Xinhua Myanmar

ရဲဘော် ရှီကျင့်ဖိန်၏ “ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် ဆင်းရဲနွမ်းပါးမှု လျော့ပါးရေး အဆိုအမိန့်များ” စာအုပ် ပုံနှိပ် ထုတ်ဝေ

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်သမ္မတ၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန် တရုတ်နိုင်ငံ အတွင်းမွန်ဂိုးလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဝူလန်ချာပူမြို့ ချာဟားအယ်ရိုရိ ချန်ချီရှိ ဟွမ်ချီဟိုင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေရာတွင် ကြည့်ရှုစစ်ဆေးနေသည်ကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပါတီသမိုင်းနှင့် စာပေသုတေသနဌာနမှ တည်းဖြတ်ထားသည့် ရဲဘော် ရှီကျင့်ဖိန်၏ “ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် ဆင်းရဲနွမ်းပါးမှု လျော့ပါးရေး အဆိုအမိန့်များ” စာအုပ် ကို မကြာမီရက်ပိုင်းက ဗဟိုစာပေပုံနှိပ်ထုတ်ဝေရေးတိုက်မှ တရုတ်နိုင်ငံတစ်ဝန်းသို့ ဖြန့်ချိခဲ့သည်။

ဤအထူးဆောင်းပါးပေါင်းချုပ်တွင် ရဲဘော် ရှီကျင့်ဖိန်၏ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် ဆင်းရဲနွမ်းပါးမှု လျော့ပါးရေးဆိုင်ရာ အရေးကြီး ဆောင်းပါး ၅၅ ပုဒ် ထည့်သွင်းထားပြီး ၎င်းတို့အနက် ဆောင်းပါးအချို့မှာ ပထမဆုံးအကြိမ် အများပြည်သူထံသို့ ထုတ်ဝေခြင်းဖြစ်သည်။

ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးသည် လူသားမျိုးနွယ်၏ ဘုံရည်မှန်းချက် ဖြစ်သည်။ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး၊ လူနေမှုဘဝ ကောင်းမွန်တိုးတက်ရေး၊ ဘုံချမ်းသာကြွယ်ဝမှုကို ဖော်ဆောင်ရေးသည် တရုတ်ဝိသေသလက္ခဏာဆောင်သည့် ဆိုရှယ်လစ်ဝါဒ၏ အနှစ်သာရတောင်းဆိုချက် ဖြစ်သလို တရုတ်ကွန်မြူနစ်ပါတီ၏ အရေးကြီးသည့် သမိုင်းတာဝန်လည်းဖြစ်သည်။

တရုတ်ကွန်မြူနစ်ပါတီ ၁၈ ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ညီလာခံမှစ၍ ရဲဘော် ရှီကျင့်ဖိန်အား ဗဟိုပြုသည့် ပါတီ ဗဟိုကော်မတီသည် ဆင်းရဲနွမ်းပါးမှု လျော့ပါးရေးကို နိုင်ငံတော် အုပ်ချုပ်စီမံမှု၏ အထင်ကရအဆင့်၌ ထားရှိသည်။  အတော်အသင့် ကောင်းမွန်ပြည့်စုံသော လူမှုအသိုက်အဝန်း ဘက်စုံတည်ဆောက်ရေး၏ အခြေခံတာဝန်အနေဖြင့် ကြီးကျယ်ခမ်းနားသော ဆင်းရဲနွမ်းပါးမှု လျော့ပါးမှုဆိုင်ရာ တိုက်ဖျက်ရေး တိုက်ပွဲကြီးကို စနစ်တကျဆင်နွှဲခဲ့ပြီး ဘက်စုံအောင်ပွဲ ရရှိခဲ့ရာ အကြွင်းမဲ့ ဆင်းရဲနွမ်းပါးမှု ပပျောက်စေရေး ခက်ခဲနက်နဲသောတာဝန်ကို ပြီးမြောက်ခဲ့သည်။ ယင်းမှာ လူသားမျိုးနွယ် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးသမိုင်း၏ အံ့ဖွယ်ကိုဖန်တီးနိုင်ခဲ့ပြီး တရုတ်ဝိသေသလက္ခဏာဆောင်သည့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး လမ်းကြောင်းတစ်ခုကို လျှောက်လှမ်းနိုင်ခဲ့ရာ တရုတ်ဝိသေသလက္ခဏာဆောင်သည့် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး အယူအဆ ဖြစ်တည်လာပေသည်။

