Myanmar National Post

မြောက်ဥက္ကလာပမြို့နယ် ဆုတောင်းပြည့်‌မယ်လမုစေတီတော်ကြီးတွင် မြို့နယ်လုံးဆိုင်ရာမဟာပဋ္ဌာန်းကျမ်းမြတ်ရွက်ဖတ်ပူ‌ဇော်ပွဲကျင်းပ



မြောက်ဥက္ကလာပ၊ နို၀င်ဘာ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့၌ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးစီးကျင်းပသော ဆုတောင်းပြည့်မယ်လမုစေတီတော်၊ ဗုဒ္ဓေါအောင်မြေတွင် မြို့နယ်လုံးဆိုင်ရာ မဟာပဋ္ဌာန်းကျမ်းမြတ်ရွက်ဖတ်ပူ‌ဇော်ပွဲကို  ယနေ့ ညနေ ၅ နာရီ အချိန် ဆုတောင်းပြည့်မယ်လမုစေတီတော်ကြီး ၊ ဗုဒ္ဓေါအောင်မြေဘုရား တန်ဆောင်း၌  ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာအခမ်းအနားသို့ တက်ရောက်လာကြသောသြ၀ါဒ စာရိယ ဆရာတော်သံဃာတော်အရှင်သူမြတ်များ၊ ပင့် သံဃာတော်များ  ၊ မြို့နယ်စီမံခန့်ခွဲရေး နှင့် အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးမိုးသူ နှင့် အဖွဲ့၀င်များ ၊  မြို့နယ်အဆင့် ဌာနဆိုင်ရာများ ၊ စေတီတော်ကြီး ဂေါပက အဖွဲ့၀င်များ နှင့် ဧည့်ပရိတ်သတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ခဲ့ကြပြီး  ဩဝါဒါစရိယ ၊မဟာသဒ္ဓမ္မ‌ ဇောတိကဓဇ ၊ မဟာမင်္ဂလဓမ္မ ဇောတိကဓဇ ၊ ဘဒ္ဒန္တ ဣန္ဒက (ဓမ္မိဿရ ကျောင်း ဆရာတော်ကြီးမှ ရောင်ခြည် တော်ဖွင့် ဂါထာဖြင့် ဘုရားပင့် ပူဇော်ခဲ့သည်။ ထို့နောက် ဆရာတော် ဘဒ္ဒပညာသာမိ (သီရိမင်္ဂလာ ကျောင်း) ဆရာ တော်မှ နတ် ၊ ဗြဟ္မာများအား  ဂါထာပါး၍ဖတ်ကြားပြီး မြို့နယ်သံဃနာယက ဥက္ကဋ္ဌ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဇလွန်ပရိယတ္တိစာသင်တိုက်ဆရာ တော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။ ယင်းနောက်  ဇလွန်ပရိယတ္တိစာသင်တိုက် ဆရာ တော် ဘဒ္ဒန္တနာဂသေနက ပဋ္ဌာန်းတိုက်တွန်းနှိုးဆော်လွှာ ပဋ္ဌာန်းအမွမ်းဂါထာရွတ်ဖတ်ပူဇော်ခဲ့သည်။ 

ဆက်လက်၍ ပင့်သံဃာ တော် အရှင်သူမြတ်များ နှင့် ဧည့်ပရိသတ်များမှ ပဋ္ဌာန်းပစ္စယုဒေသ သုံးကြိမ်သံပြိုင်ရွတ်ဆိုပြီး ဆရာတော်သံဃာတော်အရှင်သူမြတ်များမှ အလှည့်ကျ  ဆရာတော်‌က ပဌာန်းဒေသနာမြတ်များအား ဆက်လက်ရွက်ဖတ်ပူဇော်လျက်ရှိရာ ၁၁-၁၁-၂၀၂၆ ရက် ညနေ ၅  နာရီ မှ ၁၆-၁၁-၂၀၂၆ ရက်နေ့  ညနေ ၅ နာရီအထိ မဟာကျမ်းမြတ်ပူဇော်ပွဲကို ကျင်းပပြုလုပ်မည်ဖြစ်သည်။


သက်လွင်စိုး 

#News #Myanmar

မူရင်းသတင်း — Myanmar National Post