


တောင်တွင်းကြီး၊ နိုဝင်ဘာ ၁၁
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများသည် တောင်တွင်းကြီးမြို့နယ် ဥစားကြက်မွေးမြူရေးခြံ၊ စန်းသီရိဝါစက်နှင့် ဆီစက်လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေး ဆောင်ရွက်သည်။
ရှေးဦးစွာ တောင်တွင်းကြီးမြို့နယ် ခင်တဲအုပ်စု၊ ကျောင်းကုန်းကျေးရွာ ပိုင်ရှင်ဦးကျော်ဇင်ထွန်း၏ ဥစားကြက်မွေးမြူရေးခြံသို့ရောက်ရှိရာ မြေဧက(၄)ဧကပေါ်တွင် ဥစားကြက်ကောင်ရေ (၁၁၀၀၀) မွေးမြူထားပြီး ကာကွယ်ခြင်း၊ ကုသခြင်းအပိုင်းတို့အား စနစ်တကျဆောင်ရွက်မှု အခြေအနေများ၊ ကြက်ဥထုတ်လုပ်ရရှိမှုအနေဖြင့် တစ်ရက်လျင်လုံးရေ (၈၀၀၀) လုံးထွက်ရှိကာ ကြက်ဥတစ်လုံးမှာ ဈေးနှုန်း ၄၀၀ နှုန်းရောင်းရပြီး ကြက်ဥတစ်ရက် ရောင်းရငွေ (၃၂) သိန်းရရှိပြီး တစ်ရက်အစာကုန်ကျစရိတ် (၂၇) သိန်း၊ အထွေထွေနှင့်လုပ်သားစရိတ် (၂.၇) သိန်း၊ ထုတ်လုပ်မှုကုန်ကျစရိတ် (၂၉.၇) သိန်းဖြစ်ပြီး တစ်ရက်အကျိုးအမြတ်ရရှိမှုမှာ (၂.၃) သိန်းရရှိကာ ဈေးကွက်ဖြန့်ဖြူးမှုအနေဖြင့် တောင်တွင်ကြီးမြို့နယ်နှင့် မြို့သစ်မြို့နယ်တို့အား ဖြန့်ဖြူးတင်ပို့လျက်ရှိပြီး ထောက်ပံ့မှုအနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေရရှိကြောင်း ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းသည်။
ဆက်လက်၍ ပိုင်ရှင် ဦးသိန်းထွန်းဦး၏ စန်းသီရိဝါစက်နှင့် ဆီစက်လုပ်ငန်းသို့ရောက်ရှိကာ A အဆင့်ဝါဂွမ်း အရှည် ၃၆/၃၂ လက္မနှင့်အထက်၊ B အဆင့်ဝါဂွမ်းအရှည် ၃၄/၃၂ လက္မနှင့်အထက်၊ C အဆင့်ဝါဂွမ်းအရှည် ၃၄/၃၂ လက္မအောက် အဆင့်ခွဲခြားထားမှုအခြေအနေနှင့် ဝါစေ့မှ ဆီထုတ်ယူသည့် အခြေအနေတို့အား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး ဝါကြိတ်စက်ရုံလည်ပတ်မှု အခြေအနေအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
#News #Myanmar