Myanmar National Post

ကလောမြို့၌ ချောင်းရေများ ပြန်လည်ကျဆင်းသွားသည့်အတွက် စု‌ပေါင်းသန့်ရှင်းရေးဆောင်ရွက်


ကလော  ၊  နိုဝင်ဘာ ၁၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီးတောင်ကျရေများ စီးဆင်းမှုကြောင့် နိုဝင်ဘာလ ၁၀ ရက်‎နေ့တွင် ကလောချောင်းရေလျှံမှုဖြစ်ပွားခဲ့ပြီး ယနေ့နံနက်ပိုင်းမှစ၍‌ ချောင်းရေများ ပြန်လည်ကျဆင်းသွားသည့်အတွက် (ပလောင်‌ဈေးခေါ်) ပျံကျ ဈေးနေရာများအား တာဝန်ရှိသူများက စုပေါင်းသန့်ရှင်း‌ရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ထိုသို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် မြို့သန့်ရှင်းသာယာလှပစေရေးနှင့် ကလောမြို့ ပျံကျစျေးအမြန်ဆုံး ဖွင့်လှစ်နိုင်ရေးအတွက် ကလောခရိုင်၊ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ တို့ကြီးကြပ်မှုဖြင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးဌာန၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့နှင့် ဒေသခံပြည်သူများ စုပေါင်း၍ ပျံကျစျေးဖွင့်လှစ်မည့်နေရာတို့တွင် ရွှံ့နွံအမှိုက်များကို စက်ယန္တရားများနှင့် စုပေါင်းလူအင်အား တို့ဖြင့်စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျော်ဝင်း(ကလော)

https://t.me/MyanmarNationalPost

မူရင်းသတင်း — Myanmar National Post