Xinhua Myanmar

အပြန်အလှန်ချိတ်ဆက်မှုဖြင့် ဘုံအကျိုးစီးပွားဖော်ဆောင်သော ဖွံ့ဖြိုးတိုးတက်ရေး အလားအလာအသစ်အား ဖွင့်လှစ်ခြင်း

“ရပ်ဝန်းနှင့် ပိုးလမ်းမ အတူတည်ဆောက်မှုဖြင့် တံခါးဖွင့်လှစ်သော ကမ္ဘာ့စီးပွားရေး တည်ဆောက်မှုကို မြှင့်တင်ပေးခြင်း” အစီရင်ခံစာအား တွေ့ရစဉ် (ဆင်ဟွာ)

ရှီးအန်း၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ)

ဆင်ဟွာသတင်းဌာန နိုင်ငံအဆင့်မြင့် Think Tank အဖွဲ့သည် နိုဝင်ဘာ ၁၀ ရက်တွင် “ရပ်ဝန်းနှင့် ပိုးလမ်းမ အတူတည်ဆောက်မှုဖြင့် တံခါးဖွင့်လှစ်သော ကမ္ဘာ့စီးပွားရေး တည်ဆောက်မှုကို မြှင့်တင်ပေးခြင်း” အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။ အစီရင်ခံစာ၏ သုံးသပ်မှုအရ တစ်ဖက်သတ်ဝါဒ၊ ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒများ ပျံ့နှံ့နေသည့်နောက်ခံအခြေအနေတွင် “ရပ်ဝန်းနှင့် ပိုးလမ်းမ” အတူတည်ဆောက်ခြင်းသည် အပြန်အလှန်ချိတ်ဆက်မှုများမှတစ်ဆင့် ဖွံ့ဖြိုးတိုးတက်မှု အတားအဆီးများကို ထိုးဖောက်ကာ မတည်မငြိမ်လှုပ်ခတ်နေသောကမ္ဘာကြီးအတွက် တံခါးဖွင့်လှစ်၍ ဖွံ့ဖြိုးတိုးတက်မည့် လက်တွေ့လမ်းကြောင်း ပံ့ပိုးပေးလိုက်ပြီး   စီပွားရေးကမ္ဘာလုံးဆိုင်ရာအသွင်ပြောင်းမှုကို ပို၍ပွင့်လင်းသော၊ အားလုံးပါဝင်သော၊ ကျယ်ကျယ်ပြန့်ပြန့် အကျိုးပြုသော၊ ဟန်ချက်ညီသော၊ ဘုံအကျိုးစီးပွား ဖော်ဆောင်သော ဦးတည်ချက်ဆီသို့ တိုးတက်လာစေရန် စဉ်ဆက်မပြတ် တွန်းအားပေးလျက်ရှိသည်။

၂၀၁၃ ခုနှစ်တွင် တရုတ်နိုင်ငံက “ရပ်ဝန်းနှင့် ပိုးလမ်းမ” အဆိုပြုချက်ကို အဆိုပြုပြီးနောက် ယင်းသည် မျှော်မှန်းချက်မှ လက်တွေ့အဖြစ် ပြောင်းလဲလာခဲ့ပြီး ကမ္ဘာပေါ်တွင် အတိုင်းအတာ အကျယ်ပြန့်ဆုံး၊ ပမာဏအကြီးဆုံး နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု ပလက်ဖောင်းအဖြစ် တိုးတက်လာခဲ့ပြီဖြစ်သည်။ တံခါးဖွင့်လှစ်၍အားလုံးပါဝင်မှုဖြင့် အပြန်အလှန်ချိတ်ဆက်မှုကို မြှင့်တင်ခြင်း၊ အယူအဆမှသည် လက်တွေ့ခိုင်မာသည့်နိုင်ငံဖြတ်‌ကျော် ပူးပေါင်းဆောင်ရွက်ရေးလှုပ်ရှားမှုသို့ ပြောင်းလဲခြင်းသည် ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် တည်ငြိမ်မှုနှင့်သေချာရေရာမှုများ အဆက်မပြတ် ဖြည့်တင်းပေးသွားမည်ဖြစ်သည်။

