
ပုလဲ (NP News) - နိုဝင်ဘာလ ၁၁
ရေကြောင်းကုန်စည်ပို့ဆောင်ရေးတွင် တရားမဝင်ကုန်သွယ်မှုမရှိစေရေး စာရွက်စာတမ်းစနစ် ခိုင်မာစေ ရန် ဆောင်ရွက်နေကြောင်း ပို့ဆောင် ဆက်သွယ်ရေးလုပ်ငန်းရှင်တစ်ဦးက NP News သို့ပြောသည်။
လက်ရှိတွင် သင်္ဘောပေါ်သို့ ကုန်ပစ္စည်း များတင်ရာတွင် စာရွက်စာတမ်းစနစ်ခိုင်မာမှုမရှိသည့်အတွက် ကုန်ပစ္စည်းပျောက်ဆုံးမှုများရှိနေ ကြောင်း သိရသည်။
"သင်္ဘောတွေ ကုန်ပစ္စည်းတွေတင်တဲ့ အခါမှာ လိုအပ်တဲ့စာရွက်စာတမ်းတွေ၊ နောက်ပြီး တင်တဲ့ကုန်တွေ ပေါ့နော်။ ဒါတွေ အေးဂျင့်တွေက သူ့ရဲ့လိုင်စင်တွေရှိရမယ်။ ကုမ္ပဏီတွေ ရှိရမယ်။ ဒါမှ ခိုင်ခိုင်မာမာရှိမှ ပစ္စည်းတင် တဲ့ကုန်သည်တွေ အနေနဲ့က စိတ်ချလက်ချ ပို့လို့ရတယ်။ ဒါမှမဟုတ်ရင် တင်တဲ့လူက ကောက်တင်သွားတယ်။ ဘယ်သူမှန်းမသိဘူး။ ဘာမှ ခိုင်ခိုင်မာမာမရှိရင် အခုအချိန်မှာ ကုန်ပစ္စည်းတွေ ပျောက်တာမျိုးတွေလည်း ရှိနေတာ ပေါ့" ဟု ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းရှင်တစ် ဦးက NP News သို့ ပြောသည်။
ထို့ကြောင့် သင်္ဘောပေါ်သို့ ကုန်စည်များ တင်ပေးသည့် အေးဂျင့်များအနေဖြင့် လိုင်စင်များ၊ ခိုင်မာသည့် ကုမ္ပဏီများရှိရန် လိုအပ်သည့်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများပူးပေါင်း၍ တစ်ဆင့် ချင်းဆွေးနွေးဆောင်ရွက်နေကြောင်း သိရသည်။
ထိုသို့ အေးဂျင့်များအနေဖြင့် လိုင်စင်များ၊ စာရွက်စာတမ်းများဖြင့် ခိုင်ခိုင်မာမာရှိမှသာ တရား မဝင် ကုန်စည်တင်ပို့မှုများသည်လည်း လျော့နည်း သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
" ဒါတွေကိုလည်း အခုဆက်တိုက်လုပ် နေတာပေါ့။ တစ်ဆင့်ချင်း တစ်ဆင့်ချင်းကတော့ လုပ် နေကြပါတယ်။ Document တွေကို တကယ့် ခိုင်ခိုင် မာမာနဲ့ လုပ်ခြင်းအားဖြင့် တရားမဝင်ကုန်ပစ္စည်း တွေလည်း နည်းနည်းလျော့ပါးသွားနိုင်တာပေါ့နော်" ဟု ပြောသည်။
ထို့ပြင် ရေလမ်းကြောင်းပို့ဆောင်မှုသည် စရိတ်အသက်သာဆုံး ကုန်သွယ်မှု ဖြစ်သည့်အတွက် ကုန်စည်ဈေးနှုန်းကျစေရန်အတွက်လည်း တစ်တပ်တစ်အားဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း သိရ သည်။
"ရေလမ်းကြောင်းပို့ဆောင်ရေးက အင်မတန် စရိတ်အသက်သာဆုံးပဲ။ ဈေးအသက်သာဆုံးကို အကျိုးရှိရှိ ရေလမ်းကြောင်းကြီးကိုလုပ်စေချင် တာပေါ့နော်။ အဲဒါကြောင့် အဲဒီလိုမျိုးလုပ်ခြင်းအားဖြင့် ကုန်ဈေးနှုန်းကိုလည်း လျော့တဲ့နေရာမှာ တစ်တပ် တစ်အား ဆောင်ရွက်ပေးနိုင်မှာပေါ့နော်" ဟု ၎င်းက ပြောသည်။ ထို့ကြောင့် ရေကြောင်းပို့ဆောင်ဆက် သွယ်ရေးလုပ်ငန်းများကိုလည်း သန့်သန့်ရှင်းရှင်းဖြင့် ဖွံ့ဖြိုးတိုးတက်စေချင်ကြောင်းလည်း ၎င်းက ဆို သည်။
"ရေလမ်းကြောင်းကတော့ အတတ်နိုင် ဆုံးကတော့ သန့်သန့်ရှင်းရှင်းနဲ့ ဖွံ့ဖြိုးစေချင်တာ ပေါ့နော်။ တအားလောဘကြီးနေတဲ့ လူတွေ။ တရား မဝင် လုပ်ချင်တဲ့လူတွေကြောင့် ကိုယ့်ရဲ့ ရေကြောင်း လုပ်ငန်းတွေ ဆုတ်ယုတ်သွားမှာ၊ လူတွေက အမြင်မ ရှင်းတာ၊ နိုင်ငံတော်ကလည်း အမြင်မရှင်းတာ မဖြစ် စေချင်ဘူး။ သန့်သန့်ရှင်းရှင်းလေးနဲ့ လူတွေလည်း အားကိုးရမယ်" ဟု ပြောသည်။
