
စင်ကာပူ၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ)
စင်ကာပူနိုင်ငံသည် အထူးသဖြင့် ပံ့ပိုးမှုအသင့်အတင့်လိုအပ်သည့် မသန်စွမ်းသူများကို အလုပ်ခန့်ထားသည့် အလုပ်ရှင်များအား ကူညီထောက်ပံ့ပေးရန်အတွက် ထောက်ပံ့ကြေးအစီအစဉ်သစ်အရ စင်ကာပူဒေါ်လာ သန်း ၃၀ ခန့် (အမေရိကန်ဒေါ်လာ ၂၃ သန်း) ကို ကနဦး ဘတ်ဂျက်အဖြစ် ခွဲဝေသတ်မှတ်မည်ဖြစ်သည်။
အလုပ်အကိုင်ရရှိရေးအတွက် ပိုမိုအားကောင်းသော အထောက်အပံ့ပေးသည့် ထောက်ပံ့ကြေးအစီအစဉ်သည် လက်ရှိရှိပြီးသား အထောက်အပံ့အစီအစဉ်များအပြင် အရည်အချင်းပြည့်မီသော အလုပ်ရှင်များအတွက် ပိုမိုများပြားသည့် ရန်ပုံငွေများကို ထပ်မံထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး Ong Ye Kung က နိုဝင်ဘာ ၁၀ ရက် က ပြုလုပ်သည့် အခမ်းအနားတစ်ခုတွင် ပြောကြားခဲ့သည်။
"စင်ကာပူနိုင်ငံမှာ မသန်စွမ်းသူတွေရဲ့ အလုပ်အကိုင်ရရှိမှုနှုန်းက တဖြည်းဖြည်း မြင့်တက်လာနေပါတယ်။ လက်ရှိအချိန်မှာ အလုပ်လုပ်ကိုင်နိုင်တဲ့ အသက်အရွယ်ရှိ မသန်စွမ်းသူတွေရဲ့ သုံးပုံတစ်ပုံကျော်ဟာ အလုပ်အကိုင် ရရှိထားကြပါတယ်။ ၂၀၃၀ ပြည့်နှစ်မှာတော့ ဒီနှုန်းထားကို ၄၀ ရာခိုင်နှုန်းအထိ ရောက်ရှိဖို့ ရည်မှန်းဆောင်ရွက်နေပါတယ်" ဟု ဝန်ကြီး Ong က ပြောကြားခဲ့သည်။
ဤအစီအစဉ်အတွက် ပထမအကြိမ် အဆိုပြုလွှာများ ခေါ်ယူခြင်းကို ယခုနှစ်ကုန်ပိုင်းတွင် စတင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
…………………
(English version)
Singapore sets aside 23 mln USD to support disability employment
SINGAPORE, Nov. 11 (Xinhua) -- Singapore will allocate an initial budget of about 30 million Singapore dollars (23 million U.S. dollars) under a new grant scheme to support employers hiring persons with disabilities, particularly those with moderate support needs.
The Stronger Support Enabling Employment Grant will provide higher funding for eligible employers on top of existing support schemes, Health Minister Ong Ye Kung said at an event on Tuesday.
"The employment rate of persons with disabilities has been rising steadily in Singapore. Today, just over a third of working-age persons with disabilities are employed here. We have set ourselves a target of 40 percent by 2030," Ong said.
The first call for proposals will be launched by the end of this year. ■
Photo caption: Fireworks light up the sky over Marina Bay during the National Day celebrations in Singapore, on Aug. 9, 2025. (Xinhua)