Myanmar Digital News

ဆီနီဂေါနိုင်ငံ ကမ်းလွန်တွင် ရွှေ့ပြောင်းဝင်ရောက်လာသူများ လိုက်ပါလာသည့် လှေတစ်စင်းနစ်မြုပ်၊ ၂၁ ဦး သေဆုံး

ဆီနီဂေါ နိုဝင်ဘာ ၈

 

ဆီနီဂေါနိုင်ငံ အနောက်မြောက်ပိုင်း ကီဘီမာကမ်းလွန်တွင် တရားမဝင် ရွှေ့ပြောင်းဝင်ရောက်သူများ လိုက်ပါလာသည့် စက်လှေတစ်စင်းနစ်မြုပ်ခဲ့ရာ ယမန်နေ့ညနေပိုင်းအထိ ၂၁ ဦး သေဆုံးပြီး တစ်ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း ပြည်ထဲရေးနှင့် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

 

ဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာအာဏာပိုင်များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရန်၊ အသက်ရှင်ကျန်ရစ်နိုင်သူများကို ကူညီရန်နှင့်ထိခိုက်ခံစားရသည့် မိသားစုများအား ထောက်ပံ့ကူညီရန် လုပ်ဆောင်လျက်ရှိသည်။

 

အဆိုပါ ဖြစ်ရပ်အတွက်ဝမ်းနည်းကြောင်း ဝန်ကြီးဌာနက သေဆုံးသူများ၏ မိသားစုဝင်များထံ သဝဏ်လွှာပေးပို့ခဲ့သည်။

 

သန္နိဋ္ဌာန်ချထား

 

ထို့ပြင် ရွှေ့ပြောင်းဝင်ရောက်သူများကို တရားမဝင်ပို့ဆောင်ပေးသည့် ကွန်ရက်များကို တိုက်ဖျက်သွားရန် အစိုးရက သန္နိဋ္ဌာန်ချထားပြီး အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအားကောင်းစေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

တရားမဝင် ရွှေ့ပြောင်းသွားလာမှု၏ အန္တရာယ်များကို သတိပြုကြရန်လည်း တိုက်တွန်းခဲ့ပြီး လူငယ်များ လူမှုအသိုက်အဝန်းအတွင်း ပိုမိုပါဝင်လာနိုင်ရေး ဆောင်ရွက်သွားမည်ဟု ထပ်လောင်းအတည်ပြုခဲ့သည်။

 

ဆင်ဟွာ

မူရင်းသတင်း — Myanmar Digital News