Xinhua Myanmar

ယူကရိန်းအား ကူညီရန် ဂျာမနီဝန်ကြီးချုပ်၏ တောင်းဆိုချက်ကို ဆလိုဗက်ကီးယားနှင့် ချက်သမ္မတနိုင်ငံ ဝန်ကြီးချုပ်တို့က လူသိရှင်ကြား ဆန့်ကျင်ကန့်ကွက်

ဆလိုဗက်ကီးယားနိုင်ငံ ဘရာတစ်လာဗာမြို့ရှိ ဆလိုဗက်အမျိုးသားပြခန်းတွင် ကျင်းပသည့် ဆလိုဗက်ကီးယားနိုင်ငံနှင့် ချက်သမ္မတနိုင်ငံ အစိုးရတွေ့ဆုံပွဲအပြီး သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာသော ဆလိုဗက်ကီးယားနိုင်ငံ ဝန်ကြီးချုပ် Robert Fico (ယာဘက်) နှင့် ချက်သမ္မတနိုင်ငံ ဝန်ကြီးချုပ် Andrej Babis တို့ကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Xinhua/TASR/Martin Baumann)

ဘရာတစ်လာဗာ၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ)

ဆလိုဗက်ကီးယားနိုင်ငံ ဝန်ကြီးချုပ် Robert Fico နှင့် ချက်သမ္မတနိုင်ငံ ဝန်ကြီးချုပ် Andrej Babis တို့သည် နိုဝင်ဘာ ၁၀ ရက်တွင် ဆလိုဗက်ကီးယားနိုင်ငံ မြို့တော် ဘရာတစ်လာဗာ၌ ကျင်းပသည့် နှစ်နိုင်ငံအစိုးရ ပူးတွဲအစည်းအဝေးတွင် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံအားလုံးက ယူကရိန်း၏ ၂၀၂၇ ခုနှစ် ဘဏ္ဍာရေးလိုအပ်ချက်အား အတူတကွတာဝန်ယူပေးရမည်ဆိုသည့် ဂျာမနီနိုင်ငံဝန်ကြီးချုပ် Friedrich Merz ၏ အဆိုပြုချက်ကို လူသိရှင်ကြား ဆန့်ကျင်ကန့်ကွက်ခဲ့သည်။

ယင်းမတိုင်မီက Friedrich Merz သည် ယူကရိန်းအား ထောက်ခံအားပေးခြင်းသည် ဥရောပအုပ်စုလိုက် လုံခြုံရေးနှင့် သက်ဆိုင်သည့် ဘုံတာဝန်ဖြစ်ပြီး နိုင်ငံတစ်နိုင်ငံ၏ တာဝန်မဟုတ်ကြောင်း ဆိုခဲ့သည်။ ၎င်းက ယူကရိန်းနိုင်ငံ၏ ဘဏ္ဍာရေးလိုအပ်ချက်အား ဖြည့်ဆည်းပေးရာတွင် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံအားလုံး ခြွင်းချက်မရှိဘဲ ပါဝင်ရန် တောင်းဆိုခဲ့ပြီး သို့မဟုတ်ပါက ဂျာမနီနိုင်ငံအနေဖြင့် ဥရောပသမဂ္ဂ၏ နောက်တစ်ကြိမ် နှစ်ရှည်ဘတ်ဂျက် ဆွေးနွေးညှိနှိုင်းမှုကို တားဆီးလိမ့်မည်ဖြစ်ကြောင်း ဆိုခဲ့သည်။

Robert Fico က Friedrich Merz အဆိုပြုသော တောင်းဆိုချက်သည် “ခြိမ်းခြောက်ငွေညှစ်မှု” ပင်ဖြစ်ပြီး ဆလိုဗက်ကီးယားနိုင်ငံအနေဖြင့်  ယူကရိန်း၏ လာမည့်နှစ် ဘဏ္ဍာရေးလိုအပ်ချက် ဖြည့်ဆည်းမှုတွင် ပါဝင်မည်မဟုတ်သလို ဥရောပသမဂ္ဂက ထုတ်ပြန်နိုင်သည့် အသစ်တစ်ကြိမ် ယူကရိန်းအတွက် ငွေချေးပေးမှုတွင်လည်း ပါဝင်မည်မဟုတ်ကြောင်း အတိအလင်း ပြောကြားခဲ့သည်။

