မြဝတီ နိုဝင်ဘာ ၉
ကရင်ပြည်နယ် မြဝတီမြို့နယ်တွင် ယနေ့နံနက်ပိုင်းက စုရပ်အလိုက် ဝက်သက်၊ ဂျိုက်သိုး ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်းကို စတင်ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံရာတွင် မြဝတီမြို့နယ်အတွင်းရှိ အသက် ၉ လမှ ၅၉ လအရွယ် ကလေးငယ်များကို ဝက်သက်၊ ဂျိုက်သိုး ရောဂါ ကာကွယ်ဆေးထိုးနှံဖူးသည့် ကလေးငယ်များနှင့် မထိုးနှံရသေးသည့် ကလေးငယ်များအားလုံးကို ရပ်ကွက် (၇)ရပ်ကွက်ရှိ စုရပ် ၅၃ နေရာများအလိုက် စတင်ထိုးနှံဆောင်ရွက်ကြသည်။
ထိုသို့ ဝက်သက်၊ ဂျိုက်သိုးရောဂါ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်းကို နိုဝင်ဘာ ၉ ရက်မှ ၁၄ ရက်အထိ စုရပ်များအလိုက် ဆောင်ရွက်မည်ဖြစ်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မော်အောင်နှင့် တာဝန်ရှိသူများ၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ခရိုင် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာခင်ဝင်းနှင့် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မင်းမေသဲဝါအေး နှင့်အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ဆောင်းနှင်းဖြူ(ပြန်/ဆက်)