
ပေကျင်း၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ)
ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုနှင့် အစိမ်းရောင် အသွင်ကူးပြောင်းမှုတို့သည် "ရပ်ဝန်းနှင့် ပိုးလမ်းမ" အဆိုပြုချက် (BRI) ပူးပေါင်းဆောင်ရွက်မှု၏ အဓိကမောင်းနှင်အားနှစ်ရပ်ဖြစ်ကြောင်း နိုဝင်ဘာ ၁၀ ရက်က ထုတ်ပြန်သည့် Think Tank အဖွဲ့ အစီရင်ခံစာ၌ ဖော်ပြထားသည်။
“ရပ်ဝန်းနှင့် ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှုဖြင့် တံခါးဖွင့်ကမ္ဘာ့စီးပွားရေး အတူတည်ဆောက်ခြင်း” ခေါင်းစဉ်ဖြင့် အစီရင်ခံစာကို ဆင်ဟွာသတင်းဌာနလက်အောက်ရှိ Think Tank အဖွဲ့အစည်းဖြစ်သည့် ဆင်ဟွာအင်စတီကျုက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုနှင့် အစိမ်းရောင်အသွင်ကူးပြောင်းမှုတို့ကို အတူတကွဖော်ဆောင်ခြင်းက ရှိရင်းစွဲ အခြေခံအဆောက်အအုံများ၏ ထိထိရောက်ရောက် လည်ပတ်နိုင်စွမ်းကို မြှင့်တင်ပေးကာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အရင်းအမြစ်သစ်များကို ဖော်ထုတ်ပေးသလို မိတ်ဖက်နိုင်ငံများအတွက် ထပ်တိုးအခွင့်အလမ်းများလည်း ဖန်တီးပေးပြီး ဒေသတွင်း စီးပွားရေးပေါင်းစည်းမှုကို အထောက်အကူပြုရုံသာမက ကမ္ဘာတစ်ဝန်း ရေရှည်တည်တံ့သော စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကိုလည်း မြှင့်တင်ပေးလျက်ရှိသည်ဟု အစီရင်ခံစာ၌ ဖော်ပြထားသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20261111/2bfcb21d4b724e6a8bb023d56042b14d/c.html
..................................
(English Version)
Think tank report highlights digital and green development in BRI cooperation
BEIJING, Nov. 10 (Xinhua) -- Digitalization and the green transition are serving as twin drivers of the Belt and Road Initiative (BRI) cooperation, according to a think tank report released Tuesday.
Titled "Building an Open World Economy Through Belt and Road Cooperation," the report was issued by the Xinhua Institute, a think tank affiliated with Xinhua News Agency.
Digitalization and the green transition together improve the operating efficiency of traditional infrastructure, cultivate new sources of economic growth, create additional opportunities for partner countries, support regional economic integration, and promote sustainable development worldwide, the report said.
https://english.news.cn/20261111/2bfcb21d4b724e6a8bb023d56042b14d/c.html
Photo caption: This photo shows copies of the think tank report titled "Building an Open World Economy Through Belt and Road Cooperation." (Xinhua/Jin Liangkuai)