Andrej Babis က ဥရောပသမဂ္ဂ၏ အနာဂတ်ဘတ်ဂျက်မူကြမ်းတွင် ယူကရိန်းအတွက် ကူညီငွေ ပါဝင်ပြီးဖြစ်သဖြင့် ယူကရိန်းအပေါ် တစ်ဆင့်တိုးကူညီမှုနှင့် ဥရောပသမဂ္ဂ၏ နှစ်ရှည်ဘတ်ဂျက်အစီအစဉ်အား ချိတ်ဆက်ထားမှုကိုဆန့်ကျင်ကန့်ကွက်ကြောင်း ဆိုခဲ့သည်။ အဖွဲ့ဝင်နိုင်ငံများက သက်ဆိုင်ရာတာဝန်အား ထမ်းဆောင်လာစေရန် ဖိအားပေးခြင်းကို လက်မခံကြောင်း ၎င်းက အလေးထား ပြောကြားခဲ့သည်။ ဥရောပသမဂ္ဂအနေဖြင့် ယူကရိန်း ငြိမ်းချမ်းရေး ဆွေးနွေးညှိနှိုင်းမှုတွင် ပါဝင်ရန် မိမိကိုယ်စားလှယ် စေလွှတ်သင့်သည်ဟု Andrej Babis က အဆိုပြုခဲ့ပြီး “အမြဲ အမေရိကန်က ကျွန်တော်တို့ကို ကိုယ်စားပြုပြီး ဆွေးနွေးခိုင်းလို့ မဖြစ်ပါဘူး” ဟု ပြောကြားခဲ့သည်။

ယူကရိန်းဘက်၏ ခန့်မှန်းတွက်ချက်မှုအရ ၂၀၂၇ ခုနှစ် ယူကရိန်း ဘဏ္ဍာရေး လိုအပ်ချက်မှာ ယူရို ၇၀ ဘီလီယံခန့်ဖြစ်ပြီး ဥရောပသမဂ္ဂက ၎င်းအနက် ယူရို ၄၅ ဘီလီယံအား တာဝန်ခံပေးမည်ဟု ကတိပြုထားသည်။ (Xinhua)

---------------------

(Chinese Version)

斯洛伐克和捷克总理公开反对默茨援乌要求

新华社布拉迪斯拉发11月10日电(记者刘昊东 陈颖)斯洛伐克总理菲佐和捷克总理巴比什10日在斯首都布拉迪斯拉发举行的两国政府联合会议上,公开反对德国总理默茨要求欧盟所有成员国共同承担乌克兰2027年财政缺口的提议。  

默茨此前表示,支持乌克兰是事关欧洲集体安全的共同任务,而非个别国家的责任。他要求欧盟成员国无一例外地参与填补乌克兰明年的财政缺口,否则德国可能阻挠欧盟下一轮多年期预算谈判。  

菲佐称默茨所提要求是“勒索”,明确表示斯洛伐克不会参与填补乌克兰明年财政缺口,也不会加入欧盟可能推出的新一轮对乌贷款。  

巴比什表示,欧盟未来预算草案中已经包含援乌资金,反对把进一步援乌与欧盟长期预算安排捆绑。他强调,不接受通过施压迫使成员国承担相关义务。巴比什主张欧盟应派出自己的代表参与乌克兰和平谈判,“不能总是由美国人代表我们进行谈判”。  

据乌克兰方面估计,2027年乌克兰财政缺口约为700亿欧元。欧盟承诺承担其中450亿欧元。(完)

Photo Caption : Slovak Prime Minister Robert Fico (R) and Czech Prime Minister Andrej Babis attend a press conference following a meeting of the Slovak and Czech governments at the Slovak National Gallery in Bratislava, Slovakia, Nov. 10, 2026. (Xinhua/TASR/Martin Baumann)

မူရင်းသတင်း — Xinhua Myanmar