
မိုင်းခတ် ၊ နိုဝင်ဘာ ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၌ စူပါအယ်လ်နီညိုကာလအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ဘေးအန္တရာယ်တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများကို မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက မြို့မဈေးအတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးလွင်မင်းပိုင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးဝေယံထွန်းနှင့် ဝန်ထမ်းများက ဈေးအတွင်းရှိ စားသောက်ဆိုင် ခန်းများတွင် မီးဖိုအသုံးပြုမှု အခြေအနေများ၊ မီးလောင်လွယ်သောပစ္စည်းများ သိုလှောင်ထားမှု ရှိ/မရှိနှင့် ဆိုင်ခန်းအတွင်း လျှပ်စစ်မီးသွယ်တန်းထားရှိမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး၍ လိုက်နာဆောင်ရွက်ရမည့် အချက်များကို အသိပညာပေး ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost