး ပိုမိုတိုးတက်ကောင်းမွန်စေရေးဆွေးနွေး မှာကြား၍ ကျန်းမာရေးစောင့်ရှောက်မှုခံယူကြသည့် ပြည်သူများနှင့် တာဝန်ထမ်းဆောင်နေကြသည့် ကျန်းမာရေးဝန်ထမ်းများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
ထို့နောက် ဆေးတက္ကသိုလ်(၂)ရန်ကုန်၌ ပါမောက္ခချုပ်၊ ပါမောက္ခ/ဌာနမှူးများ၊ သင်ကြားရေးဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ကျောင်းသားကျောင်းသူများအနေဖြင့် ဆေးပညာဆိုင်ရာ ကျင့်ဝတ်များ ကို ကောင်းစွာလိုက်နာပြီး စိတ်ခံစားချက်ပိုင်းဆိုင်ရာ ဉာဏအစွမ်း တိုးတက်ကောင်းမွန်သော သမားကောင်းများဖြစ်လာစေရေး လေ့ကျင့်သင်ကြားပေးကြရန် တိုက်တွန်းပြောကြားပြီးစာသင်ဆောင်များတွင် ကျောင်းသားကျောင်းသူများ စာသင်ကြားနေမှုအ ခြေအနေ၊ လက်တွေ့သင်ကြားရေးခန်းများ၊ စားသောက်ဆိုင်နှင့်သုံးထပ်ကျောင်းသားအိပ်ဆောင် ဆောက်လုပ်ရေးလုပ်ငန်းခွင်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ သင်ကြားရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ လိုအပ်ချက်များကိုပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဆေးဝါးတက္ကသိုလ် (ရန်ကုန်)ရှိ သင်ကြားရေး ဆရာများ၊ ကျောင်းသား ကျောင်းသူများ၏ သုတေသနပိုစတာများ၊ စာသင်ဆောင်၊ သင်တန်းသား အိပ်ဆောင်နှင့် စားသောက်တန်းများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကျောင်းသားကျောင်းသူများ စာပေ အေးချမ်းစွာသင်ကြားနိုင်ရေးအတွက်လိုအပ်သည့် သင်ထောက်ကူပစ္စည်းများနှင့် လက်တွေ့ခန်းသုံးပစ္စည်းများကို ဖြည့်ဆည်းဆောင်ရွက်ပေးရန်မှာကြားကာ အရည်အသွေး ပြည့်ဝသော ဆေးဝါးပညာရှင်များစဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရေးအတွက် သင်ကြားရေး အရည်အသွေးမြှင့်တင်မှုအစီအစဉ်များကို တာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်းသည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝေဘာဂီအထူးကုဆေးရုံကြီးသို့ရောက်ရှိပြီး ခုတင်(၁၁၀)ဆံ့ သုံးထပ်ကုသဆောင်သစ်နှင့် ဆေးကုသဆောင်များတွင် ကူးစက်ရောဂါကာကွယ် ကုသရေး လုပ်ငန်းစဉ်များဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးကာ ဆေးရုံကြီးအတွင်း အဆင့်မြင့် ဆေးကုသဆောင်များရေရှည်ဖွံ့ဖြိုး တိုးတက်ရေးနှင့်ဆေးနှင့်ဆေးပစ္စည်းများ ပြည့်စုံလုံလောက်စွာ ထောက်ပံ့ပေးနိုင်ရေးအတွက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်