
#World_News
Published 11 November 2026
■ ပြင်သစ်နိုင်ငံမှာ စူပါမားကတ်တွေရဲ့ ရေခဲသေတ္တာစနစ်တွေ ဆိုက်ဘာတိုက်ခိုက်ခံခဲ့ရပြီး ရက်ပိုင်းအကြာမှာပဲ ဥရောပသမဂ္ဂ (EU) ရဲ့ ဆိုက်ဘာလုံခြုံရေးအကြီးအကဲက အိမ်သုံးလျှပ်စစ်ပစ္စည်းတွေဟာ နောက်ထပ်တိုက်ခိုက်ခံရမယ့် ပစ်မှတ်တွေဖြစ်လာနိုင်တယ်လို့သတိပေးလိုက်ပါတယ်။
■ ဒါ့အပြင် နိုဝင်ဘာ ၁၀ ရက်မှာ ဥရောပနိုင်ငံတွေကို ဆိုက်ဘာလုံခြုံရေးအတွက် ပိုမိုရင်းနှီးမြှုပ်နှံကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
■ အောက်တိုဘာလနဲ့ နိုဝင်ဘာလအတွင်း ဥရောပနိုင်ငံ အနည်းဆုံး ၁၂ နိုင်ငံဟာ ဆိုက်ဘာတိုက်ခိုက်မှုတွေ ကြုံတွေ့ခဲ့ရပြီး ပြင်သစ်နိုင်ငံကတော့ အထိခိုက်ဆုံးဖြစ်ခဲ့ပါတယ်။
■ EU ရဲ့ ဆိုက်ဘာလုံခြုံရေးအေဂျင်စီဖြစ်တဲ့ ENISA ရဲ့ အမှုဆောင်ဒါရိုက်တာ Juhan Lepassaar က“လုံခြုံရေးဆိုတာ နောက်မှ စဉ်းစားရမယ့်အရာ မဟုတ်သလို၊ နောက်မှ ထည့်သွင်းစဉ်းစားလို့လည်း မရပါဘူး။
■ ဒီနေ့ ရေခဲသေတ္တာတွေ တိုက်ခိုက်ခံရတယ်။ မနက်ဖြန်ဆိုရင် အင်တာနက်Routerတွေ ဖြစ်လာနိုင်တယ်။ နောက်တစ်နေ့မှာတော့ အိမ်သုံးလျှပ်စစ်ပစ္စည်းတွေပါ ပစ်မှတ်ဖြစ်လာနိုင်ပါတယ်” လို့ သတိပေးခဲ့ပါတယ်။
■ ဒါ့အပြင် ဆိုက်ဘာတိုက်ခိုက်မှုအားလုံးကို ရှောင်ရှားနိုင်ပေမယ့် အဲဒီလိုဖြစ်လာဖို့အတွက် လိုအပ်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်ဖို့ အသင့်ဖြစ်နေပြီလားဆိုတာက အဓိကမေးခွန်းဖြစ်ကြောင်းလည်းပြောပါတယ်။
■ “ဆိုက်ဘာလုံခြုံရေးအတွက် ကုန်ကျစရိတ်က မနည်းပါဘူး။ ထုတ်လုပ်သူတွေအနေနဲ့လည်း ထုတ်ကုန်တွေကို စတင်ထုတ်လုပ်တဲ့အချိန်ကတည်းက လုံခြုံရေးစနစ်တွေထည့်သွင်းတည်ဆောက်ထားဖို့ လိုအပ်ပါတယ်” လို့ဆိုပါတယ်။
Source-Wion