ဖလော်ရီဒါ နိုဝင်ဘာ ၉
လာမည့် အာရှ - ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ထိပ်သီးအစည်းအဝေးပြင်ပတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တရုတ်သမ္မတရှီကျင့်ဖျင်တို့နှင့် သုံးပွင့်ဆိုင်ဆွေးနွေးပွဲပြုလုပ်ရန် မျှော်လင့်ထားကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားသည်။
အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်တွင် ထိုကဲ့သို့ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးမှု ဖြစ်လာနိုင်ခြေ ရှိ မရှိနှင့်ပတ်သက်၍ သတင်းထောက်တစ်ဦး၏မေးမြန်းမှုကို သမ္မတထရမ့်က တုံ့ပြန် ဖြေကြားခဲ့ခြင်းဖြစ်သည်။ အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ထိပ်သီးအစည်းအဝေးကို တရုတ်နိုင်ငံ ရှင်းကျန့်မြို့၌ နိုဝင်ဘာ ၁၈ ရက်တွင် စတင်ကျင်းပသွားမည် ဖြစ်သည်။
ထို့အပြင် သမ္မတထရမ့်က သုံးနိုင်ငံခေါင်းဆောင်များသည် နျူကလီးယားလက်နက် ဖျက်သိမ်းရေးအပါအဝင် အကြောင်းအရာအများအပြားကို ဆွေးနွေးသွားဖွယ်ရှိကြောင်းလည်း ပြောကြားသည်။ ရုရှားသမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက သုံးနိုင်ငံခေါင်းဆောင်များပါဝင်သော ထိပ်သီးအစည်းအဝေး ဖြစ်မြောက်ဖွယ်ရှိကြောင်း ပြောကြားသည်။ ထို့အပြင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးကလည်း သုံးနိုင်ငံမှ တာဝန်ရှိသူများသည် ထိုကဲ့သို့တွေ့ဆုံဆွေးနွေးမှုများနှင့် ပတ်သက်၍ အဆက်အသွယ်ရှိကြောင်း ပြောကြားသည်။
အင်န်အိတ်ချ်ကေ