Myanmar Digital News

ဘိုင်ယန်မြူးနစ်အသင်း ဘွန်ဒက်လီဂါအမှတ်ပေးဇယားထိပ်၌ ဆက်လက်ဦးဆောင်

မိန့်ဇ်အသင်းနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ နိုဝင်ဘာ ၇ ရက်ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘွန်ဒက်လီဂါပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အသင်းနိုင်ပွဲရပြီး ဇယားထိပ်၌ ဆက်လက်ဦးဆောင်နိုင်ခဲ့ပါတယ်။

 

အဲဒီပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အသင်းက မိန့်ဇ်အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့တာဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းအတွက် သွင်းဂိုးတွေကို ကင်မစ်က တစ်ဂိုး၊ လန်းနာ့ကားလ်က တစ်ဂိုးသွင်းယူ ပေးခဲ့တာဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းရရှိခဲ့တဲ့ သွင်းဂိုးနှစ်ဂိုးစလုံးကို တိုက်စစ်မှူးဟယ်ရီကိန်း တစ်ဦးတည်းက ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။ မိန့်ဇ်အသင်းအတွက် ချေပဂိုးတစ်ဂိုးကိုတော့ သာမန်ပွဲကစားချိန်အပြီး နာကျင်အချိန်ပို နှစ်မိနစ်မှာ တီယယ်ဇ်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

 

ဘိုင်ယန်မြူးနစ်အသင်းဟာ မိန့်ဇ်အသင်းကို အနိုင်ရရှိခဲ့တာကြောင့် ပွဲစဉ် (၉) အပြီးမှာ ရမှတ် ၂၁ မှတ် ရရှိထားကာ အမှတ်ပေးဇယားဒုတိယနေရာက ဒေါ့မွန်အသင်းနဲ့ရမှတ်တူ ဂိုးကွာခြားချက်ဖြင့် ဇယားထိပ်မှာ ဦးဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

 

မိန့်ဇ်အသင်းကတော့ ဘိုင်ယန်မြူးနစ်အသင်းကို ရှုံးနိမ့်ခဲ့လို့ ဘွန်ဒက်လီဂါအမှတ်ပေးဇယားအဆင့် ၁၁ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

 

ငွေကြယ်-ရေးသားသည်

မူရင်းသတင်း — Myanmar Digital News