
ရှီးအန်း၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ)
“ရပ်ဝန်းနှင့်ပိုးလမ်းမ” နိုင်ငံတကာလေ့လာရေးကွန်ရက် (BRSN) စတင်တည်ထောင်သူ ကောင်စီ ၂၀၂၆ ခုနှစ် အစည်အဝေးကို နိုဝင်ဘာ ၁၀ ရက်တွင် တရုတ်နိုင်ငံ ဆန်ရှီးပြည်နယ် ရှီးအန်းမြို့၌ ကျင်းပခဲ့သည်။ အစည်းအဝေးတွင် ယခင်တစ်ကြိမ်ကောင်စီအစည်းအဝေးပြီးနောက် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှုများကို အနှစ်ချုပ်သုံးသပ်ပြီး နောက်တစ်ဆင့်လုပ်ငန်းအစီအစဉ်များကို ဆွေးနွေးရေးဆွဲခဲ့သည်။
တရုတ်နိုင်ငံ ပြည်တွင်းပြည်ပ ကောင်စီဝင် အဖွဲ့အစည်းကိုယ်စားလှယ်များက BRSN တည်ထောင်ပြီးနောက် ပါဝင်ခဲ့သည့် အရေးကြီးအခန်းကဏ္ဍများကို များစွာချီးကျူးသုံးသပ်ပြောကြားခဲ့ကြသည်။ ၎င်းတို့က Think Tank များအကြား အပြန်အလှန် ဆက်ဆံဖလှယ်မှုနှင့် သုတေသနပြု ပူးပေါင်းဆောင်ရွက်မှုများကို တစ်ဆင့်တိုး မြှင့်တင်ရန် ကြိုးပမ်း၍ “ရပ်ဝန်းနှင့် ပိုးလမ်းမ” အရည်အသွေးမြင့် အတူတကွတည်ဆောက်ရေးအတွက် ပိုမိုများပြားသည့် ဉာဏ်ပညာအင်အားများ ဖြည့်တင်းပေးလိုကြောင်း ပြောကြားခဲ့သည်။
အစည်းအဝေးကို BRSN ကောင်စီ ဒုတိယဥက္ကဋ္ဌနှင့် ဆင်ဟွာသတင်းဌာန ဒုတိယစာတည်းမှူးချုပ် ရန့်ဝေ့တုန်းမှ သဘာပတိအဖြစ် ကြီးမှူးကျင်းပခဲ့သည်။
BRSN ကို ၂၀၁၉ ခုနှစ် ဧပြီလတွင် စတင်တည်ထောင်ခဲ့ပြီး ဆင်ဟွာသတင်းဌာန သုတေသနဌာနနှင့် တရုတ်နိုင်ငံ ပြည်တွင်းပြည်ပ Think Tank ပေါင်း ၁၅ ခု ပူးပေါင်း၍ အတူတကွ စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ယခုအကြိမ်တွင် အဖွဲ့ဝင်ဌာနအဖွဲ့အစည်း ၄ ခုဖြစ်သည့် BRICS နိုင်ငံတကာဖိုရမ်၊ ရှီးအန်း ကျောင်းထုန်းတက္ကသိုလ်၊ ကာဂျစ္စတန် အမျိုးသား Manas အကယ်ဒမီ၊ ဥဇဘက်ကစ္စတန် ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာစင်တာ တို့ အသစ်ထပ်တိုးလာရာ လက်ရှိတွင် စုစုပေါင်းအဖွဲ့ဝင် ၁၅၀ ခု ရှိလာခဲ့ပြီဖြစ်သည်။ (Xinhua)

---------------------
(Chinese Version)
“一带一路”国际智库合作委员会2026年理事会会议举行
新华社西安11月10日电(记者陈晨、王泽昊)“一带一路”国际智库合作委员会2026年理事会会议10日在陕西西安举行。会议总结上一次理事会会议以来的工作,规划讨论下一阶段工作。
中外理事机构代表高度评价“一带一路”国际智库合作委员会成立以来发挥的重要作用。他们表示,将致力于进一步深化智库间的互动交流与研究合作,为高质量共建“一带一路”贡献更多智慧力量。
会议由“一带一路”国际智库合作委员会副理事长、新华社副总编辑任卫东主持。
“一带一路”国际智库合作委员会成立于2019年4月,由新华社研究院联合15家中外智库共同发起,此次新增印度金砖国家国际论坛、西安交通大学、吉尔吉斯斯坦国家“玛纳斯”研究院、乌兹别克斯坦发展战略中心4家成员单位,现共有成员单位150家。(完)
图说1、2:这是11月10日拍摄的理事会会议现场。新华社记者 邹竞一 摄