ထရီပိုလီ နိုဝင်ဘာ ၈
လစ်ဗျားနိုင်ငံ၌ လုံခြုံရေးဆိုင်ရာတင်းမာမှုများကြောင့် ၂၀၁၄ ခုနစ်မှ စတင်ကာ ၁၂ နှစ်ကြာ ပိတ်ထားခဲ့ရသည့် အီဂျစ်သံရုံးကို နိုဝင်ဘာ ၇ ရက်တွင် မြို့တော်ထရီပိုလီ၌ ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း လစ်ဗျားသတင်းအေဂျင်စီတွင် ဖော်ပြထားသည်။
အီဂျစ်နိုင်ငံခြားရေးဝန်ကြီး ဘာဒါအဗ္ဗဒယ်လာတီသည် နိုဝင်ဘာ ၇ ရက်က လစ်ဗျားနိုင်ငံ ထရီပိုလီမြို့သို့ရောက်ရှိခဲ့ပြီး လစ်ဗျားနိုင်ငံ၏ ယာယီနိုင်ငံခြားရေးဝန်ကြီး တာဟာအယ်လ်ဘာအော်နှင့်အတူ အီဂျစ်သံရုံးအဆောက်အအုံကို ဖွင့်လှစ်ပေးခဲ့သည်။
လစ်ဗျားနှင့်အီဂျစ်နိုင်ငံတို့အကြား သံတမန်ဆက်ဆံရေး ပြန်လည်စတင်ပြီးနောက် သံရုံးပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ နှစ်နိုင်ငံတာဝန်ရှိသူများသည် ပူးပေါင်းဆောင်ရွက်ရေး ပိုမိုခိုင်မာလာစေရန်နှင့် ကဏ္ဍအသီးသီးတွင် ပူးပေါင်းဆောင်ရွက်ရေးတိုးချဲ့နိုင်မည့် နည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
ဆင်ဟွာ