ရဲဘော် ရှီကျင့်ဖိန်သည် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် ဆင်းရဲနွမ်းပါးမှု လျော့ပါးရေးကို အဓိကထား၍ အရေးကြီး အဆိုအမိန့်များ ထုတ်ပြန်ခဲ့သည်။ ယင်းမှာ တရုတ်နိုင်ငံ၏ နိုင်ငံအခြေအနေပေါ်မူတည်၍ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး နိယာမကို ပိုင်နိုင်စွာ ဆောင်ရွက်ခြင်းဖြစ်ရာ တရုတ်နိုင်ငံ ဆင်းရဲနွမ်းပါးမှု လျော့ပါးရေး တိုက်ပွဲအယူအဆ၏ အနှစ်သာရဖြစ်သလို မာ့ခ်ဝါဒ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး အယူအဆ တရုတ်အသွင်ပြောင်းခြင်း၏ နောက်ဆုံးအသီးအပွင့်လည်း ဖြစ်သည်။ ယင်းမှာ ဆင်းရဲနွမ်းပါးမှု လျော့ပါးရေး တိုက်ပွဲရလဒ်များ ခိုင်မာစေပြီး ကျေးလက်ဒေသ ရှင်သန်အားကောင်းရေးကို ဘက်စုံမြှင့်တင်ရန်၊ ပြည်သူတစ်ရပ်လုံး အတူတကွ ချမ်းသာကြွယ်ဝရေးကို ဖော်ဆောင်သည့် ခေတ်မီအသွင်ပြောင်းရေးကို တွန်းအားပေးရန်၊ ဆင်းရဲနွမ်းပါးမှု ကင်းဝေးပြီး ဘုံသာယာဝပြောသော သာယာလှပသည့်ကမ္ဘာကြီး လက်တွဲတည်ဆောက်ရန်အတွက် လမ်းညွှန်ချက်အဖြစ် အရေးကြီးသော အနက်အဓိပ္ပာယ်ရှိပေသည်။ (Xinhua)

-----------------------------

(Chinese Version)

习近平同志《论减贫脱贫》出版发行

新华社北京11月10日电 中共中央党史和文献研究院编辑的习近平同志《论减贫脱贫》,近日由中央文献出版社出版,在全国发行。   

这部专题文集,收入习近平同志关于减贫脱贫的重要文稿55篇,其中部分文稿是首次公开发表。   

消除贫困,是人类共同理想。消除贫困、改善民生、实现共同富裕,是中国特色社会主义的本质要求,是中国共产党的重要使命。党的十八大以来,以习近平同志为核心的党中央把脱贫攻坚摆在治国理政的突出位置,作为全面建成小康社会的底线任务,组织开展声势浩大的脱贫攻坚战并取得全面胜利,完成消除绝对贫困的艰巨任务,创造了人类减贫史上的奇迹,走出了一条中国特色减贫道路,形成了中国特色反贫困理论。习近平同志围绕减贫脱贫发表的一系列重要论述,立足我国国情,把握减贫规律,是我国脱贫攻坚的理论结晶,是马克思主义反贫困理论中国化最新成果,对于巩固拓展脱贫攻坚成果、全面推进乡村振兴,推动实现全体人民共同富裕的现代化,携手建设远离贫困、共同繁荣的美好世界,具有十分重要的指导意义。(完)

图说:10月16日,中共中央总书记、国家主席、中央军委主席习近平在内蒙古自治区乌兰察布市考察。这是习近平在察哈尔右翼前旗的黄旗海自然保护区考察。 新华社记者 燕雁 摄

မူရင်းသတင်း — Xinhua Myanmar