အပြန်အလှန်ချိတ်ဆက်မှုတွင် အဆောက်အဦများသည် အခြေခံဖြစ်သည်။ တရုတ်-ဥရောပ ရထားတွဲမှ ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့် ရထားလမ်းအထိ၊ တရုတ်-လာအို ရထားလမ်းမှ Chancay ဆိပ်ကမ်းအထိ အထင်ကရစီမံကိန်းများစွာကြောင့် တစ်ချိန်က “ကုန်းတွင်းပိတ်နိုင်ငံ” သည် “ကုန်းတွင်းချိတ်ဆက်နိုင်ငံ” အဖြစ် ပြောင်းလဲလာခဲ့ပြီး ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးသည့်ဒေသအဖြစ်မှ စည်ပင်သာယာမှုအချက်အချာဒေသ ဖြစ်လာခဲ့သည်။ “လမ်းမကြီး” မှ “ကွန်ရက်ကြီး” အဖြစ် အဆင့်မြှင့်တင်လာပြီး ပို့ဆောင်ဆက်သွယ်ရေး နည်းလမ်းစုံ ပူးတွဲပို့ဆောင်မှုသည် အရပ်လေးမျက်နှာဆီသို့ ဖြာထွက်လျက်ရှိကာ ဆုံချက် အချက်အချာနေရာများကို ကွန်ရက်သဖွယ် ချိတ်ဆက်ထားသဖြင့် တံခါးဖွင့်လှစ်သော ကမ္ဘာ့စီးပွားရေးအတွက် ခိုင်မြဲသော ရုပ်ဝတ္ထုဆိုင်ရာ အခြေခံအုတ်မြစ် ချမှတ်ပေးလိုက်သည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://www.news.cn/20261110/61bef7f7d7ab4679b86bf640b69c77ad/c.html

အင်ဒိုနီးရှားနိုင်ငံ ဘန်ဒေါင်းမြို့တွင် ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားတွဲက Tegalluar ဘူတာမှ ထွက်လာသည်ကို ၂၀၂၅ ခုနှစ် မေ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

---------------------

(Chinese Version)

新华时评|以互联互通开拓共赢发展新空间

新华社西安11月10日电 题:以互联互通开拓共赢发展新空间

新华社记者张斌

11月10日,新华社国家高端智库发布《共建“一带一路”推动建设开放型世界经济》智库报告。根据报告分析,在单边主义、保护主义持续蔓延的背景之下,共建“一带一路”以互联互通破除发展壁垒,为动荡变化的世界提供开放发展的现实路径,持续推动经济全球化朝着更加开放、包容、普惠、平衡、共赢的方向发展。

自2013年中国提出共建“一带一路”倡议以来,共建“一带一路”从愿景转化为现实,已发展成为世界上范围最广、规模最大的国际合作平台。以开放包容促进互联互通,把理念转化为实实在在的跨国合作行动,将不断为全球经济发展注入稳定性与确定性。

互联互通,硬件是基础。从中欧班列到雅万高铁,从中老铁路到钱凯港,一批标志性工程让昔日“陆锁国”变身“陆联国”,发展洼地崛起为繁荣高地。“大通道”升级“大网络”,多式联运纵横交错,枢纽节点串点成网,为开放型世界经济筑牢物质根基。

https://www.news.cn/20261110/61bef7f7d7ab4679b86bf640b69c77ad/c.html

图说1:这是《共建“一带一路”推动建设开放型世界经济》智库报告。新华社记者 金良快 摄

图说2:2025年5月20日,在印度尼西亚万隆,一列雅万高铁高速动车组列车驶出德卡鲁尔站(无人机照片)。新华社记者 徐钦 摄

မူရင်းသတင်း — Xinhua Myanmar