Xinhua Myanmar

ရွေးကောက်ပွဲ အပြောင်းအလဲအပေါ် လောင်းကြေးထပ်ခြင်း- အမေရိကန်သို့ သွားရောက်ရန် ဗဟိုအမေရိကမှ ရွှေ့ပြောင်းနေထိုင်သူ တစ်ထောင်ကျော် မက္ကဆီကိုသို့ ရောက်ရှိလာ

အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိ လွှတ်တော်အဆောက်အအုံကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ)

ဗဟိုအမေရိကမှ ရွှေ့ပြောင်းနေထိုင်သူ တစ်ထောင်ကျော်ဖြင့် ဖွဲ့စည်းထားသော အဖွဲ့တစ်ဖွဲ့သည် မကြာသေးမီက မက္ကဆီကို တောင်ပိုင်းသို့ ရောက်ရှိခဲ့ပြီး ဆက်လက်၍ မြောက်ဘက်သို့ ချီတက်ကာ အမေရိကန်နိုင်ငံအတွင်းသို့ ဝင်ရောက်ရန် ရည်ရွယ်ထားသည်။ အမေရိကန် ရီပက်ဘလစ်ကန်ပါတီသည် သက်တမ်းဝက်ရွေးကောက်ပွဲတွင် အကြီးအကျယ် ရှုံးနိမ့်ခဲ့ပြီးနောက် ဒီမိုကရက်တစ်ပါတီက လွှတ်တော်နှစ်ရပ်လုံးကို ထိန်းချုပ်ထားသည့် အခြေအနေတွင် အမေရိကန်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒ ပြေလျော့လာလိမ့်မည်ဟု လူအများက မျှော်လင့်နေခဲ့ကြရာ အမေရိကန်နိုင်ငံအတွင်းသို့ ဝင်ရောက်နိုင်ရေးအတွက် “စွန့်စားရန်” ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

ဤ ရွှေ့ပြောင်းနေထိုင်သူအဖွဲ့သည် နိုဝင်ဘာ ၈ ရက် ညနေပိုင်းတွင် မက္ကဆီကို တောင်ပိုင်း ချီယာပါစ်ပြည်နယ် တာပါချူလာမြို့သို့ ရောက်ရှိခဲ့ပြီး အချို့သည် ဟွန်ဒူးရပ်စ်နိုင်ငံအလံကို ကိုင်ထားကြပြီး အချို့သည် ဂွါတီမာလာနိုင်ငံအလံကို လည်ပင်းတွင် ချည်ထားကြကြောင်း AFP သတင်းဌာနက နိုဝင်ဘာ ၉ ရက် သတင်းတွင်ဖော်ပြခဲ့သည်။

အသက် ၂၅ နှစ်အရွယ် ဟွန်ဒူးရပ်စ်နိုင်ငံမှ ရွှေ့ပြောင်းနေထိုင်သူ မီဆာအယ်လ် ဘတ်စ်ကွဇ်က မီဒီယာများထံ ပြောကြားရာတွင် အမေရိကန် သက်တမ်းဝက် ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပါတီ အောင်ပွဲခဲ့ခြင်းသည် ၎င်းအတွက် မျှော်လင့်ချက် မြင်တွေ့စေခဲ့ပြီး “ဒါက ရွှေ့ပြောင်းနေထိုင်သူတွေအတွက် ကောင်းတဲ့ အရာတစ်ခု” ဖြစ်သောကြောင့် စွန့်စား၍ အမေရိကန်ထဲဝင်ရောက်ရန် ၎င်းက ဆုံးဖြတ်ခဲ့သည်။

အမေရိကန် ရီပက်ဘလစ်ကန်ပါတီသည် သက်တမ်းဝက် ရွေးကောက်ပွဲတွင် လွှတ်တော် အများစုနေရာ ဆုံးရှုံးခဲ့ပြီး အမေရိကန်-မက္ကဆီကို နယ်စပ် အဓိကပြည်နယ် ဖြစ်သော တက္ကဆက်ပြည်နယ်တွင်လည်း ကြီးမားသော ရှုံးနိမ့်မှုနှင့် ကြုံတွေ့ခဲ့သည်။ ရွေးကောက်ပွဲ မတိုင်မီ သဘောထားစစ်တမ်းများအရ မဲဆန္ဒရှင် အများအပြားသည် ထရမ့်အစိုးရ၏ တင်းမာသော ရွှေ့ပြောင်းနေထိုင်သူမူဝါဒကို မကျေနပ်ကြကြောင်း ဖော်ပြခဲ့သည်။

ဤ ရွှေ့ပြောင်းနေထိုင်သူအဖွဲ့သည် အမေရိကန်-မက္ကဆီကို နယ်စပ်သို့ ရောက်ရှိပြီး အမေရိကန်နိုင်ငံအတွင်းသို့ ဝင်ရောက်နိုင်သည့် ဖြစ်နိုင်ခြေ နည်းပါးသည်ဟု သုံးသပ်သူများက ယူဆကြသည်။ ယခင်က အလားတူ ရွှေ့ပြောင်းနေထိုင်သူအဖွဲ့များစွာသည် ချီယာပါစ်ပြည်နယ်တွင်ပင် မက္ကဆီကိုအာဏာပိုင်ဘက်၏ ကြားဖြတ်တားဆီးခြင်း ခံခဲ့ရကြောင်း သိရသည်။ (Xinhua)

...........................

(Chinese Version)

押注选举变局 逾千名中美洲移民抵墨欲赴美

新华社北京11月10日电 一支由超过1000名中美洲移民组成的队伍日前抵达墨西哥南部,打算继续北上入境美国。美国共和党在中期选举遭遇惨败后,不少人预期在民主党掌控国会两院的情况下,美国移民政策将放宽,从而决定为进入美国“赌一把”。

法新社9日报道,这支移民队伍8日晚间抵达墨西哥南部恰帕斯州塔帕丘拉市,一些人手持洪都拉斯国旗,还有人将危地马拉国旗系在脖子上。

现年25岁的洪都拉斯移民米萨埃尔·巴斯克斯告诉媒体,民主党在美国中期选举中获胜让他看到了希望,“这对移民来说是一件好事”,于是他决定冒险闯关。

美国共和党在中期选举中失去国会多数席位,在美墨边境关键州得克萨斯州也遭遇重大失利。选前民调显示,大量选民不满特朗普政府强硬的移民政策。

  • 分析人士认为,这支移民队伍抵达美墨边境并进入美国的可能性小。此前多支同类移民队伍往往在恰帕斯州就被墨方拦截。(杨舒怡)
  • 图说:这是11月3日在美国华盛顿拍摄的国会大厦。新华社记者 李睿 摄

မူရင်းသတင်း — Xinhua Myanmar