Yo Yar Lay

၈ နှစ်ကြာမှာ Ebenezer ရုပ်ရှင်ကားနဲ့ ပရိသတ်ရှေ့ပြန်ရောက်လာတဲ့ မင်းသားကြီး ဂျွန်နီဒက်ပ်

ဂျက်စပဲရိုးအဖြစ် မြန်မာပရိသတ်တွေ သိကြတဲ့ မင်းသားကြီး ဂျွန်နီဒက်ပ်က ရုပ်ရှင်ကားအသစ်နဲ့ ပရိသတ်ရှေ့ပြန်လည်ရောက်ရှိလာပါပြီ။ သူဟာ ရုပ်ရှင်အသစ်ဖြစ်တဲ့ “Ebenezer” မှာ အဓိကဇာတ်ကောင် Ebenezer Scrooge အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဂျွန်နီဟာ တနင်္လာနေ့က လန်ဒန်မြို့ရှိ Odeon Luxe Leicester Square မှာ ပြုလုပ်တဲ့ အဲ့ဒီရုပ်ရှင်ရဲ့ ပွဲဦးထွက်ပြသပွဲကို တက်ရောက်လာခဲ့ပါတယ်။ ဒါရိုက်တာ Ti West ရိုက်ကူးပြီး Charles Dickens ရဲ့ ၁၈၄၃ ခုနှစ်ထုတ် “A Christmas Carol” ဝတ္ထုကို ပြန်လည်ဆန်းသစ်ရိုက်ကူးထားတဲ့ “Ebenezer” ရုပ်ရှင်ဟာ ၂၀၁၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ “Fantastic Beasts: The Crimes of Grindelwald” ရုပ်ရှင်အပြီး ၈ နှစ်အကြာမှာ ဂျွန်နီ ပါဝင်တဲ့ ပထမဆုံးသော ဟောလိဝုဒ်ရုပ်ရှင်ကားကြီး ဖြစ်လာပါတယ်။

ဂျွန်နီက “Ebenezer” အပြင် ဒါရိုက်တာ Marc Webb ရဲ့သည်းထိတ်ရင်ဖိုဇာတ်ကားသစ်ဖြစ်တဲ့ “Day Drinker” မှာလည်း ပါဝင်ဦးမှာဖြစ်ပါတယ်။ “Ebenezer” ရုပ်ရှင်ကိုတော့ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။

Ref: Johnny Depp returns to Hollywood as Scrooge in ‘Ebenezer’

WL (ရိုးရာလေး)

မူရင်းသတင်း — Yo Yar Lay